ရေကြည်မြို့နယ်၊ တိုင်းကိုယ်စားလှယ် ဒေါက်တာလှမြတ်သွေးက ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ ငရုပ် ကောင်းဒေသ တွင်ကျောက် မီးသွေး လျှပ်စစ်ဓာတ်အားပေး စက်ရုံတည် ဆောက်ရန်လျာထားခြင်း ကို ပြန်လည် သုံးသပ်သင့်ကြောင်း အဆိုတင်သွင်းခဲ့သော်လည်းမှတ်တမ်းအဖြစ်သာထား ရှိရန် တိုင်းလွှတ်တော် က နိုဝင်ဘာ ၁၄ ရက်တွင် ဆုံးဖြတ်သည်။
“ကျွန်မတို့ ကျောက်မီးသွေး စက်ရုံမှ တည်နိုင်မှာလား။ ရခိုင်ကနေ မဟာဓာတ်အားလိုင်းနဲ့ ချိတ်ပြီး ဒီနေရာကို ယူနိုင်တယ်။ အချက်ခိုင်ခိုင်မာမာရှိတယ်။ ဘယ် လိုပဲဖြစ်စေ အဆိုရှုံးသွားတာမဟုတ်ဘဲ မှတ်တမ်းတင် ထားတဲ့အဆင့်မှာ ရှိပါတယ်”ဟု ဒေါက်တာ လှမြတ်သွေးက ပြောသည်။
ဧရာဝတီတိုင်းဝန်ကြီးချုပ် ဦးသိန်းအောင်က “ဒေသခံများ ကန့်ကွက်ရင် ဘယ်လုပ်မလဲ။ သက်သာ တာပေါ့ ဒေသခံတွေကို နားလည်အောင် ရှင်းပြမယ်။ ဒေသ ခံတွေအနေနဲ့က လက်မခံ တော့ဘူးဆိုရင် မလုပ်ပါဘူး။ နားလည်အောင်တော့ ရှင်းပြမှာပါ၊ အဆိုတင်တာ စောမလားလို့၊ လွှတ်တော်မှာ အချက်အလက်စုံ လို့ တင် ပြရင် ၀ိုင်းဝန်းဆွေးနွေးလိုက်ရင် ပြီးသွားတာပေါ့” ဟု မီဒီယာများကို ပြောသည်။
အဆိုနှင့်ပတ်သက်ပြီး မြောင်းမြမြို့နယ် ကိုယ်စားလှယ် ဦးပြုံးချိုက “လျှပ်စစ်မီးမရှိမှာကို ငရုပ်ကောင်း ဒေသ ခံတွေက စိုးရိမ်နေတယ်။ တစ်မြို့နယ်လုံးတော့ မသိဘူး။ ကျွန်တော်နဲ့တွေ့တဲ့ ဆယ်ယောက်လောက် က ပြောတာပါ ”ဟု ပြောသည်။
ကျောက်မီးသွေးစက်ရုံ တည်ဆောက်ရန် အိန္ဒိယနိုင်ငံမှ TaTa power နှင့် နားလည်မှု စာချွန်လွှာကို ၂၀၁၃ ခုနှစ်တွင် ရေးထိုးထားပြီး၊ ဂျပန် နိုင်ငံမှJapan Consortium Group နှင့် မြန်မာနိုင်ငံမှ ဗA 1 Energy Co. Ltd. တို့ကလည်း နားလည်မှုစာချွန်လွှာရေး ထိုးထားသည်။
Ta Ta power က လျှပ်စစ်ဓာတ်အား ရ၀၀ မဂ္ဂဝပ်ထွက်ရှိမည့် စက်ရုံလေးရုံတည်ဆောက်ရန် မြေအကျယ် ဧက ၅၀၀ ကျော် လိုအပ်ပြီး ဂျပန် မြန်မာကုမ္ဂဏီတို့ ပူးပေါင်းဆောက်လုပ်မည့် ၃၀၀ မဂ္ဂဝပ် စက်ရုံနှစ်ရုံ တည်ဆောက်ရန် မြေဧက ၂၀၀ တွင် တည်ဆောက်မည်ဖြစ်သည်။
ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ငရုပ်ကောင်းမြို့တွင် ကျောက်မီးသွေး စက်ရုံများ လာတည်ဆောက်မည်ကို ငရုပ်ကောင်းမြို့ရှိ ဒေသခံပြည်သူများ သဘောမ တူကြောင်း စက်တင်ဘာ ၁၃ရက်တွင် ငရုပ်ကောင်းမြို့၊ ဓမ်္မိကာ ရုံကျောင်းတိုက်တွင် အဆင့်မြင့်နည်းပညာသုံး ကျောက်မီးသွေးလျှပ်စစ် ဓာတ်ပေးစက်ရုံ တည် ဆောက်ရေးစီမံကိန်း ပြည်သူလူထုနှင့် တွေ့ဆုံဆွေးနွေးပွဲတွင် တိုင်းအစိုးရအဖွဲ ့နှင့် တည်ဆောက်မည့် ကုမ္ပဏီများကို ဒေသခံများ ပြောဆိုခဲ့သည်။