မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး အပြည့်အဝ ဖော်ဆောင်နိုင်ရန် ကြိုးစားရန်လိုကြောင်း EU သံအမတ် ပြော

မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး အပြည့်အဝ ဖော်ဆောင်နိုင်ရန် ကြိုးစားရန်လိုကြောင်း EU သံအမတ် ပြော
by -
မဇ္စျိမ

မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး အပြည့်အဝ ဖော်ဆောင်နိုင်ရန် အတွက် ကြိုးစားရန် လိုအပ်နေသေးကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ ဥရော ပသမဂ္ဂ သံအမတ်ကြီး Mr.Roland Kobia က ဒီဇင်ဘာလ ၁၀ ရက်တွင် ကျရောက်သော အပြည်ပြည် ဆိုင်ရာ လူ့အခွင့်ရေး နေ့ပွဲတွင် ပြောကြားလိုက်သည်။

၎င်းက ရန်ကုန်မြို့၊ M3 စားသောက်ဆိုင်တွင် ပြုလုပ်သည့် လူ့အခွင့်အရေး ကာကွယ်မြှင့် တင်သူများ အဖွဲ့မှ ကျင်းပသည့် ၆၆ နှစ်မြောက် နိုင်ငံတကာ လူ့အ ခွင့် အရေးနေ့ အခမ်း အနားတွင် ပြောကြား လိုက်ခြင်းဖြစ်သည်။

Mr.Roland Kobia က "မြန်မာနိုင်ငံမှာ လူ့အခွင့် အရေးကို အပြည့်အဝ ဖော်ဆောင် နိုင်ဖို့ များစွာကြိုးစားဖို့ ကျန်နေ ပါသေးတယ်။ ဥရောပသမဂ္ဂ ကလည်း ကိုယ်ချင်းစာပါတယ်။ လူ့အခွင့်အရေးကို အလေးထား ကာကွယ်ဖို့ ကူညီရန် ဥရောပသမဂ္ဂက ဆန္ဒရှိပါတယ်"ပြောသည်။

ယင်းအပြင် နိုင်ငံတကာနှင့် ဥရောပသမဂ္ဂက မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး တိုးတက်ရန် ဘဏ္ဍာရေးကို အထောက် အပံ့ပေးလျက်ရှိပြီး ငွေကြေး အထောက် အပံ့များ ထပ်မံ ပေးသွားရန်ရှိ သည်ဟုလည်း ၎င်းက ပြောသည်။

မြန်မာနိုင်ငံအနေဖြင့် လူ့အခွင့်အရေး၏ အခြေခံဖြစ်သည့် လွတ်လပ်စွာ ထုတ်ဖော်ပြော ကြားခွင့်နှင့် စီတန်း လှည့်လည် ခွင့်များကို အထူးအလေး ထားရန် လို သည်ဟု အဆိုပါ ပွဲသို့ တက်ရောက်လာသည့် ဥရောပ၊ အမေရိကန်၊ ကုလသမဂ္ဂ စသည့် အဖွဲ့အစည်းများမှ အရာရှိများက ပြောကြားလိုက်သည်။

အမေရိကန်သံရုံး၊ နို်င်ငံရေးအရာရှိ မစ္စစ် သူငွင် (Mrs.Thu Nguyen) က မြန်မာနိုင်ငံတွင် လွတ်လပ်စွာ ထုတ်ဖော် ပြောကြားခွင့် ပေးရန်၊ မြေယာသိမ်း ဆည်း ခံရ ခြင်းများကို စောလျင်စွာ ဖြေရှင်းပေးရန်၊ ပဋိပက္ခများကို ထိရောက်စွာ တားဆီးနိုင်ရန် နှင့် လူ့အခွင့်အရေးကို အပြည့်အဝ ဖော်ထုတ်ပေးရန် အစိုးရတွင် တာဝန်ရှိ သည်ဟု ပြောသည်။

၎င်းက " လွတ်လပ်စွာထုတ်ဖော်ပြောကြားခွင့်နဲ့ စီတန်းလှည့် လည်ခွင့်အတွက် တိုက်ပွဲဝင် နေသူတွေ ဖိနှိပ်ခံ နေရတာတွေ၊ အာဏာ အလွဲသုံး စားမှုကို ဖော် ထုတ်ရေးသားနေတဲ့ သတင်းထောက်တွေ ဖမ်းဆီးခံနေရခြင်းတွေကို အမေရိကန်နိုင်ငံကအထူးစိုးရိမ် နေပါတယ်။ရေးဆွဲထားတဲ့ ဥပဒေတွေမှာလူ့အခွင့်အရေး ကိုပါအောင် ထည့်သွင်းရေး ဆွဲသင့်ပါတယ်" ဟုပြောသည်။

အဆိုပါ ပွဲသို့ မြန်မာနို်င်ငံ ဆိုင်ရာ ဥရောပသမဂ္ဂ သံအမတ်ကြီး၊ ကုလသမဂ္ဂ လူ့အခွင့် အရေးဆိုင်ရာ မဟာမင်းကြီးရုံး၊ လူ့အခွင့် အရေးဆိုင်ရာ အရာရှိ၊ အမေရိ ကန်သံရုံး၊ နိုင်ငံရေး အရာရှိ၊ ဟောင်ကောင်အခြေစိုက် အာရှ လူ့အခွင့် အရေးကော်မရှင် (AHRC ) နှင့် မြန်မာနိုင်ငံရှိ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများ အဖွဲ့နှင့် ပြည်တွင်း၊ ပြည်ပလူ့အခွင့်အရေးလှုပ်ရှားနေသူများက မြန်မာနိုင်ငံ၏ နေ့စဉ်တိုင်းတွင် လူ့အခွင့်အရေးကို အပြည့်အဝ ပေးအပ် ရန်အတွက် လည်းအ စိုးရကို တိုက်တွန်း လိုက်သည်။

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး၊ လူ့အခွင့်အရေးဆိုင်ရာ အရာရှိ ဒဲယ်နီရယ်လ် ကိုယ်လင်း( Mr.Daniel Collinge)ကလည်း "လူထုဆန္ဒကို မျက်ကွယ်ပြုရေးဆွဲထားတဲ့ ဥပဒေတွေရှိနေသ၍ ဆန္ဒပြပွဲတွေ၊ တောင်းဆိုမှုတွေ ဆက်တိုက်ဖြစ်ပေါ်နိုင်ပါတယ်။ လူထုခံစားနေရတဲ့ ဒုက္ခတွေကို အာဏာရှိသူ ပါဝါရှိသူတွေက ကြားနာသင့်ပါတယ်"ဟုပြောသည်။

အဆိုပါ အခမ်းအနားသို့ ဟောင်ကောင်အခြေစိုက် အာရှလူ့အခွင့်အရေးကော်မရှင် (AHRC ) ကလည်း သဝဏ်လွှာပေးပို့ခဲ့ပြီး " မြန်မာနိုင်ငံတွင် ကာလရှည် ကြာဖိနှိပ် မှုကို တွန်းလှန်လျက် ရှိနေသည်ကို တွေ့မြင်နေ ရသည့် အပြင် စစ်တပ်နှင့် ရဲတပ်ဖွဲ့၏ သတ်ဖြတ်ခြင်းခံရသူများအတွက် တရားမျှတမှု ရရှိရေး အ တွက် တောင်းဆိုနေသူများ၊ အဂတိလိုက်စားမှု နှင့် အာဏာအလွဲသုံးစားမှုကို ဖော်ထုတ်သည့် အတွက် လွတ်လပ်မှု ဆုံးရှုံးရနိုင်သော သတင်းထောက် များကို လည်း တွေ့မြင်နေရသည်"ဟု ရေးသားထားသည်။

လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့ကလည်း အစိုးရသစ်နှင့် မြန်မာနိုင်ငံလူ့အခွင့်အရေး အခြေအနေ အမည်ရှိ အစီရင်ခံစာကို ထုတ်ပြန်လိုက်ပြီး လွှတ်တော်ကိုယ်စားလှယ်များ ပြည်သူလူထုနှင့် ထိတွေ့ဆက်ဆံမှု အားကောင်း လာအောင် လုပ်ဆောင်ရန်၊ ၂၀၀၈ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို အခြေခံ လူ့အ ခွင့်အရေး စံချိန်စံနှုန်းများ နှင့်အညီ ထည့်သွင်းရေးဆွဲရန်၊ တိုင်ကြားသူများ၏ လုံခြံုမှုကို အာမခံပေးရန်၊ လူ့အခွင့်အရေးများနှင့် မကိုက်ညီသည့် ဥပဒေ များကို သုံးသပ်ပြင်ဆင်ရန်၊ ရဲသင်တန်းကျောင်း၊ ဥပဒေကျောင်းများတွင် လူ့အခွင့်အရေးကို မသင်မနေရ ထည့်သွင်း သင်ကြား ပေးရန် အကျဉ်းထောင် အသီးသီးတွင် ကျန်ရှိနေသည့် နိုင်ငံရေးအကျဉ်းသားများကို ချွင်းချက်မရှိ လွှတ်ပေးရန် စသည့် အချက်များဖြင့် အကြံပြုထားသည်။

Most read this week