ဘူးသီးတောင်၊ မောင်တောတွင် တိုင်းရင်းသား ကျေးရွာသစ်များ တိုးချဲ့တည်ထောင်တော့မည်

ဘူးသီးတောင်၊ မောင်တောတွင် တိုင်းရင်းသား ကျေးရွာသစ်များ တိုးချဲ့တည်ထောင်တော့မည်
by -
မဇ္စျိမ

ဘူးသီးတောင်၊ မောင်တောမြို့နယ်များတွင် နယ်စပ်တိုင်းရင်းသား ကျေးရွာများ ထပ်မံဖော်ထုတ်ခြင်းနှင့် လမ်းဖောက်ခြင်း လုပ်ငန်းများကို နိုဝင်ဘာလ မှ စတင်လုပ်ဆောင်သွားမည်ဟု ရခိုင်ပြည်နယ် နယ်စပ်တိုင်းရင်း သား ဖွံ့ဖြိုးရေးတာဝန်ခံ ဗိုလ်ကြီး သန့်ဇင်က မဇ္စျိမကို ပြောသည်။

ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးအစီအစဉ် Action Plan တွင်ပါဝင်သော အချက်တစ်ခု ဖြစ်သည့် နယ်စပ်ကျေး ရွာများ လမ်းပန်းဆက်သွယ်ရေးနှင့် ဖွံ့ဖြိုးရေးအစီအစဉ်များ စတင်ဆောင်ရွက် ခြင်း လည်း ဖြစ်သည်။

 ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ရှိ ရခိုင်ဒုက္ခသည်များအား ၂၀၁၃ ခုနှစ် မေလ ၁၁ ရက်က တွေ့ရစဉ်။

ဗိုလ်ကြီးသန့်ဇင်က "ကျေးရွာတချို့က မနေထိုင်ရဲလို့ ပြောင်းရွှေ့နေထိုင်တဲ့ တိုင်းရင်းသားတွေနဲ့ ရခိုင်ဒုက္ခ သည်တွေအတွက် အတည်တကျဖြစ်အောင် ရွာတည်ပေးဖို့ စီစဉ်နေတာပါ" ဟု ဆိုသည်။

ကျေးရွာအသစ်များကို ဘူးသီးတောင်မြို့နယ်အတွင်း စတင်မည်ဖြစ်ပြီး ရှေ့ပြေးစီမံချက်အဖြစ် အိမ်ခြေငါး ဆယ်ပါ ကျေးရွာ နှစ်ရွာတည်ထောင်ရန် စီစဉ် ထားသည်။ ထို့ပြင် တိုင်းရင်းသားကျေးရွာများကို ဆက်သွယ် ထားသော လူသွားလမ်းများကိုလည်း ကားလမ်းမများအဖြစ် ပြောင်းလဲဖောက်လုပ်ပေးရန် စီစဉ်နေသည်ဟု ရခိုင်ပြည်နယ်အစိုးရ၊ သတင်းပြန်ကြားရေး ကော်မတီ အတွင်းရေးမှူး ဦးဝင်းမြိုင်က ပြောသည်။

"ကျေးရွာပေါင်းတစ်ရာကျော် အသုံးပြုတဲ့ မေယုတောင်တန်းအရှေ့ဘက်က လမ်းတွေကို ကားလမ်းတွေဖြစ်အောင် ဒီနှစ် ဖောက်မယ်" ဟု ၎င်းက ဆိုသည်။

ရခိုင်ပြည်နယ် နယ်စပ်ဒေသများဖြစ်သော ဘူးသီးတောင်နယ်စပ်တွင် နယ်စပ်တိုင်းရင်းသားကျေးရွာ ကိုးရွာ၊ မောင်တောင်မြို့နယ်တွင် ကျေးရွာ ၂၇ ရွာနှင့် ရသေ့တောင်မြို့နယ်တွင် ကျေးရွာ နှစ်ရွာတို့ရှိပြီး ဖြစ် သည်။

ယင်းကျေးရွာတို့တွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ ရခိုင်ပြည်နယ်သို့ ပြန်လည်ရောက် ရှိလာသော မြို၊ ခမီတိုင်းရင်း သား အိမ်ထောင်စုပေါင်း ၅၆၆ စု ကို အခြေချနေထိုင်ခွင့်ပြုထားသည်။