ရခိုင်ပြည်နယ် နယ်စပ်လုံခြံုရေး မကျိုးပေါက်စေရန် ကြည်း၊ ရေ၊ လေတပ်ဌာန ချုပ်များ အပါအဝင် နယ်နိ မိတ်မျဉ်းတစ်လျှောက် ကာကွယ်ရေးနှင့် လုံခြံု ရေးစနစ်များ စီမံဆောင်ရွက်ထားသည်ဟု ပြည်ထဲ ရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်ကျော်ထွန်းက အမျိုးသားလွှတ်တော် ဒသမပုံမှန်အစည်း အဝေးတွင်ပြောသည်။
“နယ်စပ်ဒေသမှာ လုံခြံုရေးမကျိုးပေါက်စေရန် သက်ဆိုင်ရာ တပ်၊ ဌာနချုပ်များ အပြည့်အဝထားရှိ စီးမံပြီး ဆောင်ရွက်လျက်ရှိပါတယ်”ဟု ပြောသည်။
အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်က ရခိုင်ပြည်နယ် အတွင်း နယ်စပ်လုံခြံုရေးတာများ ကျိုးပေါက်ခဲ့ရသဖြင့် ပြန်လည်တည်ဆောက်မည့် အစီအမံများ၊ ပြည်သူ့စစ် မဟာဗျူဟာ စတင်ကျင့်သုံးမည့် အခြေအနေ၊ ကျေးရွာ ပြည်သူ့စစ်အဖွဲ့များနှင့် နယ်မြေလုံးခြံုမှုကို ပူးတွဲဆောင်ရွက်မည့် အစီအမံများနှင့် နယ်ခြားလုံခြံုရေးဆိုင်ရာ ဥပဒေတစ်ရပ် ရေးဆွဲပြဋ္ဌာန်းရန် အစီအစဉ် ရှိမရှိ မေးမြန်းခဲ့ခြင်းဖြစ်သည်။
“နယ်ခြားလုံခြံုရေး တာဝန်ယူထားတဲ့ ပုဂ်္ဂိုလ်တွေကိုယ်တိုင် လုံခြံုရေးချိုးဖောက်ခံနေရတယ်ဆိုတာမျိုးကို ကျွန်တော်တို့ ဆွေးနွေးတဲ့အခါမှာ နှစ်နိုင်ငံပြဿနာဖြစ်သွားနိုင်တဲ့ ဝေါဟာရတွေ ပါသွားမှာစိုးလို့ လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် မိနစ် ၂၀ လောက်တွေ့ပါတယ်။ ပြောရမှာက အများကြီးရှိပေမယ့် အားလုံးကို အကျဉ်းချုံးပြီး အကောင်းဆုံးဖြစ်အောင် မေးတာပါ”ဟု ဒေါက်တာ အေးမောင်က မီဒီယာများကိုပြောသည်။
လက်ရှိအချိန်တွင်မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ဒေသတစ်လျှောက်တွင်နယ်မြေ ၁၁ ခု ပိုင်းခြားပြီး နယ်ခြား စောင့်ရဲတပ်ဖွဲ့ခွဲများနှင့် နိုင်ငံခြားသားများ မတရားဝင်ရောက်မှု ကာကွယ်တားဆီးရေး အဖွဲ့(မကဖ)၊ အကောက်ခွန်ဦးစီးဌာနများ ပူပေါင်းပြီး နယ်စပ်ဒေသနှင့် နယ်မြေလုံခြံုရေးကို ဆောင်ရွက်ထားသည်ဟု ဆိုသည်။
“နယ်ခြားခြံစည်းရိုးကာတဲ့ မိမိရဲ့ နယ်မြေထဲအတွင်းထဲက ကင်းလှည့်နေတဲ့ ဖြစ်စဉ်ထဲမှာ နယ်ခြားစောင့် ရဲတပ်သားခုနစ်ဦးမှာလေးဦးကျဆုံး၊ တစ်ဦးက နောက်ပြန်တွေ့တယ်ဆိုတာမျိုးနဲ့ တစ်ဖက်နိုင်ငံထဲ အခြေပြုတဲ့လို့ သုံးသပ်တဲ့ RSO ၆၀ လောက်က ၀င်ရောက်ပစ်ခက်တဲ့ ဖြစ်စဉ်မျိုး ကြံုတွေ့ခဲ့ရတယ်။ လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေအရ နိုင်ငံတော်ရဲ့ လုံခြံုရေးအစစအရာအားလုံးကို ပြည်တွင်းလုံခြံုရေးအထိ ပြည်ထောင်စုအစိုးရကပဲ တာဝန်ပိနေပြီးတော့ ပြည်နယ်အစိုးရလုံခြံုရေတာနဲ့ပတ် သက်လို့ ယို့ယွင်းပျက်စီးနေတာ ဖြစ်ပါတယ်” ဟု ဒေါက်တာအေးမောင်က မေးမြန်စဉ် ထည့်သွင်းပြောကြားခဲ့သည်။
၂၀၁၄ခုနှစ်၊မေလတွင် နယ်စပ်မှတိုင်၅၂ နှင့် နတ်ရေကန်ကြားမှာဖြစ်ခဲ့သည့်နယ်စပ်မှတ်တိုင် ၅၃ ရဲကင်း စခန်းနယ်ခြားစောင့်ရဲတပ်ဖွဲ့ရှစ်ဦးသည် နယ်စပ် ခြံစည်းရိုးလုံခြံုရေးကို လှည့်ကင်းလုံးခြံုရေးပြုလုပ်ချိန်တွင် တိုက်ခိုက်ခဲ့ခြင်းသည် အလစ်အငိုက်ပစ်ခက်ခံရခြင်းဖြစ်ပြီး နယ်မြေတစ်စိတ်တစ်ပိုင်းနှင့် တစ်ခုလုံး ရန်သူ့ လက်အောက်သို့ ရောက်သွားခြင်း၊ လုံခြံုရေးစည်း ကျိုးပေါက်ခြင်း မဟုက်ဘူးဟု ဒုတိယဝန်ကြီးက ပြောသည်။
မောင်တောခရိုင်နှင့် ဘူးသီးတောင်မြို့ နယ်များတွင် နယ်မြေလုံခြံုရေးအတွက် ပြည်သူ့စစ်ဖွဲ့စည်းပြီး မိမိရပ်ရွာကို လုံခြံုရေးယူကာ စတင်ကျင့်သုံးနိုင်ရန်အတွက် ကွပ်ကဲမှုနယ်မြေ ၁၀ ခုအောက်တွင် ကျေးရွာအုပ်စုများရှိ ပြည်သူစစ်များကို မောင်းပြန်လက်နက်များ တပ်ဆင်ကာ စီမံထမ်းဆောင်လျက်ရှိသည်ဟု ပြောသည်။
လူအုပ်စုဖြင့် အကြမ်းဖက်မှုကို ထိရောက်စွာ ကာကွယ်ထိန်းသိမ်းနိုင်ရေးနှင့် နှစ်နိုင်ငံနယ်စပ်အနီး တိုက်ခိုက်မှုများ ထပ်မံမဖြစ်စေရန် တစ်ပတ်လျှင် သုံးရက်ညှိနှိုင်းကာ ဆောင်ရွက်လျက်ရှိသည်။ နယ်စပ်ဒေသရှိ တပ်ဖွဲ့ဝင်များ စွမ်းရည် မြင့်မားစေရန် စစ်နည်းဗျူဟာအဆင့် သင်တန်း၊ လက်နက်ငယ် ကျွမ်းကျင်မှု သင်တန်း၊ အဓိကရုဏ်း နှိမ်နှင်းရေး သင်တန်းများကို လည်းဆောင်ရွက်ပေးလျက်ရှိသည်။
ရခိုင်ပြည်နယ် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်နိမိတ်ထိစပ်မှုက ရေပြင်မှာ နတ်ဝမြစ်ဝမှ နယ်စပ်မှတ်တိုင် ၃၁ အထိ ၃၉ ဒသမ ၈၂ မိုင် ကုန်းနယ်နိမိတ်နယ်စပ် မှတ်တိုင် ၃၁ မှ နယ်စပ်မှတ်တိုင် ရ၃ ရှိပြီး သုံးနိုင်ငံနယ် နိမိတ်ဆုံရာအထိ ၁၂၈ ဒသမ ရ၅ မိုင် ဖြစ်သည်။