အင်အားသုံးပြီး ဖယ်ရှားခြင်းခံခဲ့ရသည့် မဟာသန္တိသုခကျောင်းတိုက်မှ သံဃာငါးပါးကို လူဝတ်လဲပြီး အင်းစိန်ထောင်သို့ ပို့ဆောင်လိုက်ခြင်းသည် စစ်အစိုးရ၏ အုပ်ချုပ်ရေးစနစ်သာဖြစ်သည်ဟု ဆရာတော် တစ်ပါးက မိန့်ကြားလိုက်သည်။
မဟာသန္တိသုခကျောင်းတိုက်မှ သံဃာတော်ငါးပါးကို သာသနာတော် ညှိုးနွမ်းစေမှု ၂ဝ/၉ဝဖြင့် စွဲချက်တင်ပြီး လူဝတ်လဲစေကာ အင်းစိန်ထောင်သို့ ဇွန် ၁၃ ရက်၊ နေ့လည်က ပို့ဆောင်လိုက်ပြီဖြစ်သည်။
`လူဝတ်လဲပြီး အချုပ်ထဲထည့်တာမတရားဘူး။ စစ်အစိုးရပြန်အုပ်ချုပ်နေတယ်လို့ ခံစားရတယ်” ဟု မကွေးကျေ ာင်းတိုက်ဆရာတော် ဦးပါမောက္ခက မိန့်သည်။
ပိုင်ဆိုင်မှုအငြင်းပွားနေသည့် သန္တိသုခကျောင်းတိုက်မှ သံဃာတော်များကို ဇွန်လ ၁ဝ မနက် ၁နာရီက စည်းကမ်းထိန်းသိမ်းရေးဘုန်းကြီးများ၊ ရဲတပ်ဖွဲ့ဝင်များ၊ သာသနာရေးမှ တာဝန်ရှိသူများက အင်အားအလုံး အရင် းဖြင့် ဝင်ရောက်စီးနင်းခဲ့သည်။
ယင်းနောက် ကျောင်းတိုက်မှ သံဃာတော် အပါး ၂ဝကို မှန်လုံယာဉ်များဖြင့် အတင်းအကြပ် ပြောင်းရွှေ့စေခဲ့သ ည်။ ထိုအထဲမှ သံဃာတော်ငါးပါးကို ယခုကဲ့သို့ လူဝတ်လဲစေခဲ့ခြင်းဖြစ်သည်။
ယခုလုပ်ရပ်အပေါ် “လူဝတ်လဲရမယ့် အမှုမဟုတ်ပါဘူး” ဟု ဦးပါမောက္ခက မိန့်သည်။
လူဝတ်လဲခံရသည့် သံဃာတော်ငါးပါးမှာ ပီနန်ဆရာတော်ကြီး၏ တပည့်ရင်းဖြစ်သူ လန်ဒန်ဆရာတော် ဦးဥတ္တရ အပါအဝင် ဦးသုန္ဒရ၊ ဦးပညာဝံသနှင့် ဦးတေဇိန္ဒတို့ဖြစ်ပြီး ၎င်းတို့ကို ဇွန်လ ၂ဝတွင် ၎င်းတို့အား တာမွေတရားရုံးတွင် ပြန်လည်ရုံးထုတ်မည်ဖြစ်သည်။
ယခုလုပ်ရပ်များသည် ၂ဝဝ၇ခုနှစ်က ဖြစ်ပေါ်ခဲ့သည့် ရွေးဝါရောင်တော်လှန်ရေးကဲ့သို့ ထပ်မံပေါ်ပေါက်ရန် ဖန်တီးလိုက်ခြင်းဖြစ်သည်ဟု ဆရာတော် ဦးဝီရသူူက ဇွန် ၁၂ရက်တွင် မိန့်ကြားထားသည်။