ရခိုင်ပြည်နယ် မာန်အောင် မြို့နယ်တွင် ရွှံ့မီးတောင်တစ်လုံး ထပ်မံ ပေါက်ခဲ့သည်ဟု မာန်အောင် လူမှုကွန်ရက် အဖွဲ့ဝင် ဦးသက်နိုင်စိုးက မဇ္စျိမကိုပြောသည်။
မာန်အောင်ကျွန်း၏ အနောက်ဘက် ၁၄ မိုင်အကွာရှိ ကျေးရွာနှစ်ခုအကြားတွင်ရှိသော ရွှ့ံမီးတောာင်သည် အောက်တိုဘာ ၉ ရက် ညနေပိုင်းက ပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။
“လူတွေတော့ ဘာမှမဖြစ်ဘူး။ လယ်ဧက နည်းနည်းပါးပါးတော့ ရွှံ့တွေ ဖုံးသွားတယ်၊ ဧက အတိအကျတော့ မပြောတတ်သေးဘူး” ဟု ဦးသက်နိုင်စိုးက ပြောသည်။
ရခိုင်ပြည်နယ် ကျောက်ဖြူ မြို့နယ်တွင် သြဂုတ်လ အတွင်းက ရွံ့မီးတောင် တစ်လုံးပေါက်ကွဲခဲ့ပြီး လယ်ယာမြေဧက သုံးရာကျော် ရွှံ့များဖုံးလွှမ်းခဲ့သေးသည်။
ရခိုင်ပြည်နယ် ကျောက်ဖြူ မြို့နယ်နှင့် မာန်အောင်ကျွန်းတို့တွင် ရွှံ့မီးတောင် အများအပြားရှိသည်ဟု ဒေသခံများက ဆိုသည်။
သြဂုတ်လအတွင်းကလည်း ကျောက်ဖြူအထူးစီးပွားရေးဇုန် ပြုလုပ်ရန် ယခင်က လျာထားထားသည့် နေရာအနီးတွင် ရွှံ့မီးတောင်တစ်ခု ပေါက်ကွဲကာ လယ်ဧက ၂၀၀ ကျော် ပျက်ဆီးဆုံးရှုံးခဲ့ရသည်။