မြန်မာနိုင်ငံတွင် ပထမဆုံးသော ကျန်းမာရေး အာမခံစနစ်ကို ၂၀၁၅ ခုနှစ် ဧပြီလဆန်းတွင် ရန်ကုန်တိုင်းရှိ မြို့နယ်များတွင် စတင်စမ်းသပ် လုပ်ကိုင််တော့မည်ဟု ဘဏ္ဍာရေး ဝန်ကြီးဌာန မြန်မာ့အာမခံလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးအေးမင်းသိန်းက ပြောသည်။
“ကျန်းမာရေးအာမခံစနစ်ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရလက်အောက်က မြို့နယ်တွေမှာ စတင်စမ်းသပ် လုပ်ကိုင်သွားဖို့ စီစဉ်နေပါတယ်” ဟု ပြောသည်။ “စမ်းသပ်မယ်၊ ပြင်စရာဖြည့်စရာတွေ ထပ်ပြင်ဆင်မယ်” ဟုလည်း ပြောသည်။
ကျန်းမာရေးအာမခံမှာ နိုင်ငံအလိုက် စည်းမျဉ်းစည်းကမ်းများနှင့် ပေးအပ်သည့် ပုံစံများ မတူညီသည့်အတွက် အစိုးရနှင့် ပုဂ္ဂလိကဆေးရုံများ ချိတ်ဆက်ထားပြီး ဆေးရုံတက်ပါက ရောဂါမခွဲခြားဘဲ ဆေးရုံတက်စရိတ်ကို ထုတ်ပေးရန် စီစဉ်ထားသည်။ တစ်ယူနစ်အတွက် တစ်ရက်လျှင် ငွေကျပ် တစ်သောင်းနှုန်းဖြစ်သည်ဟု ဆိုသည်။
စမ်းသပ်ကာလကို ခြောက်လမှ တစ်နှစ်ကြား သတ်မှတ်ထားပြီး စမ်းသပ်ကာလအတွင်း ရန်ကုန်နှင့် မန္တလေးမြို့များတွင်သာ အာမခံခွင့် ပေးသွားမည်ဟု ဆိုသည်။