ပုဒ်မ ၄၃၆ မပြင်လိုသည့် တပ်မတော် ပြုပြင်ပြောင်းလဲရေး မလိုလားဟု ဝေဖန်ခံရ

ပုဒ်မ ၄၃၆ မပြင်လိုသည့် တပ်မတော် ပြုပြင်ပြောင်းလဲရေး မလိုလားဟု ဝေဖန်ခံရ
by -
မဇ္စျိမ

ပြင်ဆင်သင့်သည်ဟု အများစုက ဝေဖန်ထောက်ပြနေသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ကို မပြင် လိုသော တပ်မတော်၏ သဘောထားသည် နိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို မလိုလားခြင်းဖြစ်သည်ဟု နယ်ပယ်အသီးသီးက ဝေဖန်လိုက်သည်။

အောက်တိုဘာ ၂၂ ရက်က ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီ၏ အစီရင်ခံစာတွင် တပ်မတော်သား ကိုယ်စားလှယ် များက ပုဒ်မ ၄၃၆ ကို မပြင်ရန် အကြံပြုထားခြင်းအပေါ် ဝေဖန်ခဲ့ကြခြင်းဖြစ် သည်။

ရခိုင်အမျိုးသားပါတီ၏ ဗဟိုအလုပ် အမှုဆောင် ကော်မတီဝင် ဦးအေးသာအောင်က “အခုလို မပြင်ဖို့အတွက် အဟန့်အတား လုပ်တယ်ဆိုတော့ အပြောင်းအလဲဖြစ်ဖို့ကို မလိုလားတဲ့ သဘောဆိုတာ ဒါက တော့ ပေါ်လွင်တာပေါ့” ဟု ပြောသည်။

ပုဒ်မ ၄၃၆ သည် ဖွဲ့စည်းပုံပါပြဋ္ဌာန်းချက်များ ပြင်ရန် နည်းလမ်းများကို သတ်မှတ်ထားခြင်းဖြစ်သည်။ ယင်း တွင် အနိမ်ဆုံး လိုအပ်ချက်အဖြစ် လွှတ်တော်အတွင်း ရ၅ ရာခိုင်နှုန်းကျော် ထောက်ခံရမည်ဟု ပါ၀င်သည်။

နိုင်ငံတော်၏ အခြေခံမူများ၊ သမ္မတအရည်အချင်းသတ်မှတ်ချက်စသော အရေးကြီးပြဋ္ဌာန်းချက် အများစုကို ပြင်ဆင်လိုလျှင်မူ လွှတ်တော်အတွင်း ရ၅ ရာခိုင်နှုန်းကျော်ထောက်ခံရန် လိုအပ်သကဲ့သို့ လူထုဆန္ဒခံယူပွဲ လုပ်ရမည်ဟု ပြဋ္ဌာန်းထားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးဉာဏ်ဝင်းက ပြုပြင်ပြောင်းလဲရေး ကို မလိုလားသည့် လုပ်ရပ်ဟု ပြောသည်။

ယင်းသည် နိုင်ငံရေးပြုပြင်ပြောင်းလဲမှု အလှမ်းဝေးနိုင်သည်ဟု နိုင်ငံရေး လေ့လာသူ ဒေါက်တာရန်မျိုး သိမ်းက ပြောသည်။ ၎င်းက “ပြင်လိုက်ရင် တပ်မတော်ရဲ့ အသာစီးရမှုက လျော့ကျသွားမယ်လေ”ဟု ဆိုသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေသည် ပြင်ဆင်ရန် လိုအပ်သော်လည်း ပုဒ်မ ၄၃၆ ပြင်ဆင်ရန်သင့်၊ မသင့်မှာ ပြည် သူအားလုံး၏ သဘောထားကို စနစ်တကျ စာရင်းကောက်သင့်သည်ဟု ရန်ကုန်တက္ကသိုလ်၊ နိုင်ငံတကာ ဆက်ဆံရေး ပညာဌာနမှ ပါမောက္ခ ဒေါက်တာ ယဉ်မျိုးသူက မှတ်ချက်ပြုသည်။

အခြေခံဥပဒေသည် နိုင်ငံ၏ အနှစ်ချုပ် ဥပဒေဖြစ်သည့်အတွက် သတ်မှတ်ထားသည့်အတိုင်း ပြင်ဆင်ရ မည်ဟု အမျိုးသားလွှတ်တော်၏ တပ်မတော်သား ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်က ဖေဖော်ဝါရီ ၁၇ ရက်တွင် မဇ္ဈိမကို ပြောဆိုထားသည်။