ILO ၏ ပြည်တွင်း အသင်းအဖွဲ ့များ လွတ်လပ်စွာစည်းရုံးနိုင်၊ စနစ်တကျ ဖွဲ့စည်းနိုင်ရေး အသိပညာပေး သင်တန်းကို နေပြည်တော် လယ်ဝေးမြို့တွင် အောက်တိုဘာလကုန်၌ ဖွင့်လှစ်ပို ့ချခဲ့ရာ မြို့နယ်အုပ်ချုပ်ရေး မှူးက နှောင့်ယှက်ခဲ့သဖြင့် သင်တန်းကို ရပ်ဆိုင်းခဲ့ရသည်ဟု Educator Network with ILO အဖွဲ့၏ နေပြည်တော် တာဝန်ခံ ဦးကျော်ဆွေလတ်က မဇ္စျိမကို ပြောသည်။
“ဒီသင်တန်းက နိုင်ငံရေး သင်တန်းလည်းမဟုတ်ပါဘူး၊ အသင်းအဖွဲ့ဖွဲ့လိုတဲ့ ပြည်သူတွေကို စည်းစနစ်ကျကျ စည်းရုံးနိုင်၊ ဖွဲ့စည်းနိုင်အောင် တရားဝင် သင်ပေးတဲ့ သင်တန်းပါ၊ အလုပ်သမားဝန်ကြီးဌာနနဲ ့ ILO နဲ ့ညှိနှိုင်း သဘောတူပြီးသား သင်တန်းပါ၊ တခြားတိုင်း ဒေသကြီးတွေ ပြည်နယ်တွေမှာလည်း အလားတူ ဖွင့်ခဲ့ပြီးပါပြီ၊ အနှောင့်အယှက် အတားအဆီး မရှိခဲ့ပါဘူး၊ နေပြည်တော်ကျမှ အခုလိုကြံုရတာပါ” ဟု သူက ရှင်းပြသည်။
အဆိုပါ သုံးရက်တာ သင်တန်းကို လယ်ဝေးမြို့ ဇမဗ္ဗူအေး ဘုန်းကြီးကျောင်းတွင် သင်ကြားရန် ကျောင်း ဆရာတော်က ခွင့်ပြုခဲ့သော်လည်း မြို့နယ် ထွေ /အုပ်၏ အစီအစဉ်အရ မြို့နယ် သံဃာ့နာယကအဖွဲ့က တားမြစ်ခဲ့သဖြင့် အမှတ် (၁) ရပ်ကွက်ရှိ နေအိမ်တစ်အိမ်သို့ပြောင်းရွှေ ့ ဖွင့်လှစ်ရကြောင်း၊ ဒုတိယနေ ့တွင် နေရာပိုကျယ်သည့် ထိပ်တန်း စားသောက်ဆိုင်သို ့ဆိုင်ရှင် ခွင့်ပြုချက်ဖြင့် ရွှေ့ခဲ့ပြီး တတိယနေ့ အရောက်၌ မြို ့နယ်အုပ်ချုပ်ရေးမှူးက သင်တန်းအား ပေးမဖွင့်ရန်နှင့် ပေးဖွင့်ပါက ဆိုင်ကို ပိတ်သိမ်းမည်ဟု ဆိုင်ရှင်ကို ခြိမ်းခြောက်ခဲ့သည်ဟု ဆိုသည်။
“ဆိုင်ပိတ်မယ် ခြိမ်းခြောက်လို ့သင်တန်းကို နှစ်ရက်နဲ့ပဲ ရပ်လိုက်ရတယ်၊ ILO ရဲ့ တာဝန်ရှိသူအနေနဲ ့မြို့နယ် အုပ်ချုပ်ရေးမှူးနဲ့ တွေ ့ပြီး ဆွေးနွေးဖို ့တောင်းဆိုခဲ့ပေမယ့် မရခဲ့ဘူး”ဟု ဦးကျော်ဆွေလတ်က ပြောသည်။
အသင်းအဖွဲ ့မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေကို ၂၀၁၂ တွင် ပြည်ထောင်စု လွှတ်တော်က ပြဌာန်းကာ သမ္မတက လက်မှတ်ရေးထိုးပြီးသည်မှ စ၍ ILO သည် အသင်းအဖွဲ ့များ လွတ်လပ်စွာ ဆွေးနွေး၊ စည်းရုံး၊ စနစ်ကျ ဖွဲ ့စည်းနိုင်ရေး ပညာပေး သင်တန်းများကို ဧရာဝတီ ၊ ပဲခူး၊ မကွေး၊ မန္တလေး တိုင်းဒေသကြီးများ သာမက ရှမ်းပြည်နယ် မြောက်ပိုင်း၊ တောင်ပိုင်းတို ့တွင်ပါ ပို့ချသင်ကြား ပေးခဲ့သည်။
အဆိုပါ သင်တန်းများ ဆက်လက်ဖွင့်လှစ်နိုင်ရေးအတွက် နိုဝင်ဘာ ၃ ရက်မှ ၆ ရက်အထိ အစည်းအဝေး များ ပြုလုပ်နေပြီး မဇ္စျိမက ILOအဖွဲ ့သို ့ဆက်သွယ်ခဲ့ရာ အဆိုပါကိစ္စနှင့်ပတ်သက်၍ အလုပ်သမားဝန်ကြီး ဌာနနှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့ ညှိနှိုှု်င်းနေဆဲဖြစ်သောကြောင့် သတင်း မထုတ်ပြန်နိုင်သေးပါဟု ဖြေကြား ခဲ့သည်။