မြစ်ရေတင် စီမံကိန်းကြောင့် မြေယာလျော်ကြေး ရယူလို

မြစ်ရေတင် စီမံကိန်းကြောင့် မြေယာလျော်ကြေး ရယူလို
by -
မဇ္စျိမ

 မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် မြစ်ရေတင်စီမံကိန်းကြောင့် ကတောကျေးရွာနှင့် ရွာရှည်ကျေးရွာရှိ ယာမြေများပျက် စီးဆုံးရှုံးသွားသဖြင့် နစ်နာကြေး၊ သီးနှံလျော်ကြေး ရလိုကြောင်းကို တိုင်းအစိုးရထံ တင်ပြသွားမည်ဟု ဒေသခံများက ဆိုသည်။

အဆိုပါ ကျေးရွာများရှိ ကွင်းအမှတ် ၂၈၊၂၉ နှင့် ၃၃ အတွင်းရှိ ယာမြေဧက ၂၇၂ ဒသမ ၈၁ ကို ၂၀၀၉ ခုနှစ်တွင် ဆီမီးခုံ မြစ်ရေတင် စီမံကိန်းတွင် တာဘောင်များ ပြုလုပ်ရန်မြေများကို စက်ကြီးများနှင့် ထိုးယူ သောကြောင့် ယာမြေများပျက်စီးရခြင်း ဖြစ်သည်ဟု ဒီဇင်ဘာ ၁၆ ရက်က မန္တလေးမြို့၊ မဟာဝဇိတာရုံ ကျောင်းတိုက်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ၎င်းတို့က ပြောသည်။

Lands

အဆိုပါ မြစ်ရေတင် စီမံကိန်းသည် နွားထိုးကြီးမြို့နယ်တွင် ရေရရှိရေးနှင့် စိမ်းလန်းစိုပြည်ရေး အတွက် နိုင်ငံတော်အစိုးရက စီမံဆောင်ရွက်ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

“ကျွန်မတို့မြေက ကန်တွေ ဖြစ်နေပြီ ဘာမှစိုက်လို့ မရတော့ဘူး။ အခုက မြေသိမ်းတာ မဟုတ်ဘူး။ မြေ ဖျက်တာပါ။ အခုလက်မှတ်ထိုးပြီး အစိုးရအဖွဲ့တွေကို တင်ပြတိုင်ကြားဖို့ လုပ်နေပါတယ်” ဟု စီမံကိန်းကြောင့် မြေပါသွားသော ဒေါ်ပေါတင်က ပြောသည်။

အဆိုပါ မြစ်ရေတင်စီမံကိန်းပြုလုပ်ရန် မြေများအသုံးပြုခြင်းကြောင့် ချိုင့်ဝှမ်းများ ဖြစ်ပေါ်လျက်ရှိပြီး တောင်သူများ စိုက်ပျိုးရန် အခက်အခဲ ဖြစ်ပေါ်နေသည်ကို သက်ဆိုင်ရာ အစိုးရအဖွဲ့က အချိန်မီစိုက်ပျိုးနိုင် ရေး အတွက် မြေများ ပြန်လည်ညှိပေးရန်နှင့် နစ်နာကြေးများပေးရန် ဒေသခံများက လိုလားလျက်ရှိသည်။

“ကျွန်တော်တို့က မြေကိုစိုက်လို့ရ အောင်မြေအစား ပြန်ထည့်ပေးစေချင်တယ်။ အဲဒီလိုလုပ်မပေးနိုင်ဘူးဆို လည်းကာလပေါက်စျေးအတိုင်း နစ်နာကြေးရချင်ပါတယ်”ဟု ဦးညိုလေးက ပြောသည်။

အဆိုပါယာမြေများကို ဒေသခံတောင်သူ ၁၃၀ ဦးကျော်ပိုင်ဆိုင်ပြီး စိုက်ပျိုး၍ မရသဖြင့် စားဝတ်နေရေးခက် ခဲနေကြသည်ဟု ဆိုသည်။

ယင်းစီမံကိန်းစတင်ဆောင်ရွက်စဉ်က ပင်မြို့နယ်အုပ်ချုပ်ရေးမှူးရုံးသို့ အကြောင်းကြားခဲ့သော်လည်း ဆောင် ရွက်ပေးခြင်း မရှိကြောင်း ရှင်းလင်းပွဲတွင် ဒေသခံများက ပြောသည်။

Most read this week