ရှင်းလင်းခံခဲ့ရသည့် ကျူးကျော်တဲများ အနီး၌ သင်္ဘောလွန်းကျင်းဆောက်ရန် ပြင်ဆင်နေ

ရှင်းလင်းခံခဲ့ရသည့် ကျူးကျော်တဲများ အနီး၌ သင်္ဘောလွန်းကျင်းဆောက်ရန် ပြင်ဆင်နေ
by -
မဇ္စျိမ

မန္တလေးမြို့ရှိ ဂေါဝိန်ဆိပ်ကမ်းတွင် ပုဂ္ဂလိက သင်္ဘောလွန်းကျင်းတစ်ခု ပြုလုပ်နိုင်ရန်လုပ်ငန်းများ စတင်လုပ်ဆောင်နေ သည်ဟု မန္တလေး ကုန်တင်ရေယာဉ် ပိုင်ရှင်မျာ းအသင်းမှ ဒု-ဥက္ကဋ္ဌ ဦးဝင်းမောင်က ပြောသည်။

ယင်းကဲ့သို့ သင်္ဘောကျင်းတည်ဆောက် မည့်နေရာသည် နော်ဝေဘုရင်နှင့် မိဖုရား ဒီဇင်ဘာ ၅ ရက်တွင် မန္တလေးသို့လာရောက် မည်ဖြစ်၍ ကြိုတင်ရှင်းလင်းခံခဲ့ရသည့် ကျူးကျော်များနေထိုင်ရာနေရာ အနီးတွင် ဖြစ်သည်ဟု ၎င်းက ပြောသည်။

မန္တလေး ဂေါဝိန်ဆိပ်ကမ်းနေရာတွင် သင်္ဘောကျင်းဆောက်လုပ်ရန် မြေဧရိယာကို ဝင်းခတ်နေစဉ်။ (ဓာတ်ပုံ - ဘိုဘို၊ မဇ္ဈိမ)

အဆိုပါနေရာတွင် သင်္ဘောကျင်း တည်ဆောက်ရန် သက်ဆိုင်ရာကို ၂၀၁၃ ခုနှစ်ကတည်းက တင်ပြထားခဲ့ခြင်းဖြစ်ပြီး ဒီဇင်ဘာ ပထမ ပတ်အတွင်းမှ ၎င်းနေရာတွင် တည်ဆောက်ရန် ခွင့်ပြုချက်ရခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

“သင်္ဘောတွေ ပြုပြင်ဖို့အတွက် လွန်းကျင်းတစ်ခု လုပ်ဖို့ပါ။ အသစ်တည်ဆောက်မယ်။ အဟောင်း ပြုပြင်မယ်။ သက်ဆိုင်ရာကို လျှောက် လိုက်တော့ ဒီနေရာကို ချပေးပါတယ်။ စုပေါင်းပြီးတော့ လုပ်ကြမှာပါ။ လောလော ဆယ်ဒီနေစပြီး ၀င်းခတ်တာပါ။ အခု ကျွန်တော်တို့ လုပ်မယ့်နေရာက ကျူးကျော်တွေနေတဲ့ နေ ရာနဲ့ မဆိုင်ပါဘူး။ လွတ်ပါတယ်။ သင်္ဘောကျင်းလုပ်မယ့် ဧရိယာအတွင်းကနေ လွတ်ပါတယ်” ဟု မန္တလေး ကုန်တင်ရေယာဉ်ပိုင်ရှင်များ အသင်း ဒု-ဥက္ကဋ္ဌက ပြောသည်။

မန္တလေးတွင် အစိုးရဌာနပိုင်သင်္ဘော ကျင်းနှစ်ခုရှိသော်လည်း ယင်းသင်္ဘောကျင်းများသည် ဧရာဝတီမြစ် ရေနည်းချိန်တွင် အသုံးပြု၍ မရသဖြင့် ယခုတည်ဆောက်မည့် သင်္ဘောကျင်းကို အချိန်မရွေးအသုံး ပြုနိုင်သည့် သဘောင်္ကျင်းအဖြစ် တည်ဆောက်သွားမည်ဟု ဆိုသည်။

“သွားရင်းလာရင်းနဲ့ အန္တရာယ်ဖြစ်လာလို့ အသေးစားပြုပြင်စရာဆိုရင် ကမ်းနားမှာတင် ဆွဲတင်ပြီး ချက် ချင်းပြင်နိုင်မယ်။ အကြီးစားဖြစ် လို့ ပြင်ချင်ရင်လည်း ရမယ်” ဟု မန္တလေး ကုန်တင်ရေယာဉ်ပိုင်ရှင်များ အသင်းမှ အတွင်းရေးမှူး ဦးမြအောင်က ပြောသည်။

အဆိုပါ ပေ ၄၀၀ ကျော် အကျယ်အဝန်းပေါ်တွင် တည်ဆောက်မည့် သင်္ဘောလွန်းကျင်း နေရာသည် ရှင်းလင်းခံရပြီး ပြန်လည်နေထိုင်လျက် ရှိသည့် ကျူးကျော်တဲများရှိရာနေရာနှင့် နီးကပ်စွာ တည်ရှိနေ၍ နေရာ တိုးချဲ့တည်ဆောက်လာမည်ကို စိုးရိမ်နေကြသည်ဟု ရှင်းလင်းခံခဲ့ ရသည့် ကိုငွေစိုးက ပြောသည်။

Most read this week