ကရင် လက်နက်ကိုင်တို့၏ မူးယစ်ဆေးတိုက်ဖျက် ကော်မတီ လုပ်ငန်းများ ရပ်ဆိုင်းထားရ

ကရင် လက်နက်ကိုင်တို့၏ မူးယစ်ဆေးတိုက်ဖျက် ကော်မတီ လုပ်ငန်းများ ရပ်ဆိုင်းထားရ
by -
မဇ္စျိမ

ကရင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ကရင်လက်နက်ကိုင် အဖွဲ့ငါးဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကော်မတီ၏ လုပ်ငန်းများရပ်ဆိုင်းသွား သည်ဟု ကရင်ပြည်နယ် နယ်ခြားစောင့်တပ် အကြမ်းဖက် နှိမ်နင်းရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်မှူး နိုင်မောင်ဇော်က ပြောသည်။

“ခုချိန်မှာ မူးယစ်ဆေးဝါးဖမ်းတာကို လုပ်လိုက်ရင် အချင်းချင်းပြန်ပစ်ကြလို့ဆုံးမှာ မဟုတ်တော့ဘူး။ အခြေ အနေတွေ ပြန်ငြိမ်တော့မှ စနိုင်မယ်ထင်တယ်” ဟု ၎င်းက ဆိုသည်။

Narcotic

ကော်မတီကို ဇူလိုင်လ ၁၅ ရက်က ဖွဲ့စည်းကာ နှစ်လကျော်အတွင်း နယ်မြေအလိုက် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ဆောင်ရွက်ခြင်း၊ အစီရင်ခံစာများရေးသား တင်သွင်းခြင်းတို့ ဆောင်ရွက်ထား ကြသည်။

သို့သော် လုပ်ငန်းဆောင်ရွက်ချိန်အတွင်း စစ်ဆေးမှုများသာ ဆောင်ရွက်နိုင်ခဲ့ပြီး မူးယစ်ဆေးရောင်းဝယ် သည့် အဖွဲ့အစည်းလိုက် ဖမ်းဆီးနိုင်ခဲ့ခြင်းမရှိဘဲ ရောင်းချသူအနည်းငယ်ကိုသာ ဖမ်းဆီးနိုင်ခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။

ကော်မတီကို ကရင်တိုင်းရင်းသား လက်နက်ကိုင်များ ညီညွတ်ရေး ကော်မတီဝင်များဖြစ်သော ကရင်အမျိုး သား အစည်းအရုံး (KNU)၊ နယ်ခြားစောင့်တပ် (BGF)၊ ဒီမိုကရေစီအကျိုးပြု ကရင့်အမျိုးသား တပ်မတော်(DKBA) ၊ ကရင်ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA Peace Council)၊ KPF (ဟောင်သရော အထူးဒေသ) အဖွဲ့တို့မှ အဖွဲ့ဝင် ၁၇ ဦးဖြင့် ဖွဲ့စည်းထားသည်။

မြန်မာနိုင်ငံ အရှေ့တောင်ဘက်ဒေသများတွင် ၂၀၁၂ ခုနှစ် အစိုးရနှင့် လက်နက်ကိုင်အဖွဲ့များ အပစ်အ ခတ်ရပ်စဲပြီးချိန်မှစ၍ မူးယစ်ဆေးဝါး ရောင်းဝယ် သုံးစွဲမှုနှုန်းများ မြင့်တတ်လာကာ ကရင်လက်နက်ကိုင် အဖွဲ့များ ပါဝင်ပတ်သက်နေကြောင်း ထိုင်းနိုင်ငံအခြေစိုက် ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) က ၂၀၁၄ ခုနှစ်၊ မေလက ထုတ် ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြသည်။

မူးယစ်ဆေးဝါးနှင့် ဆက်စပ် ပြစ်မှုကျူးလွန်သူများအဖြစ် တပ်မတော်၊DKBA၊ KNU၊ ၊ ကရင် ငြိမ်းချမ်း ရေးကောင်စီ၊KPF (ဟောင်သရော အထူးဒေသ)တို့မှ နယ်ခြားစောင့် တပ်မှူးများနှင့် စစ်သားများကို ပါဝင်သည်ဟု ဖော်ပြသည်။