မန္တလေးပဋိပက္ခဖြစ်ပွားစေခဲ့သည့် လ္ဘက်ရည်ဆိုင်ပိုင်ရှင်က အဓမ္မပြုကျင့်သည်ဟု ပျဉ်းမနားမြို့မ ရဲစခန်းတွင် လိမ်လည်တိုင်းတန်ခဲ့သည့် အမျိုးသမီးနှစ်ဦးကို ပြည်ထောင်စုရှေ့နေ့ချုပ်ရုံး၏ အကြံပြုချက်ဖြင့် ပျဉ်းမနားမြို့နယ်တရားရုံးတွင် တစ်ပတ်အတွင်း တရားစွဲဆိုသွားမည်ဟု ပြည်ထဲရေးဝန်ကြီးဌာန တာဝန်ရှိသည့် အဆင့်မြင့်အရာရှိတစ်ဦးက ပြောသည်။
"ဒီလီဆယ်တိုင်းတန်မှုကြီးက ဘယ်လောက်ထိ ကြီးကျယ်သွားလဲဆိုတော့ မန္တလေးမြို့ကြီးမှာ ပဋိပက္ခဖြစ်တဲ့အထိ ဖြစ်သွားတယ်ဆိုတော့ အဲဒီပဋိပက္ခ ဖြစ်အောင် အကွက်ဆင်တဲ့သဘောပေါ့” ဟု အဆင့်မြင့်အရာရှိကပြောသည်။
အဆိုပါအမှုကို တရားစွဲဆိုရန်အတွက် ရဲတပ်ဖွဲ့အနေဖြင့် မည်သည့်ပုဒ်မများဖြင့် အရေးယူဆောင်ရွက်မည်ကို ပြည်ထောင်စုရှေ့နေ့ချုပ်ရုံးသို့ အကြံပြုချက် တောင်းခံထားခြင်းဖြစ်ပြီး အဆိုပါရုံး၏ အကြံပြုချက်အတိုင်း တရားစွဲဆိုသွားမည်ဖြစ်သည်။
လီဆယ် တိုင်တန်းရန် စီစဉ်ညွှန်ကြားသူများဖြစ်သည့် ဖြူဖြူမင်း(ခ)ကတုံးမနှင့် နုနုမြတ် နှစ်ဦးကို ပျဉ်းမနားမြို့ နယ် တရားရုံးတွင် ရုံးထုတ်ပြီး ဒုတိယအကြိမ်ရမန်ကြီး နှစ်ပတ်ယူထားသော်လည်း တစ်ပတ်အတွင်း တရားစွဲဆိုသွားမည်ဖြစ်သည်။
စီစဉ်ညွှန်ကြားသူများတွင် တစ်ဦးအပါအဝင်ဖြစ်သည့် ရဲထွဋ်(ခ) သူရရဲထွဋ်မှာ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ် သည်။
အဆိုပါကိစ္စအတွက် ပျဉ်းမနားမြို့မ ရဲစခန်းက (ပ) ၃၁၂၊ ၂ဝ၁၄ ပြစ်မှုဆိုင်ရာ ပုဒ်မ ၄၃၆/၅၁၁/၁၄၇/၁၈၂/၁ဝ၉ လီဆယ်မှု ပုဒ်မများဖြင့် အမှုဖွင့်အရေးယူထားသည်။