ရှမ်းပြည် တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/SSA နှင့် အစိုးရတပ်တို့ အောက်တိုဘာလ ၂ ရက်နေ့ နံနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု SSPP တိုင်းရင်းသားရေးရာဌာန၊ ဒုတိယတာဝန်ခံ ဗိုလ်မှူးကြီး ပိန်ဖက မဇ္စျိမကို ပြောသည်။
ရှမ်းပြည်နယ်တောင်ပိုင်း ကျေးသီးမြို့နယ် တာဖာဆောင်ဒေသတွင် နံနက် ၅ နာရီ ဝန်းကျင်က ဖြစ်ပွားခဲ့ခြင်းဟု ဆိုသည်။
“နှစ်နေရာလောက်ပေါ့။ ပန်ကျေနဲ့ တာဖာဆောင်မှာ နှစ်နေရာ လာတိုက်တယ်။ မနက်က သတင်းပေးပို့ချက် အရတော့ တိုက်ပွဲဖြစ်နေတုန်းဘဲ” ဟု ဗိုလ်မှူးကြီး ပိန်ဖက ပြောသည်။
ပြီးခဲ့သည့် နှစ်ရက်က လားရှိုး တန့်ယန်းနှင့် မိုးညဲမြို့နယ် ကျိန်းသောင်းဒေသဘက်မှ အစိုးရ စစ်ဗျူဟာ ၅ ခုမှ အင်အား ၁၀၀၀ ခန့် တိုးမြင့်ချလာသဖြင့် တိုက်ပွဲ စတင်ဖြစ်ပွားခြင်းဟုလည်း ပြောသည်။