မြန်မာအကျဉ်းသား သုံးထောင်ကျော်နှင့် နိုင်ငံခြားသား ၅၈ ဦး လွတ်ငြိမ်းချမ်းသာခွင့်ပေး

မြန်မာအကျဉ်းသား သုံးထောင်ကျော်နှင့် နိုင်ငံခြားသား ၅၈ ဦး လွတ်ငြိမ်းချမ်းသာခွင့်ပေး
by -
မဇ္စျိမ

အကျဉ်းထောင်အသီးသီး၌ ပြစ်ဒဏ်ကျခံနေရသည့် မြန်မာအကျဉ်းသား ၃၀၇၃ဦး နှင့် နိုင်ငံခြားသား ၅၈ဦးကို ယနေ့ (အောက်တိုဘာ ရရက်)တွင် လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

"နိုင်ငံတော်သမ္မတက ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၀၄ ပုဒ်မခွဲ (က) နဲ့အညီ အကျဉ်းထောင်အသီးသီးမှာ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား ၃၀၇၃ ဦး ကို နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင် ့တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးအတွက်လည်းကောင်း၊ လူသားချင်းစာနာထောက်ထားမှူကို အလေးပေး သောအားဖြင့်လည်းကောင်း ၂၀၁၄ ခုနှစ် အောက်တိုဘာလ ရ ရက်နေ့မှာ ပြစ်ဒဏ် လွတ်ငြိမ်းခွင့်များပေးအပ်ခဲ့သည်"ဟု ထုတ်ပြန်ထားသည်။

သို့သော် မည်သည့်အကျဉ်းထောင်မှ ဘယ်နှဦး လွတ်ပေးသည်ဆိုသည့် အသေးစိတ်ကိုမူ ထုတ်ပြန်ထားခြင်း မရှိသေးပေ။

ယနေ့ အကျဉ်းသားများကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခြင်းသည် သမ္မတဦးသိန်စိန် အစိုးရလက်ထက်တွင် ၁၅ကြိမ်မြောက် လွတ်ငြိမ်းခွင့် ပေးခြင်းဖြစ်ပြီး ၂၀၁၃ခုနှစ် ဒီဇင်ဘာလ ၃၀ရက်က နောက်ဆုံးအနေဖြင့် လွှတ်ပေးခဲ့ပြီး ယနေ့အထိ လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့သည့် အကျဉ်းသား စုစုပေါင်း ၄၂၀၀ကျော် လွတ်မြောက်ခဲ့ပြီးဖြစ်သည်။