လာမည့်ရွေးကောက်ပွဲများတွင် မသန်စွမ်းသူများကို မဲရုံအထိလာရောက် မဲပေးနိုင်ရန် လိုအပ်သည့် ပစ္စည်းများ၊မဲရုံများကို ပြုလုပ်ဆောင်ရွက်ပေးသွားမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ပြောသည်။
“လာမယ့်ရွေးကောက်ပွဲမှာ မသန်စွမ်း သူများကို မဲပေးခွင့်ရှိအောင် အစီအစဉ်ရှိပါတယ်”ဟု ၎င်းကပြောသည်။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ရွေးကောက်ပွဲလုပ်ငန်းစဉ်များနှင့် မဲပေးရေးအစီအစဉ်များတွင် မသန်စွမ်းသူများ ပိုမိုပါ၀င်ခွင့်ရရှိလာရေး ဆွေးနွေးပွဲအစီအစဉ်တွင် ၎င်းကပြောခြင်းဖြစ်သည်။
မသန်းစွမ်းသူများသည် မဲရုံကိုကိုယ်တိုင် တိုက်ရိုက်သွားရောက်မဲပေးနိုင် ရန်မဲရုံများကို အဆင်ပြေအောင် မြေပြန့် များတွင် ပြုလုပ်ပေးရန်နှင့် မဲရုံဒီဇိုင်းများကို မသန်စွမ်းမျက်မမြင်များလည်း ၀င်ထွက်လွယ်ကူစေရန် ဆောင်ရွက်ပေးပြီး ခုံများကိုလည်း နှစ်ပေခွဲအမြင့်များဖြင့်ဆောင်ရွက်ပေးရန် ဆွေးနွေကြသည်။
ရွေးကောက်ပွဲဥပဒေနှင့် နည်းဥပဒေများတွင် မသန်စွမ်းသူများအတွက် လိုအပ်သည့် ပြုပြင်ရမည့်အချက်များ ကိုလည်းပြုပြင်ပေးသွားမည်ဟုဆိုသည်။
“တကယ်တော့ မသန်းစွမ်းတဲ့သူတွေက မဲပေးချင်ကြပါတယ်။ သူတို ့ ရဲ့မိသားစုတွေထဲမှာ အဖေက A ပါတီကိုကြိုက်တယ် ဆိုရင် သူက B ပါတီကို မဲပေးချင်းတာလည်း ရှိပါတယ်”ဟု မြန်မာနိုင်ငံမသန်စွမ်းသူ ရှေ့ဆောင်အဖွဲ့မှ တာဝန်ရှိသူ ဦးနေလင်းစိုးက ပြောသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေအရ မသန်စွမ်းသူများသည် လွတ်လပ်စွာမဲပေးပိုင်ခွင့်ရှိသကဲ့သို့ လွတ်လပ်စွာလည်း ရွေးချယ်ပိုင်ခွင့်ရှိသည်ဟု ဆိုသည်။
“မသန်စွမ်းတွေက လွှတ်တော်တစ်ရပ်ရပ်အတွက် မဲပေးပိုင်ခွင့်ရှိပါ တယ်။ အဆင်ပြေစေဖို့အတွက် မဲပေးပုံ၊ မဲပေး နည်းတွေကို နည်းဥပဒေမှာတစ်ခါတည်း ထည့်သွင်းနိုင် အောင်ဆောင်ရွက်ပေးရမယ်” ဟု ဦးမောင်မောင်ဆွေကပြောသည်။
မြန်မာနိုင်ငံတွင် မဲပေးပိုင်ခွင့်ရှိသည့် မသန်စွမ်းသူ ၁၃ သိန်းအထိရှိပြီး မဲရုံရှိ တာဝန်ရှိသူများကိုလည်း မ သန်စွမ်းသူများ နှင့်ပတ်သက်ပြီး ပညာပေးလုပ်ငန်းများကိုလည်း ပြုလုပ်ပေးသွားမည်ဟုဆိုသည်။