ထိုင်းနိုင်ငံ ကော့တောင်(လိပ်ကျွန်း)လူသတ်မှုဖြင့် ဖမ်းဆီးခံ မြန်မာနိုင်ငံသား နှစ်ဦးအတွက် အမှုလိုက်ရန်နှင့် မိဘများ ထိုင်းနိုင်ငံသို့ သွားရောက်ရာတွင် အသုံးပြုရန် အမျိုးသားလွှတ်တော်က ကျပ်သိန်း ၃၀၀ လှူ ဒါန်းလိုက်ပြီး ထပ်မံလှူဒါန်းသွား ဦးမည်ဟု သိရသည်။
“ဒီကိစ္စ ဘယ်လောက်ကြာမယ်မှန်း မသိတဲ့အတွက် လွှတ်တော်ကိုယ်စားလှယ်များအနေနဲ့ နည်းသည် များ သည်မဟူ စိတ်ဓာတ်ရေးရာအရ လှူဒါန်းနိုင်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး လေ့လာထားဖို့လည်း တိုက်တွန်းထားပြီး ဖြစ်ပါတယ်။ အမျိုးသားလွှတ်တော်က ကန ဦးကျပ်သိန်း ၃၀၀ လှူဒါန်းမှုကို မှတ်တမ်းတင်ကြောင်း ကြေညာပါတယ်” ဟု အမျိုုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ပြောသည်။
အဆိုပါလှူဒါန်းငွေများမှာ အမျိုးသားလွှတ်တော်ကိုယ်စား ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ကျပ်သိန်း ၁၀၀ ၊ အမျိုး သားလွှတ်တော် ကိုယ်စားလှယ် ဇေကမ္ဘာကုမ္ပဏီ ဥက္ကဋ္ဌ ဒေါက်တာဦးခင်ရွှေက သိန်း ၁၀၀၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ပတ္တ.မြား နဂါးကုမ္ပဏီဦးနေဝင်းထွန်းက သိန်း ၁၀၀ လှူဒါန်းခြင်း ဖြစ်သည်။
ထို့ပြင် ဦးခင်ရွှေကလိုအပ်ပါက ထပ်မံလှူဒါန်းပေးမည်ဖြစ်ပြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ လှူဒါန်းလိုလျှင် ညွှန်ကြားရေးမှုးချုပ်ရုံးထံ အချိန်မရွေး ဆက်သွယ်လှူဒါန်းနိုင်သည်ဟု ဆိုသည်။
ထိုင်းနိုင်ငံတွင် ဖမ်းဆီးခြင်းခံထားရသူများအတွက် လိုက်ပါဆောင်ရွက်ပေးနေကြသည့် ထိုင်းနိုင်ငံရောက် မြန်မာအလုပ် သမားများအဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်း၊ ရခိုင်အမျိုးသား ကွန်ရက်မှ ဦးတင်ထူးအောင်၊ ဦးကျော်အေးမောင်၊ စတီဗင်မြင့်မောင်အေး၊ ယခုအရေးကိစ္စများကို ဆောင်ရွက်မည့်သူများ၊ ထိုင်းနိုင်ငံ ကို လိုက်ပါသွားမည့် မိဘများအတွက် ငွေကြေးလိုအပ်ကြောင်း သိရသည့်အတွက် လှူဒါန်းလိုက်ခြင်း ဖြစ်သည်။
ထိုင်းနိုင်ငံတွင် ဖမ်းဆီးခြင်းခံရသော မြန်မာအလုပ်သမား နှစ်ဦး၏ မိဘများသည် အောက်တိုဘာ ၂၂ ရက်တွင် ထိုင်းနိုင်ငံသို့ သွားရောက်မည်ဖြစ်သည်။ အဆိုပါ အမှုအတွက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက ထိုင်း နိုင်ငံရှိ အမျိုးသားဥပဒေပြုညီလာခံ ဥက္ကဋ္ဌထံ တရားဥပဒေ၏ရှေ့မှောက်တွင် မျှတသော လူသားအခွင့်အရေး ရရှိစေရေးအတွက် သဝဏ်လွှာကို အောက်တိုဘာ ၁၃ ရက်က ဥက္ကဋ္ဌ လက်မှတ်ရေးထိုးပေး ပို့ခဲ့သည်။