ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်တွင် ယခုနှစ် ဘိန်းအထွက်နှုန်း လျော့ကျလာဖွယ်ရှိသည်ဟု မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်သိန်းက ပြောသည်။
ထိုသို့ ဘိန်းအထွက်နှုန်းလျော့ကျ စေရန် မြို့နယ်အတွင်း မူးယစ်ဆေးကာ ကွယ်တားဆီးရေးအဖွဲ့များကို မြို့နယ်မှ ရပ်ကွက်နှင့် ကျေးရွာအဆင့်အထိ ဖွဲ့စည်းထားပြီး ကျောင်းများ၊ ရပ်ကွက်များအတွင်း ပညာပေး ဟောပြောခြင်း၊ ဘိန်းစိုက်တောင်သူများကို စည်းရုံးနေသည်ဟု ၎င်းက ဆိုသည်။
“စိုက်ပျိုးမှုရှိလာရင် အချိန်မီဖျက်ဆီးနိုင်အောင် အစီအမံတွေ လုပ်ထားတယ်” ဟု ရဲမှူးမြင့်သိန်းက ပြော သည်။
သို့သော် မြို့နယ်အတွင်း ဘိန်းစိုက်ပျိုးမှုများ ရှိနေဆဲဖြစ်ပြီး ဘိန်းစိုက်ခင်းများ ဖျက်ဆီးရန် ကျေးရွာအုပ်ချုပ် ရေးမှူးများနှင့် ပူးပေါင်းဆောင်ရွက်နေသည်ဟု မြို့နယ်ရဲတပ်ဖွဲ့မှူးက ဆိုသည်။
ရှမ်းပြည်တောင်ပိုင်းသည် နိုင်ငံအတွင်း ဘိန်းထွက်ရှိမှု၏ ၄၆ ရာခိုင်နှုန်း ကျော်ရှိပြီး ကွန်ဟိန်း၊ ပင်လောင်း၊ လွိုင်လင်မြို့နယ်များတွင် အများဆုံး ထွက်ရှိသည်ဟု မူးယစ်ဆေးဝါးနှိမ်နင်း ရေးရဲတပ်ဖွဲ့စု၊ တပ်ဖွဲ့ခွဲ (၂) စာရင်းများတွင် ဖော်ပြထားသည်။
ရှမ်းပြည်တောင်ပိုင်းတွင် ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှု တားဆီးရေးရုံး (UNODC) နှင့် ပူးပေါင်း ပြီး ပင်လုံ၊ လွိုင်လင်၊ ဟိုပုံးမြို့များ၌ ကော်ဖီ၊ ရော်ဘာအစရှိသည့် ဘိန်းအစားထိုး သီးနှံစိုက်ပျိုးနိုင်ရန် ပြုလုပ်နေသည်။
သို့သော် ဘိန်းစိုက်ပျိုးသည်ဟု ယူဆရသော အိမ်ထောင်စုတစ်သိန်းသုံး သောင်းကျော်အနက် အိမ်ထောင်စု ၂,၃၀၀ကျော်သာ လက်တွဲဆောင်ရွက် နေသည်ဟု မူးယစ်ဆေးဝါးနှိမ်နင်းရေး တပ်ဖွဲ့ခွဲ(၂) စာရင်းများက ဆိုသည်။