ရှမ်း​တောင်တွင် အစိုးရတပ်နှင့် SSA တိုက်ပွဲ ထပ်ဖြစ်

ရှမ်း​တောင်တွင် အစိုးရတပ်နှင့် SSA တိုက်ပွဲ ထပ်ဖြစ်
by -
မဇ္စျိမ

ရှမ်းပြည် တိုးတက်​ရေးပါတီ၊ ရှမ်းပြည်​တပ်မ​တော် SSPP/SSA နှင့် အစိုးရတပ်တို့ ​အောက်တိုဘာလ ၂ ရက်နေ့ နံနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု SSPP တိုင်းရင်းသား​ရေးရာဌာန၊ ဒုတိယတာဝန်ခံ ဗိုလ်မှူးကြီး ပိန်ဖက မဇ္စျိမကို ​ပြောသည်။

ရှမ်းပြည်နယ်​တောင်ပိုင်း ​ကျေးသီးမြို့နယ် တာဖာ​ဆောင်​ဒေသတွင် နံနက် ၅ နာရီ ဝန်းကျင်က ဖြစ်ပွားခဲ့ခြင်းဟု ဆိုသည်။

“နှစ်နေရာလောက်ပေါ့။ ပန်ကျေနဲ့ တာဖာဆောင်မှာ နှစ်နေရာ လာတိုက်တယ်။ မနက်က သတင်းပေးပို့ချက် အရတော့ တိုက်ပွဲဖြစ်နေတုန်းဘဲ” ဟု ဗိုလ်မှူးကြီး ပိန်ဖက ​ပြောသည်။

ပြီးခဲ့သည့် နှစ်ရက်က လားရှိုး တန့်ယန်းနှင့် မိုးညဲမြို့နယ် ကျိန်းသောင်းဒေသဘက်မှ အစိုးရ စစ်ဗျူဟာ ၅ ခုမှ အင်အား ၁၀၀၀ ခန့် တိုးမြင့်ချလာသဖြင့် တိုက်ပွဲ စတင်ဖြစ်ပွားခြင်းဟုလည်း ​ပြောသည်။