ထိုင်းနိုင်ငံရောက် အထောက်ထားမဲ့ရွှေ့ပြောင်း မြန်မာအလုပ်သမားများအတွက် လေးနှစ်အလုပ်လုပ်ခွင့် လက်မှတ်( Work Permit) များရရှိရန် မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေးကော်မတီ အကျိုးဆောင် များက အလုပ်သမားများ အလုပ်လုပ်ကိုင်နေသည့် စက်ရုံများအထိ လိုက်လံ ကူညီဆောင်ရွက်ပေးမည်ဟု ဇူ လိုင်လ ၁၇ ရက်တွင် ထိုင်းနိုင်ငံအခြေစိုက် မြန်မာသံရုံးက ထုတ်ပြန်လိုက်သည်။
ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်နေသည့် အထောက်အထားမဲ့ နိုင်ငံခြားသားအလုပ်သမားများအတွက် ယာယီအလုပ်လုပ်ခွင့်နှင့်နေထိုင်ခွင့်အတွက်ရက် ၆၀ သက်တမ်းရှိ ပန်းရောင်ကတ်ပြားများကို ထိုင်းအစိုးရ ကထုတ်ပေးထားသည်။ ပန်းရောင်ကတ်ကိုင်ဆိုင်ထားသည့် နိုင်ငံခြားသားများသည် သက်ဆိုင်ရာနိုင်ငံ၏ အစိုးရက နိုင်ငံသားမှန်ကန်ကြောင်းထောက်ခံချက်ရပါက ထိုင်းအစိုးရ၏ အလုပ်လုပ်ကိုင်ခွင့်လက်မှတ် ထုတ်ပေးမည် ဖြစ်သည်။
ထိုင်းနိုင်ငံရောက် ပန်းရောင်ကတ်ကိုင် မြန်မာရွှေ့ပြောင်းအလုပ်သမားများကို နိုင်ငံသားမှန်ကန်ကြောင်း ထောက်ခံချက်များကို ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများကူညီစောင့်ရှောက်ရေးကော်မတီ အကျိုး ဆောင်များကအလုပ်သမားများလုပ်ကိုင်နေသည့်စက်ရုံအထိတာဝန်ယူကောက်ခံပေးမည်ဖြစ်သည်။
မြန်မာ နိုင်ငံသက်ဆိုင်ရာက အတည်ပြုစိစစ်ပြီး ပြန်လည်ရောက်ရှိလာသော ထောက်ခံချက်များကိုလည်း သက် ဆိုင်ရာအလုပ်ရုံမှ အလုပ်သမားများထံသို့ လိုက်လံပို့ဆောင်ပေးသွားမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။
ယခင်က အလုပ်သမားရုံးနှင့်ကုမ္ပဏီများက ပူးပေါင်းလုပ်ကိုင်ရာ အလုပ်လုပ်ခွင့်ရရှိလိုသည့် အလုပ်သမား များသည်ပွဲစားကတစ်ဆင့် ဆောင်ရွက်ရသဖြင့် ဘတ် ၂၀,၀၀၀(ကျပ်ခြောက်သိန်းလေးထောင်ကျော်) အထိ ကုန်ကျရသည်ဖြစ်ရာယခုအခါ အလုပ်လုပ်ခွင့်အတွက် စာရွက်စာတမ်းနှင့် စာအုပ်ဖိုးအပါအဝင် ကုန်ကျ စ ရိတ်ဘတ် ၅,၀၀၀ ၀န်းကျင် (ကျပ် တစ်သိန်းငါးသောင်းတစ်ထောင်ကျော်) နှင့် ဆောင်ရွက်ပေးရန် သံရုံးက အကြောင်းကြားထားသည်ဟုမြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေးကော်မတီအကျိုး ဆောင်များအဖွဲ ့ ၀င်ဦးဘိုလေးက ပြောသည်။
“အရင်က ရုံးထဲမှာလုပ်ပေးတာ။ အခုတော့ ရုံးအပြင်ထွက်ပြီး လုပ်ပေးတာဆိုတော့အပြုသဘောဆောင် တိုးတက်တယ်လို့ ပြောရမှာပေါ့”ဟု ရွှေ့ပြောင်းအလုပ်သမားများ အခွင့်အရေးကွန်ရက် ဥက္ကဋ္ဌ ဦးစိန်ဌေးက ပြောသည်။
အလုပ်လုပ်ခွင့်လက်မှတ် ကောက်ခံရာတွင်မှတ်ပုံတင်(သို့မဟုတ်) နိုင်ငံသားစိစစ်ရေးကတ်ပြား၊အိမ်ထောင် စုဇယားမိတ္တူ များပါ ကောက်ခံသွားမည်ပြီးပြီးအဆိုပါ အထောက်ထားများလက်ဝယ်မရှိပါက လွယ်ကူမြန် ဆန်စွာစစ်ဆေးနိုင်ရန် မှတ်ပုံတင်ပါနေရပ်လိပ်စာများကိုထည့်သွင်း ဖော်ပြပေးရမည်ဟု ထိုင်းနိုင်ငံ မြန်မာ သံရုံးထုတ်ပြန်ချက်တွင်ပါရှိသည်။