မြန်မာ့တပ်မတော် ပြုပြင်ပြောင်းလဲရန် တပ်မတော် သားဟောင်းအချို့ ဆန္ဒပြ

မြန်မာ့တပ်မတော် ပြုပြင်ပြောင်းလဲရန် တပ်မတော် သားဟောင်းအချို့ ဆန္ဒပြ
by -
မဇ္စျိမ

ပြည်သူလေး စားလောက်သည့် တပ်မတော်တစ်ရပ် ဖော်ဆောင်ပေးရန် စစ်မှုထမ်း ဟောင်းများ ၊ တပ်မတော် သားဟောင်း များစုပေါင်းကာ ရန်ကုန်မြို့လယ်ရှိ ဆူးလေဘုရားအနီးတွင် အောက်တိုဘာ ၁၉ရက်က လူအင်အား သုံးဆယ်ခန့် ဆန္ဒထုတ်ဖော်ခဲ့သည်။

“တာဝန်သိသိနဲ့ ပြည်သူလိုလားတဲ့ ပြည်ထောင်စုတပ်မတော်တစ်ခုအဖြစ် အကောင်အထည် ဖော်ပေးဖို့ တောင်း ဆိုပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း ချမှတ်ထား တဲ့မူဝါဒအတိုင်းတိုင်းရင်း သားအားလုံးကိုယ်စားပြုတဲ့တပ်မတော်၊ပြည်သူလေးစားရတဲ့တပ်မတော်တစ်ခုအဖြစ် ဖော်ဆောင်ပေးဖို့ တောင်းဆိုတာပါ”ဟုဦးဆောင် ဆန္ဒထုတ်ဖော် ခဲ့သည့် ဗိုလ်ကြီးဟောင်းဖြစ်သူ ဦးနေမျိုးဇင်က မဇ္ဈိမကို ပြောသည်။

Myanmar-soilder

 နိုင်ငံရေး အကျဉ်းသား များပြန်လွှတ် ပေးရန်၊ ထောင်ကျ ခံနေရသည့် တပ်မတော် သားများကို ပြန် လွှတ်ပေး ရန် ၊ Professional ကျသော တပ်မတော် အဖြစ် ထူထောင်ပေးရန် ၊ ၂၀၀၈ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင် ဆင်ရေးနှင့်အသစ်ရေးဆွဲရာတွင်တပ်မတော်ကတာဝန်သိသိဖြင့် ပါ၀င်ရန်နှင့် ပြည်သူများ လေးစားသည့် တပ်မတော် အဖြစ် အကောင်အထည်ဖော်ပေးရန်တို့ကို ဆန္ဒထုတ်ဖော်စဉ် ထုတ်ပြန်ချက်ဖြင့် တောင်း ဆိုခဲ့သည်။

 ထို့ပြင် ဗိုလ်ချုပ်အောင်ဆန်းနှစ် (၁၀၀) ပြည့်အထိမ်းအမှတ်အဖြစ် မြန်မာ့တပ်မတော်ကို စတင်ထူထောင် ခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်း၏ရည်ရွယ်ချက်များနှင့် တပ်မတော်၏ သမိုင်းကြောင်းများကို မော်တော် ယာဉ်ပေါ်တွင် ပြဇာတ်အနေဖြင့် နိုဝင်ဘာလတွင် လှုပ်ရှားမည်ဖြစ်သည်။