အပစ်ရပ်မူကြမ်းပါ ကျန်ရှိသည့်အချက်များ သဘောတူညီမှုရစေရေးအတွက် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ NCCT ဘက်မှ ထပ်မံ အလျှော့ပေးရန်မရှိဘဲ အစိုးရဘက်က အလျှော့ပေးရန်သာ လိုတော့သည်ဟု NCCT အဖွဲ့ဝင် ဗိုလ်မှူးကြီး ခွန်ဥက္ကာက မဇ္စျိမကိုပြောသည်။
ဗိုလ်မှူးကြီး ခွန်ဥက္ကာက "အစိုးရနဲ့ညှိနှိုင်းမှုမှာ NCCT ဘက်က လုံးဝ အလျှော့ပေးဖို့ မရှိတော့ဘူး၊ သူတို့ အစိုးရအဖွဲ့ဘက်က ဘယ်လောက်လျှော့နိုင်မလဲ ညှိနှိုင်းမလဲပေါ်မှာ မူတည်တယ်" ဟု ဆိုသည်။
အစိုးရနှင့် NCCT ဆွေးနွေးရာတွင် ကျန်ရှိနေသည့် အချက်များမှာ တပ်ပိုင်းဆိုင်ရာကိစ္စရပ်များ၊ အပစ်ရပ်ပြီးနောက် နှစ်ဖက်စစ်သည်တော်များ အပြန်အလှန်လိုက်နာရမည့် ကတိကဝတ်များ၊ နိုင်ငံရေးဆွေးနွေးပွဲတွင် ပါဝင်မည့် အစုအဖွဲ့ သတ်မှတ်ရေးနှင့် အပစ်ရပ်စာချုပ်တွင် ပါဝင် လက်မှတ်ရေးထိုးမည့်သူများ သတ်မှတ်ရေးတို့ ဖြစ်သည်။
အဆိုပါ အချက်များမှာ ဩဂုတ်လအတွင်း အပစ်ရပ်မူကြမ်း ဆွေးနွေးစဉ်ကပင် ကျန်ရှိနေခဲ့သည့် အချက် များဖြစ်ပြီး စက်တင်ဘာလ ဆွေးနွေးပွဲတွင်လည်း အဖြေမထွက်ခဲ့ပေ။
NCCT ဘက်မှ အပစ်ရပ်စာချုပ် လက်မှတ်ထိုးရာတွင် သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်၊ လွှတ်တော် ဥက္ကဋ္ဌတို့ ပါဝင်လက်မှတ် ထိုးစေလိုသော်လည်း အစိုးရဘက်မှ သဘောတူညီမှု မရှိခြင်း၊ တပ်ပိုင်းဆိုင်ရာ နေရာချ ထားရေးတွင် တပ်ဘက်မှ သဘောထားတင်းမာနေခြင်းများ ရှိသည်ဟု ဃြဃွှ အဖွဲ့ဝင်များက ဆိုသည်။
NCCT တွင် ပါဝင်သော အဖွဲ့များသည် အောက်တိုဘာလကုန်ပိုင်းတွင် အစိုးရနှင့် ဆွေးနွေး နိုင် ရန် ပြင်ဆင် သည့် အစည်းအဝေးတစ်ရပ် ပြုလုပ်သွားမည် ဖြစ်သည်။
အပစ်ရပ်မူကြမ်းအတွက် ဆက်လက်ဆွေးနွေးရန် NCCT တောင်းဆိုထားသည့် အချက်များကို အစိုးရဘက် မှ ပြင်ဆင်ညှိနှိုင်းမှုများပြုနေသည်ဟုလည်း အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ၏ အကြီးတန်းအရာရှိ ဦးလှမောင်ရွှေက မဇ္ဈိမကို ပြောသည်။
အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအကြား တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုများ ရပ်စဲရေးအတွက် ဆွေးနွေးမှုပေါင်း ၂၀ဝ ကျောြ်ပုလုပ်ခဲ့ပြီး အပစ်ရပ်မူကြမ်းညှိနှိုင်း မှု ခြောက်ကြိမ်ခန့် တွေ့ဆုံ ပြီးဖြစ်သည်။