ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ဘင်္ဂါလီများ အစုအဖွဲ့လိုက် ပြောင်းရွှေ့မှုများရှိဟု အတည်ပြု

ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ဘင်္ဂါလီများ အစုအဖွဲ့လိုက် ပြောင်းရွှေ့မှုများရှိဟု အတည်ပြု
by -
မဇ္စျိမ

ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသများတွင် ဘင်္ဂါလီအစုအဖွဲ့များ မိသားစုအလိုက် ပြောင်းရွှေ့မှုများကို ဖမ်းဆီးရမှုများ ရှိလာသည်ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့၊ ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဦးဝင်းမြိုင်က ပြောသည်။

ရခိုင်ပြည်နယ် ဒုက္ခသည်စခန်းများမှ ဒုက္ခသည်များ ၂၀၁၄ သြဂုတ်၊ စက်တင်ဘာနှင့် အောက်တိုဘာလ များအတွင်း ဆက်တိုက် ထွက်ပြေးမှုများ ရှိလာခြင်းဖြစ်ပြီး ရခိုင်ပြည်နယ် ရေကြောင်းလုံခြံုရေး တိုးမြှင့်ချ ထားသည်။

Bangali-people-received-citizenship-in-Rakhine-State3

ဦးဝင်းမြိုင်က “ထွက်ပြေးတာလား ၀င်လာတာလားဆိုတာ မသိဘူး၊ တရားမဝင် စုဖွဲ့သွားတာတွေရှိတော့ ဒေသ တည်ငြိမ်ရေးကို ထိခိုက်တယ်၊ သူတို့ အတွက်လည်းရေကြောင်းက အန္တရာယ်ရှိတယ်” ဟု ပြောသည်။

ယင်းသို့ ထွက်ပြေးမှုများကြောင့် သုံးလအတွင်းလူဦးရေ ငါးရာနီးပါးဖမ်းဆီးထားမိသည်ဟု မောင်တော အမှတ် (၁) အဝင် အထွက်စခန်းမှ တာဝန်ရှိသူကပြောသည်။

ဘင်္ဂါလီများအစု အဖွဲ့အလိုက်ပြောင်းရွှေ့မှုများနှင့် ပတ်သက်ပြီး မောင်တောမြို့နယ်မှ အစ္စလာမ် မြို့မိမြို့ဖ ဦးလှသိန်းက “ဒုက္ခသည် စခန်းကနဲ့ နယ်ဘက်က သူတွေက၊ တချို့ကလည်း သူတို့ ဆွေမျိုးတွေဆီ ကို ပြောင်းတယ်၊ တချို့ကလည်း ပွဲစားနဲ့ အလုပ်အကိုင်အတွက် သွားကြတယ်”ဟု ဆိုသည်။

ထိုသို့ထွက်ခွာရာတွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံ၊ ပါကစ္စတန်နိုင်ငံတို့ကို မိသားစုလိုက် ရွှေ့ပြောင်းမှုများ ရှိသည်ဟု ဆိုသည်။

သြဂုတ်လ အတွင်းက ရခိုင်ပြည်နယ် မြေပုံဒုက္ခသည် စခန်းက ထွက်ပြေးလာသော ဘင်္ဂါလီ ဒုက္ခသည် တစ်ရာကျော်နှင့် ကျောက်ဖြူ ကျောက်တလုံး ဒုက္ခသည် စခန်းမှ ထွက်ပြေးလာသော ဒုက္ခသည် နှစ်ဆယ် ကျော် ကို ဖမ်းဆီးမိခဲ့သည်။

စက်တင်ဘာလ အတွင်းတွင် စစ်တွေ မြို့နယ်မှန်စီချောင်းဝက တစ်ဆင့်ဝင်ရောက်လာသော လှေတစ် စင်းကို ဖမ်းဆီးခဲ့ရာ ထွက်ပြေးသဖြင့် သုံးဦးမှာ ရေနစ်သေဆုံးပြီးရှစ်ဦးဖမ်းဆီးမိခဲ့သည်။

ယင်းအပြင် မင်းပြားမြို့နယ်တွင် ခရီးသွားလှေတစ်စင်းနှစ်မြုပ်ပြီး ဘင်္ဂါလီ ၁၁ ဦးသေဆုံးခဲ့သည်။ လက်ရှိတွင် ရခိုင်ပင်လယ်ပြင် ရေကြောင်း လုံခြံုရေးအတွက် ရေကြောင်းတပ်ဖွဲ့ များတိုးမြှင့်ချထားပြီး လက်နက် တပ်ဆင်ထားသော ကင်းလှည့် ရေယာဉ် နှစ်စင်းကိုလည်းအသုံးပြုမည်ဟု ပြည်နယ်အစိုးရအဖွဲ့က ပြောကြားထားသည်။