တောင်ကြီးမြို့တွင် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်၊ အမှတ်(၂၀၂) ဆက်သွယ်ရေးတပ်နှင့် ယာဉ်ထိန်းရုံးဝင် ပေါက်အနီးတို့တွင် ချိန်ကိုက်ဗုံးသုံးလုံး ဆက်တိုက်ပေါက်ကွဲမှုအပြီး နေပြည်တော်ကောင်စီနယ် မြေတွင် ရဲတပ်ဖွဲ့နှင့် တပ်မတော်ပူးတွဲကင်းလှည့်ကာ လုံခြံုရေး တင်းကျပ်ထားသည်ဟု နေပြည်တော်ရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အမည်မဖော်လိုသူ ရဲမှူးတစ်ဦးက "ကျွန်တော်တို့ နေပြည်တော်လုံခြံုရေးကို ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင် ရပ်ကွက်မှ တပ်မတော်ကင်းနဲ့ ပူးတွဲကင်းလှည့်တာတွေ လုပ်နေပါတယ်" ဟု ပြောသည်။
နေပြည်တော်ပျဉ်းမနားမြို့နယ်တွင် သုံးရက်တာကျင်းပနေသည့် နှစ်ကျိပ်ရှစ် ဆူဘုရားပွဲများနှင့် အောက်တို ဘာလ ၉ ရက်တွင် စတင်ကျင်းပမည့် အသက် ၁၉ နှစ်အောက် အာရှဘောလုံးပွဲရှိသဖြင့် လုံခြံုရေးကို ပိုမို တင်းကျပ်ထားရခြင်း ဖြစ်သည်ဟုလည်း ၎င်းက ပြောသည်။
၎င်းက "ညပိုင်းဆို ဟိုတယ်ဇုန်မှာ တပ်မတော်က လှည့်ကင်းတွေရှိတယ်၊ ကျွန်တော်တို့လည်း နေ့၊ ညအလှည့် ကျ ကင်းလှည့်နေရတယ်" ဟု ဆိုသည်။
ထို့အတွက် နေပြည်တော်ရှိ ရဲတပ်ရင်းများသာမက နေပြည်တော်တိုင်းမှ ရဲတပ်ရင်းများကိုလည်း ထပ်မံအား ဖြည့်ထားသည်ဟု ၎င်းက ပြောသည်။
ထို့ပြင် နေပြည်တော်ကောင်စီနယ် မြေရှိရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့အားလည်း ထူးခြားမှုများရှိပါက ချက်ချင်း သတင်းပို့ရန် ညွနြ်ကားထားသည်။