ပြည်သူ့မျက်နှာမကြည့်ဘဲ အာဏာနှင့် ပါတီကောင်းကျိုးအတွက်သာ ရှေ့တန်းတင်တတ်သူ ဖြစ်ပါက ထိုသူကို ရွေးကောက်ပွဲတွင် မဲမပေးရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောဆိုလိုက်သည်။
“ဘယ်ပါတီကပဲဖြစ်ဖြစ်၊ ဘယ်သူပဲဖြစ်ဖြစ်၊ ပြည်သူကိုတန်ဖိုးမထားဘူး။ ပြည်သူကို မလေးစားဘူး။ ကိုယ့်ရဲ့အာဏာအတွက်၊ ကိုယ့်ရဲ့ပါတီကောင်းကျိုးအတွက်ပဲ စဉ်းစားတဲ့ပုဂ္ဂိုလ်တွေ ထွက်ပေါ်လာပြီဆို ရင်တော့ ပြည်သူလူထုက ရွေးကောက်ပွဲ မှာ ကောင်းကောင်းလေး ဒဏ်ခတ်လိုက်ကြပါလို့ ကျွန်မက တိုက်တွန်းချင်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
နိုဝင်ဘာလ ၈ရက်နေ့က ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ ကယားဒေးကွင်းတွင် တက်ရောက်လာ သည့် သောင်းဂဏန်း(မဇ္ဈိမ၏ တွက်ဆချက်အရ)ချီသည့် ဒေသခံတိုင်းရင်း သား ပြည်သူများ အနက် ဒေသခံ အမျိုးသမီးတစ်ဦး၏ မေးမြန်မှုအပေါ် ဒေါ်အောင်ဆန်းစုကြည်က အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ် သည်။
အဆိုပါ ဒေသခံအမျိုးသမီးက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အနေဖြင့် အာဏာရရှိသွားပါက မြန်မာနိုင်ငံ သည် အာဏာရ၊ အာဏာရှင် ဒီမိုကရေစီနိုင်ငံတစ်ခု ဖြစ်သွားမည်လားဟု မေးခွန်းထုတ်ခဲ့ခြင်းဖြစ်သည်။
NLDပါတီအတွင်း အာဏာရှင်ဆန်သူများရှိပါကလည်း အထက်ပါအတိုင်း ဒဏ်ခတ်ရန် NLDဥက္ကဋ္ဌ ဒေါ်အောင် ဆန်းစုကြည်က ပြောဆို ခဲ့သေးသည်။
“အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ထဲက အာဏာရှင်ဆန်တဲ့ ပုဂ္ဂိုလ်တွေပေါ်လာလို့ရှိရင် မဲမပေးနဲ့” ဟု ၎င်းက ဆိုသ ည်။
ထို့ပြင် အာဏာရှင်စနစ်ဖြင့် အုပ်ချုပ်သူများမရှိစေရန် ရာထူးနှင့် အရည်အချင်းကို ခွဲခြားပြီး လေးစား ရန် ပြည်သူ လူထုအပေါ်တွင်လည်း မူတည်နေသည်ဟု ၎င်းက တိုက်တွန်းခဲ့သေးသည်။
“ရာထူးကြည့်ပြီး လေးစားနေမယ်ဆိုရင် အဲ့လိုရာထူးနဲ့ အာဏာကိုရစ်မူးတဲ့ ခေါင်းဆောင်တွေပေါ်လာမှာပဲ” ဟု ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ယခုအကြိမ် ကယားပြည်နယ်ခရီးစဉ်သည် သူမ၏ သက်တမ်းအတွင်း သုံးကြိမ်မြောက်ဖြစ်ပြီး ပထမအကြိမ်အဖြစ် လောပိတရေးအားလျှပ်စစ် စီမံကိန်း ဖွင့်ပွဲတွင်ဖြစ်ကာ ဒုတိယအကြိမ်တွင်မူ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲမတိုင်မီ တစ်နှစ်အလိုက ကယားပြည်နယ်ခရီးစဉ်အစဉ် အဖြစ် ရောက်ရှိခဲ့သည်။