AK 47 သေနတ်တစ်လက်နှင့် လောင်း ကစားစက်များကို ဇူလိုင် ၁၀ရက်၊ နံနက် ၁၀ နာရီဝန်းကျင်က ကရင်ပြည်နယ်အတွင်း ဖမ်းဆီးရမိခဲ့သည်ဟု သက်ဆိုင်ရာ ပြည်နယ်ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
ဖြစ်စဉ်မှာ ကရင်ပြည်နယ်၊ သင်္ဃန်း ညီနောင်တိုးချဲ့ရပ်ကွက်၊ အာရှလမ်းဘေး ရှိ ခြံဝင်းအတွင်း တရားမဝင် လက်နက်ကိုင်ဆောင်၍ လောင်းကစားပြုလုပ်နေ သည်ဟုသတင်းရသဖြင့် နယ်မြေရဲစခန်းနှင့် တာဝန်ရှိသူများ ပူးပေါင်းကာ ၀င်ရောက် ရှာဖွေခဲ့ခြင်းဖြစ်သည်။
ထိုသို့ရှာဖွေရာတွင် ခြံဝန်းအတွင်း၌ ဧရာဝတီတိုင်း၊ အိမ်မဲမြို့နယ်၊ သာယာကုန်းကျေးရွာနေ စောအယ်လိုး (ခ)စောထူး(၃၃) နှစ်နှင့်အတူ AK 47 သေနတ်(၁) လက်၊ ကျည်အိမ်တစ်ခု၊ ကျည်တောင့်(၁၂) တောင့်နှင့် ဂိမ်းစက်မျိုးစုံ (၁၉) လုံးဖမ်းဆီး ရမိခဲ့သည်ဟု ရဲမှတ်တမ်းများတွင် ဖော်ပြထားသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ စောအယ်လိုး(ခ)စောထူးကို သင်္ဃန်းညီနောင် နယ်မြေရဲစခန်းက (ပ)၃၄/ ၂၀၁၄၊ လောင်းကစားဥပဒေပုဒ်မ ၁၃(က)/၁၄ (က)ဖြင့် လည်းကောင်း၊ (ပ) ၃၅/၂၀၁၄၊ လက်နက်ဥပဒေ ပုဒ်မ ၁၉(စ)ဖြင့် လည်းကောင်း အမှုဖွင့်စစ်ဆေးလျက်ရှိသည်။