အကောက်ခွန်စနစ် ၂၀၁၅တွင် ပြောင်းလဲမည်

အကောက်ခွန်စနစ် ၂၀၁၅တွင် ပြောင်းလဲမည်
by -
မဇ္စျိမ

အကောက်ခွန်ဦးစီးဌာနက ရေကြောင်း၊ လေကြောင်းမှဝင်ရောက်လာသော ကုန်ပစ္စည်းများကို အလိုအလျောက် ကုန်ပစ္စည်း ရှင်းလင်းရေးစနစ်ဖြင့် ၂၀၁၅ ခုနှစ်တွင် ပြောင်းလဲကောက်ခံသွားမည်ဖြစ်ကြောင်းအကောက်ခွန်ဦး စီးဌာန၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အကောက်ခွန်ဦးစီးဌာနသည် သွင်းကုန်/ ထုတ်ကုန် ရှင်းလင်းရေးလုပ်ငန်းစဉ်များ သွက်လက်မှန်ကန်မြန် ဆန်စေရန်၊ ခေတ် မီဖွံ့ဖြိုးတိုးတက်စေရန်နှင့် အာဆီယံပြတင်း တစ်ပေါက်စနစ် ASEAN Single Window ကိုအထောက်အပံ့ဖြစ်စေရန်အတွက် အလိုအလျောက်ကုန်ပစ္စည်းရှင်းလင်းရေးစနစ် Automated Cargo Clearance System -MACCS နှင့် ခေတ်မီနည်းစနစ်ဖြင့် အခွန်ကောက်ခံမှုစနစ်  Myanmar Customs Intelligence System - MCIS တို့ဖြင့် အခွန် ကောက်ခံသွားရန် စီစဉ်နေခြင်း ဖြစ်သည်။

mizzima27051401

“ ဒီစနစ်တွေကို ဂျပန်နိုင်ငံရဲ့ ဘဏ္ဍာ ရေးအကူအညီနဲ့ အကောင်အထည်ဖော်နေတာပါ။ ၂၀၁၅ မှာ စတင် နိုင်ဖို့ ရည်မှန်းထားပါတယ်” ဟု ၎င်းက ပြောသည်။

အဆိုပါ MACCS စနစ်နှင့်MCIS စနစ်များဆောင်ရွက်ရန် ဂျပန်အစိုးရမှ မြန်မာအစိုးရကိုချေးငွေ Grant Agreement ယန်း ၃,၉၉၀ သန်း (အမေရိကန် ဒေါ်လာ ၃၉ ဒသမ ၁ သန်း) ထောက်ပံ့ခဲ့သည်။

အဆိုပါချေးငွေကို မြန်မာအစိုးရက အာဆီယံပြတင်းတစ်ပေါက်စနစ်အရ အကောက်ခွန်ကဏ္ဍတွင် အလို အလျာက် ကုန် ပစ္စည်းရှင်းလင်းရေးစနစ်ကို အသုံးပြု၍ ခေတ်မီနည်းစနစ်ဖြင့် အခွန်ကောက်ခံခြင်း နှင့် နိုင်ငံတော်ပြတင်းတစ်ပေါက်စနစ် Nat ional Single Window စီမံချက်အတွက်အသုံးပြုရမည်ဖြစ်သည်။

MACCS စနစ်နှင့် MCIS စနစ်များ အကောင်အထည်ဖော်ရန် ဂျပန်-မြန်မာ ညှိနှိုင်းဆွေးနွေးပွဲ ၁၀ ကြိမ် ခန့်ပြုလုပ်ခဲ့ပြီး ဖြစ်သည်။ အဆိုပါ ဆွေးနွေးပွဲများတွင် MACCS စနစ်တည်ဆောက်မှုပုံစံ၊ ကောက်ခံမည့် အခွန်နှုန်းထား၊ သယ်ယူပို့ဆောင်ရေးဆိုင်ရာအချက်အလက်များဖြည့်သွင်းမှု၊ အချက်အလက်များထားသိုနိုင် ရန် ကွန်ပျူတာဆာဗာ ထားရှိရန် ပြင်ဆင်မှုနှင့် အခြားဝန်ကြီးဌာနများနှင့် ချိတ်ဆက်နိုင်မှု အခြေအနေများ ကို ဆွေးနွေးညှိနှိုင်းခဲ့ခြင်း ဖြစ်သည်။

ဂျပန်နိုင်ငံသည် အခြားအာဆီယံနိုင်ငံ တစ်နိုင်ငံဖြစ်သော ဗီယက်နမ်နိုင်ငံတွင်လည်း အလိုအလျောက် ကုန် ပစ္စည်းရှင်းလင်းရေးစနစ်VNACCS နှင့် ခေတ်မီနည်း စနစ်ဖြင့် အခွန်ကောက်ခံမှုစနစ်VCISစနစ်များလုပ် ကိုင်နိုင်ရန်အတွက် ပ့ံပိုးပေးခဲ့ပြီး မြန်မာနိုင်ငံတွင်လည်း အဆိုပါစနစ် များကျင့်သုံးနိုင်စေရန် အထောက် အကူပေးနေခြင်း ဖြစ်သည်။

Most read this week