ရှမ်းပြည်နယ် အစိုးရဝန်ထမ်းများကို လူ့အခွင့်အရေးဆိုင်ရာ သင်တန်းပို့ချခြင်းနှင့် ဆွေးနွေးခြင်း အစီအစဉ်များ ကို အောက်တိုဘာ ၂၀ ရက်တွင် တောင်ကြီးမြို့တွင် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်က စတင်လိုက်ပြီဖြစ်သည်။
သစ်တောရပ်ကွက်ရှိ ဆရာဝန်များ အသင်းရုံးခန်းမဆောင်တွင် ပြုလုပ်ခြင်းဖြစ်ပြီး ဝန်ထမ်းများ၏ အခြေခံ လူ့အခွင့်အရေး အသိပညာအားနည်းမှုကို ကုစားနိုင်မည်ဟု မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဒု-ဥက္ကဋ္ဌ ဦးစစ်မြိုင်က မဇ္ဈိမကို ပြောသည်။
လူ့အခွင့်အရေးဆိုင်ရာအချက် အလက်များကို နားလည်အောင် မျှဝေပေးခြင်းသာဖြစ်ပြီး ကျင့်သုံးရန်မှာမူ ဝန်ထမ်းတစ်ဦးချင်းပေါ်တွင်သာ မူတည်နေသည်ဟု ၎င်းက သတိပေးသည်။
"တကယ်အောက်ခြေအဆင့်မှာ လက်တွေ့ကျင့်သုံးသွားနိုင်မယ်ဖို့ ဆောင်ရွက်သွားပါမယ်" ဟု ကျိုင်းတုံမြို့နယ် ဒုတိယ အုပ်ချုပ်ရေးမှူး ဦးလှမြင့်ကမဇ္ဈိမကို ပြောသည်။
တောင်ကြီးမြို့သင်တန်းကို အောက်တိုဘာ ၂၂ ရက်အထိ သုံးရက်တိုင် ပြုလုပ်သွားမည်ဖြစ်သည်။
သင်တန်းတွင် လူ့အခွင့်အရေးသမိုင်း၊ အယူအဆ၊ ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းနှင့် ကလေးသူငယ်အခွင့်အရေး၊ အမျိုးသမီးများခွဲခြား
မှုပပျောက်ရေး၊ မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်၊ နိုင်ငံတကာ အမျိုးသား လူ့အခွင့်အရေး အဖွဲ့အစည်းများအကြောင်း၊ မြန်မာ့ လူ့အခွင့်အရေးကော်မရှင် ဥပဒေစသည်တို့ကို ဆွေးနွေး ရန် စီစဉ်ထားသည်။ သင်တန်းသို့ ဝန်ထမ်းလူဦးရေ ရ၀ ခန့် တက်ရောက်လျက်ရှိသည်။