အလွတ်သတင်းထောက် ကိုပါကြီး အသတ်ခံရမှု အမှုမှန်ဖော်ထုတ်ပေးရေး မန္တလေးမြို့၌ ဆန္ဒပြဦးဆောင် သူ နှစ်ဦး အပါအဝင်၂၀ဦးကို ပုဒ်မ-၁၈ ဖြင့် အောင်မြေသာစံမြို့နယ် ရဲတပ်ဖွဲ့က အောက်တိုဘာ ၂၈ ရက် တွင် တရားစွဲဆိုထားသည်ဟု ဆန္ဒပြရာတွင်ပါ၀င်သူ မေတ္တာကမ်ပိန်း (အထက် မြန်မာပြည်) တာဝန်ခံ ဦးညီညီကျော်က မဇ္ဈိမကို ပြောသည်။
“ဒီနေ့ မနက်ပဲ သိရတယ်။ အခုလို တရားစွဲတယ်ဆိုတာကတော့ သက်သက်မဲ့လုပ်တာပဲ။ အခုပြတယ်ဆို တာ စည်းကမ်းဘောင်တွေထဲက လုပ်ခဲ့တယ်။ စာတင်ပြီး လုပ်တယ်။ တရားဥပဒေဆိုတာ နားမလည် တော့ဘူး”ဟု ၎င်းက ပြောသည်။
အောက်တိုဘာ ၂၇ ရက်၊ ညနေ ၆ နာရီတွင် မန္တလေးမြို့၊ ၂၆ လမ်းနှင့် လမ်း ၈၀ ထောင့်၊ အောင်မြေ သာဇံမြို့နယ်တွင် နိုင်ငံရေးတက်ကြွ လှုပ်ရှားသူများ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများနှင့် မီဒီယာသမားများ၊ ဗကသအ ဖွဲ့ဝင်များက ဖယောင်းတိုင် မီးထွန်းဆန္ဒဖော်ထုတ် တောင်းဆိုမှု ပြု လုပ်ခဲ့ ခြင်းဖြစ်သည်။
“တရားစွဲတာ မစွဲတာအရေးမကြီးဘူး။ စွဲလို့လည်း တုန်လှုပ်သွားမှာ မဟုတ်ဘူး။ ရင်ဆိုင်ဖို့ အသင့်ပဲ။ စစ် တပ်အနေနဲ့တရား ဥပဒေလက်လွတ်လုပ်မှုကို ဒီအတိုင်းကြည့် မနေနိုင်ဘူး။ ဖော်ထုတ်ဖို့ တောင်းဆိုတယ်။အခုအရေးယူတဲ့ လူတွေကို မေးချင်တယ်။
“တရားဥပဒေစိုးမိုးရေး၊ လူ့အခွင့်အ ရေးဆိုတာ ဘယ်မှာလဲ ချိုးဖောက်တာတွေ များလာရင် ပြည်သူ အား လုံးက ဒဏ်ခတ်တာကို လက်ရှိအစိုးရအနေနဲ့ ခံရပါလိမ့်မယ်” ဟု ဒီမိုကရေစီအရေးစဉ်ဆက်မပြတ် လှုပ် ရှားသူများအဖွဲ့ (အထက်မြန်မာပြည်) MDCF မှ ကိုသိန်းအောင်မြင့်က ပြောသည်။
ဆန္ဒပြသည့် ခေါင်းဆောင်များကို ငြိမ်းစုစီ ဥပဒေပုဒ်မ-၁၈ ဖြင့် တရားစွဲ ဆိုနေခြင်းသည် တရား ဥပဒေ စိုးမိုးမှု မရှိခြင်း ဖြစ်သည်ဟု ပြည်မြို့မှ တရားလွှတ်တော် ရှေ့နေ ဦးမြင့်အေးက ပြောသည်။
“ဦးဆောင်သူတွေတင် ပုဒ်မ-၁၈နဲ့ ငြိ တာမဟုတ်ဘူး။ လျှောက်တဲ့ လူအားလုံးပါ တယ်။ စီတန်းလှည့်လည် သူ အားလုံးကို ဆွဲရမှာကို ဦးဆောင်သူလိုလို၊ ခေါင်းဆောင်သူလိုလိုနဲ့ ရွေးဆွဲနေတာ တရားဥပဒေနဲ့ မညီ ဘူး မမျှတဘူး”ဟု ၎င်းက ပြောသည်။
“တရားစွဲထားတာ ဟုတ်ပါတယ်။ ဘာကြောင့်ဆိုတာတော့ မပြောနိုင်သေးပါဘူး။ အခုစွဲထားတာတော့ ပုဒ်မ-၁၈နဲ့ စွဲ ထားတာပါ”ဟု အောင်မြေသာစံမြို့နယ် အမှတ် (၅) ရဲစခန်းမှ တာဝန်မှူး ဒု-ရဲအုပ် သန့်ဇင်ထွန်းက ပြောသည်။
အောင်မြေသာစံမြို့နယ်၊ အမှတ် (၅) ရဲစခန်းမှူး၊ ဒု-ရဲမှူးအောင်မြင့်က တရားလိုပြုလုပ်၍ ကိုသိန်းအောင် မြင့် အပါအဝင် ၂၀ ဦးကို ပ ၄၁၃/၂၀၁၄ ဖြင့် အမှုဖွင့်ထားသည်ဟု ဆိုသည်။