၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် အရပ်ဘက် အဖွဲ့အစည်းများ ပါဝင်လာနိုင်ရေးနှင့် ပတ်သက်သည့် အလုပ်ရုံဆွေးနွေးပွဲ တစ်ခုကို ရန်ကုန်မြို့ရှိ Summit Park view ဟိုတယ် တွင် ဒီဇင်ဘာ ၄ ရက်နှင့် ၅ ရက်တို့တွင် ပြုလုပ်သွားမည်ဟု အလုပ်ရုံ ဆွေးနွေးပွဲကို စီစဉ်သည့် ပဏ္ဍိတဖွံ့ဖြိုးရေး အင်စတီကျုမှ Program Officer ကိုဖြိုးတင်ဦးက မဇ္စျိမကို ပြောသည်။
ကိုဖြိုးတင်ဦးက“ ဒီပွဲကနေပြန်သွားတဲ့ အချိန်ကျရင် သူတို့သက်ဆိုင်ရာ ဒေသအသီးသီးမှာ သူတို့ လုပ်လို့ရတဲ့ လှုပ်ရှားမှုမျိုးတွေလုပ်မယ်” ဟု ပြောသည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် ပြည်နယ်နှင့်တိုင်းဒေသကြီးများရှိ အရပ်ဘက်အဖွဲ့အစည်းများ တက်ရောက်မည် ဖြစ်ပြီး Kachin Women union, Dawei Development Association၊ ဧရာဝတီ ဒေသမှ အလင်းတန်း၊ ရခိုင်ဒေသမှ အိုင်ရက္ခ၊ မွန်ဒေသမှ CSO Network အစရှိသည့် အရပ်ဘက်အဖွဲ့ အစည်းများပါ၀င်မည်ဖြစ်သည်။
ယင်းဆွေးနွေးပွဲတွင် နိုင်ငံတကာပညာရှင် တစ်ဦးနှင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ တာဝန်ရှိသူများ ပါဝင်ဆွေးနွေး သွားမည်ဖြစ်သည်။
နိုင်ငံတကာ ပညာရှင်က ၎င်းတို့နိုင်ငံ၏ အတွေ့အကြံုကို ဝေမျှ၍ မြန်မာပြည်တွင် မည်သို့လုပ်ဆောင်နိုင်သည်ကို အရပ်ဘက် အဖွဲ့အစည်းများသို့ ဆွးနွေးသွားမည်ဖြစ်သည်။
ကိုဖြိုးတင်ဦးက “အရပ်ဘက် အဖွဲ့အစည်းတွေ သူတို့ဘာလုပ်မယ်ဆိုတာ ဆွေးနွေးပြီး အဲဒီက အဖြေတစ်ခု ထွက်လာလိမ့်မယ်” ပြောသည်။