အာဆီယံထိပ်သီး အစည်းအဝေး ကျင်းပမည့်ရက်များတွင် နေပြည်တော်ရှိ MICC-1 နှင့် MICC-2 တည် နေရာနှင့်နီး သော လမ်းကျယ်များနှင့် အထူးဧည့်သည်များ သွားလာမည့် လမ်းမကျယ်အချို့ နို၀င်ဘာ ၈ ရက်မှ ၁၅ ရက်အထိ ရက်သတ္တတစ်ပတ်ခန့်ယာဉ်ကြီးများအား ဖြတ်သန်း ခွင့် ပိတ်ပင်ထားမည်ဖြစ်သည်။
ယာဉ်ထိန်းရဲတပ်ဖွဲ့ အဆင့်မြင့်အရာရှိ တစ်ဦးက “မလိုလားအပ်တဲ့ယာဉ်အန္တရာယ်တွေ မဖြစ်အောင် ရယ်၊ နောက်တစ်ခုက လုံခြံုရေးအတွက်ကြောင့် အစည်း အဝေး ကျင်းပတဲ့ရက်တွေပဲ ခဏပိတ်တာပါ”ဟု မဇ္ဈိမ သို့ ပြောသည်။
သို့ရာတွင် မော်တော်ဆိုင်ကယ်နှင့် အိမ်စီးကားများကိုမူ ပုံမှန်အတိုင်းသွားလာ ခွင့်ပြုထားပြီး ခရီးသည် တင်ယာဉ်များ၊ ကုန်တင်ယာဉ်များနှင့်လုပ်ငန်းသုံးယာဉ် ကြီးများကိုသာ ကန့်သတ်ထားခြင်းဖြစ်သည်။
ယင်းကဲ့သို့ လမ်းမအချို့ပိတ်ထားသော်လည်း အဝေးပြေးခရီးသည်တင်ယာဉ်များ အနေဖြင့် သွားလာရေး ခက်ခဲမှုရှိမည်မဟုတ်ကြောင်းကုန်းလမ်းပို့ဆောင်ရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦး က ပြောသည်။
ပိတ်ဆို့မည့် လမ်းကြောင်းသုံးခုမှာ (၁) တော်ဝင်ရတနာလမ်းဆုံမီးပွိုင့် (တုံဂပူရိပွိုင့်)မှ တော်ဝင်ရတနာ လမ်း တစ်လျှောက် ရွှေကြာပင်မီးပွိုင့်ထိ၊ (၂) ရွှေကြာ ပင်မီးပွိုင့်မှ ရဇသင်္ဂဟလမ်းဆုံရာအထိ ရွှေကြာပင် လမ်း တစ်လျှောက် (၃) သပြေကုန်းအဝိုင်းမှ ကံ့ကော်ပန်းအဝိုင်းထိ ရာဇသင်္ဂဟလမ်း တစ် လျှောက် တို့ဖြစ် ကြောင်းသိရသည်။