ပုဒ်မ ၄၃၆ ပြင်ရေး ရအောင်ညှိမည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား

ပုဒ်မ ၄၃၆ ပြင်ရေး ရအောင်ညှိမည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား
by -
မဇ္စျိမ

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး နည်းလမ်းပါ ပုဒ်မ ၄၃၆ ပြင်ဆင်ရန် အခက်အခဲများ ရှိနေသော်လည်းရအောင် ညှိနှိုင်းသွားမည်ဟု ဒေါ်အောင်ဆန်းစုကြည်က နိုဝင်ဘာ ၂၃ ရက် ဗီအိုအေ သတင်းဌာနနှင့် အင်တာဗျူးတွင် ပြောသည်။

“ကျွန်မတို့ ဒီအလုပ် စလုပ်ကတည်းက လွယ်နိုင်မယ်လို့တော့ ဘယ်တုန်းကမှ မသုံးသပ်ခဲ့ပါဘူး။ ဖြစ်နိုင် မယ်ဆိုတာတော့ အဓိကယုံကြည်ပါတယ်။ ဘယ်တော့ဖြစ် မယ်ဆိုတာတော့ ဒီဟာကaမးခွန်းရှိတာ ပေါ့ aနာ်၊ အနှေးနဲ့အမြန်ပေါ့။ ဒါပေမဲ့ မြန်လေလေ နိုင်ငံအတွက် ကောင်းလေလေပဲ။ ဘာဖြစ်လို့လဲဆိုတော့ ပြင် ဖိုလိုတဲ့ကိစ္စတွေကို မြန်မြန်ပြင်ရဲတဲ့သတ္တိရှိရမယ်။ မြန်မြန် ပြင်နိုင်တဲ့ အရည်အချင်း ကျွန်မတို့မှာအား လုံး လိုတယ်။ အဲဒီတော့ မြန်လေ၊ တိုင်းပြည်မနာလေပဲ” ဟု ၎င်းကဆိုသည်။

SK-and-Media-Encounter

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ညှိနှိုင်းရန် အစဉ်တစိုက်တောင်းခံခဲ့ပြီး နိုင်ငံရေးအရ အဖြေရာရန် ဆွေးနွေး၊ ညှိ နှိုင်း၊ တိုင်ပင်ရမည်ဆိုသည့်မူပေါ် အခြေခံကာ ရပ်တည်ခဲ့သည်ဟု ဒေါ်အောင်ဆန်းစုကြည် က ပြောသည်။

ယင်းအပြင် ကာကွယ်ရေးဦးစီးချုပ်က တွေ့ဆုံရန် ငြင်းဆန်နေသည့် လေးပွင့်ဆိုင်တွေ့ဆုံရန်၎င်းက တောင်းဆိုနေရခြင်းသည် ပြဿနာများ ပြေလည်စေရန် ကြိုတင်ဆောင်ရွက်ခြင်းဖြစ်သည်ဟုလည်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဆိုထားသည်

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်နိုင်ရန် အဓိကကျသည့် ပုဒ်မဖြစ်သည့် ပုဒ်မ ၄၃၆ကို တပ်မတော် က ကာကွယ်စောင့်ရှောက်သွားမည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ဗီအိုအေနှင့်တွေ့ဆုံစဉ် ထပ်မံပြောကြားထားသည်။ ပုဒ်မ ၄၃၆ အပြင် သမ္မတအရည် အချင်းသတ်မှတ် ချက် ပုဒ်မ ၅၉(စ)ကိုလည်း ပြင်ဆင်ရန် မရှိသေးဟု ကာ/ချုပ်က ဆိုသည်။

ကာ/ချုပ်၏ ပြောဆိုချက်များကို နိုင်ငံရေးသမားများနှင့် နိုင်ငံရေးလေ့လာသူများက ယင်းသည် လက်ရှိသွားနေသည့် ဒီမိုကရေစီ လမ်းကြောင်းကို သွေဖည်နေခြင်းဖြစ်သည်ဟု ဝေဖန်ထားသည်။