စစ်ဘေးသင့် ဒေသဖွံ့ဖြိုးရေးကျပ်၂၈၁ ဘီလီယံကျော် သုံးမည်

စစ်ဘေးသင့် ဒေသဖွံ့ဖြိုးရေးကျပ်၂၈၁ ဘီလီယံကျော် သုံးမည်
by -
မဇ္စျိမ

နိုင်ငံအဝန်း စစ်ဘေးရှောင် ဒုက္ခသည်များ နေရပ်သို့ ပြန်လည်ပြောင်းရွှေ့ချိန်တွင် အခက်အခဲများစွာ ကြံုတွေ့နေရခြင်းကြောင့် အစိုးရအဖွဲ့က ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ပေးရန် ကျပ် သန်းပေါင်း နှစ်သိန်းရှစ်သောင်းကျော် သုံးစွဲမည်ဟု နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးက အမျိုး သားလွှတ်တော်တွင် ပြောသည်။

ဒုတိယဝန်ကြီး ဗိုလ်ချုပ်တင်အောင်ချစ်က “တိုင်းဒေသကြီးနဲ့ ပြည်နယ် ၁၄ ခု၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေ သ ခြောက်ခုတို့အတွက် ၂၀၁၄-၁၅ ခုနှစ်တွင် နိုင်ငံတော် ခွင့်ပြု ရန်ပုံငွေကျပ် (၂၈၁,၅၀၅ ဒသမ ၆၁၇) သန်း ဖြင့် ဆက်လက်ဆောင်ရွက် ပေးသွားမှာဖြစ်ပါတယ်” ဟု ပြောသည်။

RCSS-Refugee-Camp

ကျေးလက်ဒေသဖွံ့ဖြိုးရေးတို့အတွက် လမ်း၊ တံတား၊ သောက်သုံးရေ၊ လျှပ်စစ်မီး ရရှိရေးနှင့် ကျေးလက် အိမ်ရာလုပ်ငန်းများအတွက် နိုင်ငံတော်မှ ၂၀၁၃-၁၄ ဘဏ္ဍာ နှစ်တွင် ကျပ် (၇,၅၃၃ ဒသမ ၁၄) သန်းဖြင့် ဆောင်ရွက်ပေးခဲ့သော်လည်း ထပ်မံဆောင်ရွက်ရန်ရှိနေကြောင်းလည်း ဒု-၀န်ကြီး က ဆိုသည်။

ထို့အပြင် မြစိမ်းရောင် ကျေးလက်စီမံကိန်းနှင့် ပတ်သက်၍ “တိုင်းဒေသကြီးနဲ့ ပြည်နယ်၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသများနှင့် နေပြည်တော်ကောင်စီနယ်မြေ တို့ရှိ ကျေးရွာပေါင်း ၁,၁၅၀ ရွာအတွက် အရင်း မပျောက် မတည်ငွေကို တစ်ရွာလျှင် ကျပ်သိန်း ၃၀၀ ဖြင့်ကျပ် ၃၄ ဒသမ ၅ ဘီလီယံ အကုန်ကျခံကာ ကျေးရွာစီမံကိန်း များဆောင်ရွက်ပေးမည်” ဟု ဗိုလ်ချုပ်တင်အောင်ချစ်က လွှတ်တော်၌ တင်ပြသည်။

သို့ရာတွင် အဆိုရှင် အမျိုးသားလွှတ် တော်ကိုယ်စားလှယ် ဦးဘိုးရယ်ကမူ “ဒု-၀န် ကြီးပြောသွား တာတွေ ကောင်းပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ဒေသမှာ မိုင်းရှင်းဖို့ ကျန်နေတာတွေမပါဘူး။ နောက် တခုက ဆေး ပေးခန်းတွေ၊ စာသင်ကျောင်းတွေ၊ လမ်းတွေ လုပ်ပေးတာတော့ရှိတယ်။ ခက်တာက စားဝတ်နေရေး ခက်ခဲနေတာကို ဖြေရှင်းပေးဖို့လိုတယ်” ဟု မဇ္စျိမကို ပြောသည်။

ကျေးလက်ဒေဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော မြစိမ်းရောင်ကျေးရွာ စီမံကိန်းသည်လည်း အမြန်ဆုံးလာရောက် အကောင်အထည်ဖော် ဆောင်ရွက်စေချင်ကြောင်း ဦးဘိုးရယ်က ဆက်လက် ဖြေ ကြားသည်။

စစ်ဘေးဒဏ်ခံခဲ့ရဒေသ တိုင်းရင်းသား ဒေသများ အလျင်အမြန်ဖွံ့ဖြိုး တိုးတက်ရေးအတွက် နိုင်ငံတော် မှ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို စီမံကိန်းချမှတ်၍ အရှိန်အဟုန်မြင့် ဆက်လက်ဆောင်ရွက်ပေးရန် ပြည် ထောင်စုအစိုးရကို တိုက်တွန်းကြောင်း အဆိုကို ကယားပြည်နယ် အမှတ်(၃) မဲဆန္ဒနယ်မှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးဘိုးရယ်က တင်သွင်းသည်။

အဆိုကိုမဲခွဲရာတွင်အမျိုးသားလွှတ် တော်ကိုယ်စားလှယ် ၁၆၂ ဦးအနက် ၁၆၀ဦး မဲပေးကာ ထောက်ခံ ၉၈ ဦး၊ ကန့်ကွက် ၁၀၊ ကြားနေ ၅၂ ဦးရှိခဲ့သည့်အတွက် အဆိုအတည်ဖြစ်သည်။

Most read this week