တပ်မတော်နှင့် ကေအိုင်အိုကြား တိုက်ပွဲထိတွေ့မှု ၉၀ ရာခိုင်နှုန်းထိ လျော့ကျဟုဆို

တပ်မတော်နှင့် ကေအိုင်အိုကြား တိုက်ပွဲထိတွေ့မှု ၉၀ ရာခိုင်နှုန်းထိ လျော့ကျဟုဆို
by -
မဇ္စျိမ

တပ်မတော်နှင့်  KIO  အကြားတိုက်ပွဲများ ဖြစ်ပွားမှုလျော့ကျပြီး နယ်မြေထိစပ်နေသည့် နေရာများတွင် နှစ် ဖက်တပ်ထိတွေ့ပစ်ခတ်မှုများ ၉၀ ရာခိုင်နှုန်းခန် ့လျော့ကျသွားပြီဟု ကချင်လွတ်မြောက်ရေးတပ်မတော် (KIO) ၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီမှ အကြီးတန်းအရာရှိ ဦးလမိုင်ဂွမ်ဂျာက မဇ္ဈိမကိုပြောသည်။

စက်တင်ဘာလ ၅ ရက်တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ အစိုးရနှင့် ကေအိုင်အိုတို့၏ ပဋိပက္ခညှိ နှိုင်းဖြေရှင်းရေးကော်မတီနှစ်ရပ် ခြောက်ကြိမ်မြောက်တွေ့ဆုံဆွေးနွေးရာမှ ထွက်ရှိလာသည့် အချက်ဖြစ် သည်ဟု ဦးလမိုင်ဂွမ်ဂျာက ပြောသည်။

531

“ကော်မတီက စောင့်ကြည့်တယ်။ အထက်ကဆွေးနွေးတဲ့ အချက်တွေကို အောက်ခြေကို စီးဆင်းအောင် လုပ်တော့ နားလည်မှုတွေရလာတာပါ”ဟု ပြောသည်။

နိုင်ငံလုံးဆိုင်ရာအပစ်ရပ်ရေးညှိနှိုင်းမှုများ အောင်မြင်နေသော်လည်း ၂၀၁၄ ခုနှစ်၊ နှစ်လယ်ပိုင်းထိ အစိုးရ နှင့် ကေအိုင်အိုတို့အကြား အောက်ခြေတပ်များတွင် ပစ်ခတ်တိုက်ခိုက်မှုများ ရှိနေခဲ့သည်။

အစည်းအဝေးတွင် နိုင်ငံတော်ကပြန်လည်ဖွင့်လှစ်လုပ်ကိုင်ခွင့် ပေးထားသည်ဟုအမည်ထွက် နေသည့် ကျောက်စိမ်းတူး ဖော်ရေးဖားကန့်မှော်ကိစ်္စနှင့်မူးယစ် ဆေးဝါးတားဆီး ပညာပေး ရေးဆိုင်ရာ ကိစ္စရပ်များလည်း ဆွေးနွေးခဲ့သည်ဟု နှစ်ဖက်တာ ၀န်ရှိသူများက မဇ္ဈိမ ကိုပြောသည်။

ဦးလမိုင်ဂွမ်ဂျာက “မှော်ကိစ္စက ကောလာဟလပါ၊ နောက်(KIO)နယ်မြေမှာ မူးယစ်ဆေးဝါးထိန်းချုပ် ပညာ ပေးတာ အရင်ကမအောင်မြင်ဘူး၊ ခုတော့တော်ေ တာ် အောင်မြင်တယ်၊ အရင်ကလမ်းပေါ်မှာ၊ ကျောင်းမှာ သုံးတဲ့ သူတွေရှိတယ်။ အခုပပျောက်လာပြီ” ဟု ဆိုသည်။

မူးယစ်ဆေးဝါးပပျောက်ရေး လုပ်ငန်းဆောင်ရွက်ရာ ကေအိုင်အိုမှ ဖမ်းဆီးကာ အစိုးရထံအပ်နှံခြင်းများ ပြု လုပ်နေပြီး မှောင်ခိုဂိုဏ်းများကိုလည်း ပူးပေါင်းဖမ်း ဆီး နိုင်ရန် ဆွေးနွေးနေဆဲဖြစ်သည်။

အစည်းအဝေးတွင် ဆွေးနွေးကြသူများမှာ အစိုးရဘက်က ကချင်ပြည်နယ် နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူး ကြီးသန်းအောင် ဦးဆောင်ပြီး ပြည်နယ်အစိုးရအဖွဲ့ အဆင့်မြင့်အရာရှိများ ပါ၀င်သည်။ ကေအိုင်အို အဖွဲ့ တွင်ကေအိုင်အိုမှ ဗိုလ်မှူးကြီးဇော်တောင် ဦးဆောင်သည့် အဖွဲ့တို့ဖြစ်သည်။