တစ်နိုင်ငံလုံး အပစ်ရပ်ပြီးနောက် ကျင်းပမည့် နိုင်ငံရေးဆွေးနွေးပွဲအတွက် မူဘောင်ကို တိုင်းရင်းသားပါတီများ ရေးဆွဲထားရာ လေးခုဖြစ်နေသည်ကို အောက်တိုဘာ ၁၅ ရက်တွင် တစ်ခုတည်း အဖြစ်ပေါင်းစည်း လိုက်ပြီဟု ဒေါက်တာ ဂမ်ဂျန်ဒါးက ပြောသည်။
ညီနောင်တိုင်းရင်းသားများ ဖက်ဒရေးရှင်း (NBF)၏ ဥက္ကဋ္ဌ ဒေါက်တာဂမ် ဂျန်ဒါးက “မပါသေးတာ NLD နဲ့ ကြံ့ခိုင်ရေးပဲ ရှိပါတယ်” ဟု ပြောသည်။
အဆိုပါ မူဘောင်လေးခုမှာ ထူးထူးခြားခြားကွဲပြားနေမှု မရှိသဖြင့် ပေါင်းစည်းရာတွင် အခက်အခဲမရှိဟု NBF မှ ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းစောသန်းမြင့်ကလည်း မဇ္ဈိမကို ပြောသည်။ မူဘောင်တွင် နိုင်ငံရေး ဆွေးနွေးပွဲ ကျင်းပရာ၌ပါ၀င်မည့် အစုအဖွဲ့၊ ကျင်းပမည့် ပုံစံစသည်တို့ ပါ၀င်သည်။
ညီနောင်တိုင်းရင်းသားများ ဖက်ဒရေးရှင်း (NBF) မှ နှစ်ခု၊ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာ မိတ်အဖွဲ့ (UNA)မှ တစ်ခုနှင့် ဖက်ဒရယ်ဒီမို ကရက်တစ်မဟာမိတ်(FDA) မှ တစ်ခုတို့ကို ပေါင်းစည်းခြင်း ဖြစ်သည်။
အဆိုပါအဖွဲ့များတွင် ပါတီ ၅၀ ကျော်ပါ၀င်ပြီး ကိုယ်စားလှယ် ၁၅ ဦး ရွေးချယ်ကာ ကော်မတီ ဖွဲ့ဆောင် ရွက် ခြင်းဖြစ်သည်။
ကော်မတီသည် အစိုးရထံပေးပို့ ညှိနှိုင်းခြင်း၊ တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များနှင့် ယခုလ ကုန်တွင် နေပြည်တော်၌ ဆွေးနွေးခြင်းတို့ ပြုလုပ်ရန် စီစဉ်ထားသည်ဟု ဒေါက်တာ ဂမ်ဂျန်ဒါးက ဆိုသည်။