တယ်လီနောနှင့် အူရီဒူးကို ပြိုင်ရန် ဆက်သွယ်ရေးနှင့် ဂျပန်ကုမ္ပဏီတို့ ကန်ဒေါ်လာ သန်း ၂ဝဝဝ တန်စာချုပ် ချုပ်လိုက်ပြီ

တယ်လီနောနှင့် အူရီဒူးကို ပြိုင်ရန် ဆက်သွယ်ရေးနှင့် ဂျပန်ကုမ္ပဏီတို့ ကန်ဒေါ်လာ သန်း ၂ဝဝဝ တန်စာချုပ် ချုပ်လိုက်ပြီ
by -
မဇ္စျိမ

နိုင်ငံတွင်း ဆက်သွယ်ရေးကွန်ယက်များအား ကုမ္ပဏီတို့ အပြိုင်အဆိုင် ထိုးဖောက်ဝင်ရောက်နေစဉ် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနကလည်း ဂျပန်နိုင်ငံအခြေစိုက် KDDI နှင့် Sumittomo Corporation ကုမ္ပဏီတို့နှင့် ပူးပေါင်းကာ ကန်ဒေါ်လာ သန်း ၂ဝဝဝ တန် စာချုပ်ကို ဇူလိုင် ၁၆ ရက်က လက်မှတ်ရေးထိုးခဲ့သည်။

လက်မှတ်ရေးထိုးပွဲကို နေပြည်တော်ရှိ သင်္ဂဟဟိုတယ်တွင် ကျင်းပသော ဂျပန်ကုမ္ပဏီ KDDI နှင့် ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနတို့ ဇူလိုင်လ ၁၆ရက်က ကျင်းပခဲ့သည်။

ဆက်သွယ်ရေး ဝန်ကြီး ဦးမြတ်ဟိန်းက “တယ်လီနော၊ အူရီဒူး စတဲ့ ကုမ္ပဏီများကို မြန်မာ့ဆက်သွယ်ရေးက စျေးကွက်မှာ ယှဉ်ပြိုင်နိုင်အောင် ကြိုးစားလုပ်ဆောင်လျက် ရှိပါတယ်”ဟု ဆိုသည်။

ယင်းအပြင် မြန်မာ့ဆက်သွယ်ရေး၏ အသွင်ကူးပြောင်းမှု အားလုံးကို KDDI က လုပ်ဆောင်သွားမည့်အပြင် စျေးကွက်အတွင်း အောင်မြင်မှုရရှိမည်ဟု ယုံကြည်သည်ဟု ဝန်ကြီးက ပြောသည်။

သို့ရာတွင် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်စသည့် မြို့ကြီးများတွင် စတင်ဆောင်ရွက်ပြီးမှသာ အခြားသော ဒေသများကို ဆက်လက်ဆောင်ရွက်မည်ဖြစ်ပြီး အခြေခံ အဆောက်အအုံ တည်ဆောက်ရေးသည် အရေးပေါ်ကိစ္စ တစ်ရပ်ဖြစ်နေသည်ဟု မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးက ထောက်ပြခဲ့သည်။

Most read this week