မြေစျေးကစားမှုနှင့် လက်ဝါးကြီးအုပ်မှု မဖြစ်စေရန် ဥပဒေနှင့် ထိန်းချုပ်မည်

မြေစျေးကစားမှုနှင့် လက်ဝါးကြီးအုပ်မှု မဖြစ်စေရန် ဥပဒေနှင့် ထိန်းချုပ်မည်
by -
မဇ္စျိမ

မြေစျေးကစားမှုနှင့် မြေယာလက် ဝါးကြီးအုပ်မှုများ မဖြစ်ပေါ်စေရန်အတွက် မြေယာဥပဒေဖြင့် ထိန်းချုပ်သွား မည် ဖြစ်သည်ဟု မြေယာခွဲဝေ အသုံးချမှု စိစစ်ဆောင်ရွက်ရေး ကော်မတီ အတွင်းရေးမှူး၊ သစ်တောဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော် က ပြောသည်။

အောက်တိုဘာ ၁၈ ရက်က ရန်ကုန် မြို့၊ အင်းယားလိတ်ဟိုတယ်တွင် ပြု လုပ်သော အမျိုးသားမြေ အသုံးချမှု မူဝါဒ (မူကြမ်း) အပေါ် အကြံပြုချက်များ ရယူခြင်းဆိုင်ရာ ဆွေးနွေးပွဲပြော ခြင်းဖြစ်သည်။

Myo-Thit-blueprint

မြေစျေးနှုန်း မြင့်တက်မှုများနှင့် ပတ်သက်ပြီး မြေအသုံးချမှု (မူကြမ်း) တွင် ဖော်ပြထားသည့်မြေ တန်ဖိုး သတ်မှတ်ချက်အတိုင်း အမျိုးသားမြေယာ ဥပဒေမှာ ထည့်သွင်းဖော်ပြသွားမည် ဖြစ်ကြောင်း၊ လက်ရှိတွင် မူဝါဒ( မူကြမ်း) အဆင့်သာရှိသေးကြောင့် မြေယာ ပြဿနာနှင့်ပတ်သက်ပြီး လမ်းညွှန်ချက် သာပေး၍ရ ကြောင်း ကြေး တိုင်နှင့် မြေစာရင်းဦးစီးဌာနမှ အငြိမ်းစားညွှန် ကြားရေးမှူး ဦးအေးမောင်စိန်က ပြောသည်။ “မြေယာ စီမံခန့်ခွဲတဲ့ ကိစ္စတွေ ပြဿနာတွေဖြေရှင်းဖို့ အမျိုးသားမြေယာ ဥပဒေက ဆောင်ရွက်လာနိုင်လိမ့် မယ်လို့ မြင်တယ်” ဟု ၎င်းက ပြောသည်။

ဒေါက်တာညီညီကျော်က “နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ၊ မြေပိုင်ဆိုင်မှုတွေ၊ မြေစျေးကစားတဲ့ ကိစ်္စတွေက လည်း လက်ရှိ မြေနဲ့ ပတ်သက်တဲ့ ဥပဒေတွေမှာ လိုအပ်ချက်တွေ ရှိနေလို့ ဖြစ်နေတာပါ။

“ဒါ့အပြင် အရေးကြီးတဲ့ မြို့ပြဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းတွေကလည်း တိတိကျကျရေးဆွဲထားတာ မရှိ ဘူး။ နေရာ အလိုက်တိတိကျကျ သတ်မှတ်ချက်တွေ ရေးဆွဲဖို့လိုတယ်။ ဒါတွေကို မြေအသုံးချမှု မူဝါဒပြီးမှ ဥပဒေလုပ်ထုံး လုပ်နည်းတွေနဲ့အညီ အငြင်းပွားမှုတွေ၊ ကျူးကျော်မှု ပြဿနာတွေကို ဖြေရှင်းပေးရမှာပါ” ဟု ပြောသည်။

မြေယာအသုံးချမှုမူဝါဒကို ပြည်တွင်း၊ ပြည်ပပညာရှင်များ အဆိုပါ လုပ်ငန်းကဏ္ဍတွင် ပါ၀င်ပတ်သက်သူ များ (Stake-Holder)၊ အရပ်ဘက်အဖွဲ့ အစည်းများနှင့် ပြည်သူများထံမှ အကြံပြုချက်များရယူပြီး နိုဝင်ဘာလ ကုန်တွင် နောက်ဆုံးအဆင့်ပြင်ဆင်မည် ဖြစ်သကဲ့သို့ အမျိုးသားမြေယာ ဥပဒေ မူကြမ်းကိုလည်း ဒီဇင်ဘာလကုန်တွင် အပြီးသတ်ရေးဆွဲသွားမည်ဖြစ်သည်။

ထိုဥပဒေကြမ်းကို ဒီဇင်ဘာလတွင် လွှတ်တော်သို့ တင်ပြမည် ဖြစ်သည်။