ကလေးစစ်သား အယောက်ရှစ်ဆယ် ပြန်လွှတ်

ကလေးစစ်သား အယောက်ရှစ်ဆယ် ပြန်လွှတ်
by -
မဇ္စျိမ

တပ်မတော်တွင် တာဝန်ထမ်းဆောင်နေသော အသက်မပြည့်သေးသည့် ကလေးစစ်သား ရှစ်ဆယ်ဦးကို နိုဝင်ဘာ ၂၄ ရက်တွင် အမှတ် (၁) စစ်ကြောရေးနှင့် တည်းခိုရေးစခန်း၌ အခမ်းအနားပြုလုပ်၍ ပြန်လွှတ်ပေးခဲ့သည် ဟု ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (Unicef) မြန်မာက သတင်းထုတ်ပြန်သည်။

တပ်မတော်က အသက်၁၈ နှစ်အောက် လူငယ် ၈၀ ဦးကို စစ်တပ်မှ နုတ်ထွက်ခွင့်ပြုလိုက်ပြီး နိုင်ငံသားစိစစ်ရေး ကဒ်များကိုလည်း ထုတ်ပေးခဲ့သည်။

Child-Solider

Unicef  မြန်မာက မြန်မာပြည်ဆိုင်ရာ တာဝန်ခံဦးရဲလွှင်က “ပြန်လွှတ်ပေးပြီး မိဘတွေဆီအပ်နှံခဲ့တာပါ"ဟု ဆိုသည်။

ယခုအကြိမ်သည် ရှစ်ကြိမ်မြောက် လွှတ်ပေးခြင်းဖြစ်ပြီး မြန်မာစစ်တပ်မှ ကလေး ၅၅၃ ဦးကို ပြန်လည် လွှတ်ပေးခဲ့ပြီးဖြစ်သည်။

၂၀၁၂ ခုနှစ်ဇွန်လ အတွင်းက စတင်၍ ကုလသမဂ္ဂနှင့် မြန်မာအစိုးရတို့ ပူးတွဲလုပ်ငန်းစီမံချက်ဖြစ်သည့် ကလေးစစ်သားများကို တပ်မတော်မှ နုတ်ထွက်ခွင့် ပြုခဲ့့သည်။

စစ်တပ်ထဲတွင် ကလေးစစ်သား မည်မျှရှိသည်ကို တပ်မတော်က ထုတ်ပြန်ထားခြင်းမရှိဘဲ Unicef မြန်မာနှင့်  ပူးပေါင်းဖော်ထုတ်မှု များ၏ တွေ့ရှိချက်များကိုသာ ပြန်လွှတ်ပေးခြင်းဖြစ်သည်။

ပြည်တွင်းစစ်များဖြစ်ပွားခြင်းကြောင့် စစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များကြား ကလေးစစ်သား စုဆောင်းခြင်းများရှိခဲ့ပြီး လက်နက်ကိုင်တပ်ဖွဲ့ အချို့တွင်လည်း ကလေးစစ်သားများ ရှိနေသေးသည်ဟု Unicef  မြန်မာက ဆိုသည်။