ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် အခမဲ့ကုသနိုင်သည့် စာရင်းထုတ်ပြန်

ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် အခမဲ့ကုသနိုင်သည့် စာရင်းထုတ်ပြန်
by -
မဇ္စျိမ

ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူသူ လူနာများအတွက် အခမဲ့ကုသနိုင်သည့် စာရင်းကို သြဂုတ် ၂၇ ရက်တွင် ထုတ်ပြန်လိုက်သည်။

ထုတ်ပြန်ချက်က သြဂုတ် ၁ ရက်မှ စတင်အကျုံးဝင်သည်ဟုဆိုထားပြီး အတွင်းလူနာများ သွေးသွင်းကုသခြင်း နှင့် အချို့သော ဓာတ်ခွဲစမ်းသပ်မှုများ၊ အရေးပေါ်လူများအတွက် အခြေခံဓာတ်ခွဲစမ်းသပ်မှုများဖြစ်သည့် Digital X-Ray ၊ Ultrasound ရိုက်ကူးမှုများ၊ ဆေးမှတ်တမ်းစာအုပ်ပြုလုပ်ခ၊ အခြေခံဆေးဝါးနှင့် ခွဲစိတ်ခန်းသုံးပစ္စည်းများကို အခမဲ့ပေးမည်ဟု ဆိုသည်။

General-Hospital-Yangon

ယင်းသည် တိုးတက်ရရှိလာသော ရန်ပုံငွေများဖြင့် ရန်ကုန်ဆေးရုံကြီးသို့ လာရောက်ပြသသူများ ကုန်ကျငွေ ကျဆင်းစေရန် ရည်ရွယ်သည်ဟု ဆိုသည်။

မကြာသေးမီကလည်း ရန်ကုန်အထွေထွေရောဂါကုဆေးရုံကြီး (ဂျပန်ဆေးရုံ)မှ ဆေးလူမှုဆက်ဆံရေးအရာရှိ ဦးအေးမြင့်က နိုင်ငံအတွင်း ကုတင် ၁၀၀ နှင့် အထက်ဆေးရုံများတွင် လူနာများ၏ ကိစ္စအထွေထွေအတွက် ဆေးလူမှုဆက်ဆံရေးဌာန (Medical Social Work) က ကူညီဖြေရှင်းပေးနေသည်ဟု မဇ္ဈိမကို ပြောသည်။

၎င်း၏အဆိုအရ ဆေးကုသမှုခံယူနေရသူများသည် ငွေကြေး၊ လူနာစောင့်အခက်အခဲ၊ ဆေးရုံဆင်းသောအခါ သွားစရာနေရာမရှိခြင်း၊ နှစ်သိမ့်ဆွေးနွေးပညာပေးခြင်း၊ ဆေးရုံရှိ၀န်ထမ်းများနှင့် အဆင်ပြေမှုမရှိခြင်း၊ အခမဲ့ဆေးကုသမှုခံယူလိုခြင်းစသည်တို့ကို ဆေးလူမှုဆက်ဆံရေးဌာနတွင် အကူအညီတောင်းနိုင်သည်။