၂၆ နှစ် ကျော်လာချိန်အထိ အင်န်အယ်လ်ဒီတွင် ဒုတိယခေါင်းဆောင် လျာထားချက် မရှိသေး

၂၆ နှစ် ကျော်လာချိန်အထိ အင်န်အယ်လ်ဒီတွင် ဒုတိယခေါင်းဆောင် လျာထားချက် မရှိသေး
by -
မဇ္စျိမ

အမျိုးသား ဒီမိုကရေစီအဖွဲ့့ချုပ်ကို ဦးဆောင်နေသည့် ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ နောက် ဒုတိယခေါင်းဆောင်အဖြစ် လျာထားသူ မရှိသေးဟု အလုပ်အမှူဆောင် ကော်မတီဝင် ဦးထွန်းထွန်းဟိန် က ဆိုသည်။

“ရွေးချယ်မထားသေးဘူး။ စီအီးစီ အစည်းအဝေးက ဒေါ်စုပြီးရင် ဘယ်သူ၊ ဘယ်ဝါဆိုတာ ဆုံးဖြတ်မှာပါ။ အခု လောလောဆယ်က ပြောဖို့မရှိသေးဘူး။ စီအီးစီပြောခွင့်ရ ပုဂ္ဂိုလ်တစ်ဦးတစ် ယောက်ရဲ့အမြင်နဲ့ ပြော လို့မရဘူး” ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ပြန်ကြားရေး တာဝန်ယူထားသည့် ဦးထင်လင်းဦးက ပြောသည်။

NLD-Party-Conference

ထို့ပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)သည် ၂၀၁၅ ရွေးကောက်ပွဲ အတွက် ပြင်ဆင်မှုကို ၂၀၁၅ ခုနှစ် နှစ်ဆန်းပိုင်းမှသာ စတင်မည်ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ပြန်ကြားရေး တာဝန်ခံ မုံရွာအောင်ရှင်က မဇ္ဈိမကို ပြောသည်။

“အခုက နည်းနည်းစောသေးတယ်။ ၂၀၁၅ ရွေးကောက်ပွဲ အောင်နိုင်ရေး ကော်မတီဖွဲ့စည်းမှုကလလည်း ပီပီပြင် ပြင်မရှိသေးဘူး။ မူအရ ဖွဲ ့ထားတာပဲ ရှိသေးတယ်။ ဆပ်ကော်မတီတွေ ဖွဲ ့ဖို့ လည်းကျန်သေး တယ်”ဟု ၎င်းကဆို သည်။

အင်န်အယ်လ်ဒီက ရွေးကောက်ပွဲ စည်းရုံးရေးလုပ်ငန်းများ လုပ်ဆောင်ရန် အမျိုးသမီးများနှင့် လူငယ်များကို လည်း ရွေးချယ်မည်ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲအောင်နိုင်ရေး ကော်မတီမှ အဖွဲ့ဝင် ဦးမောင်မောင်ဦး က မဇ္ဈိမကို ပြောဆိုထားသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် သည် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ လစ်လပ်နေရာ ၄၅ နေရာတွင် ၄၃ နေရာအထိ အနိုင်ရရှိထားသည့် ပါတီတစ်ခုဖြစ်သည်။ မြန်မာ့ ဒီမိုကရေစီ အရေးတော်ပုံကာလအပြီး ၁၉၉၀ ပြည့် နှစ် အထွေထွေရွေးကောက်ပွဲတွင် တောင်ပြို ကမ်းပြိုနိုင်သည်အထိ အောင်ပွဲခံဖူးသည်။