အကောက်ခွန်ဦးစီးဌာနက ရေကြောင်း၊ လေကြောင်းမှဝင်ရောက်လာသော ကုန်ပစ္စည်းများကို အလိုအလျောက် ကုန်ပစ္စည်း ရှင်းလင်းရေးစနစ်ဖြင့် ၂၀၁၅ ခုနှစ်တွင် ပြောင်းလဲကောက်ခံသွားမည်ဖြစ်ကြောင်းအကောက်ခွန်ဦး စီးဌာန၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အကောက်ခွန်ဦးစီးဌာနသည် သွင်းကုန်/ ထုတ်ကုန် ရှင်းလင်းရေးလုပ်ငန်းစဉ်များ သွက်လက်မှန်ကန်မြန် ဆန်စေရန်၊ ခေတ် မီဖွံ့ဖြိုးတိုးတက်စေရန်နှင့် အာဆီယံပြတင်း တစ်ပေါက်စနစ် ASEAN Single Window ကိုအထောက်အပံ့ဖြစ်စေရန်အတွက် အလိုအလျောက်ကုန်ပစ္စည်းရှင်းလင်းရေးစနစ် Automated Cargo Clearance System -MACCS နှင့် ခေတ်မီနည်းစနစ်ဖြင့် အခွန်ကောက်ခံမှုစနစ် Myanmar Customs Intelligence System - MCIS တို့ဖြင့် အခွန် ကောက်ခံသွားရန် စီစဉ်နေခြင်း ဖြစ်သည်။
“ ဒီစနစ်တွေကို ဂျပန်နိုင်ငံရဲ့ ဘဏ္ဍာ ရေးအကူအညီနဲ့ အကောင်အထည်ဖော်နေတာပါ။ ၂၀၁၅ မှာ စတင် နိုင်ဖို့ ရည်မှန်းထားပါတယ်” ဟု ၎င်းက ပြောသည်။
အဆိုပါ MACCS စနစ်နှင့်MCIS စနစ်များဆောင်ရွက်ရန် ဂျပန်အစိုးရမှ မြန်မာအစိုးရကိုချေးငွေ Grant Agreement ယန်း ၃,၉၉၀ သန်း (အမေရိကန် ဒေါ်လာ ၃၉ ဒသမ ၁ သန်း) ထောက်ပံ့ခဲ့သည်။
အဆိုပါချေးငွေကို မြန်မာအစိုးရက အာဆီယံပြတင်းတစ်ပေါက်စနစ်အရ အကောက်ခွန်ကဏ္ဍတွင် အလို အလျာက် ကုန် ပစ္စည်းရှင်းလင်းရေးစနစ်ကို အသုံးပြု၍ ခေတ်မီနည်းစနစ်ဖြင့် အခွန်ကောက်ခံခြင်း နှင့် နိုင်ငံတော်ပြတင်းတစ်ပေါက်စနစ် Nat ional Single Window စီမံချက်အတွက်အသုံးပြုရမည်ဖြစ်သည်။
MACCS စနစ်နှင့် MCIS စနစ်များ အကောင်အထည်ဖော်ရန် ဂျပန်-မြန်မာ ညှိနှိုင်းဆွေးနွေးပွဲ ၁၀ ကြိမ် ခန့်ပြုလုပ်ခဲ့ပြီး ဖြစ်သည်။ အဆိုပါ ဆွေးနွေးပွဲများတွင် MACCS စနစ်တည်ဆောက်မှုပုံစံ၊ ကောက်ခံမည့် အခွန်နှုန်းထား၊ သယ်ယူပို့ဆောင်ရေးဆိုင်ရာအချက်အလက်များဖြည့်သွင်းမှု၊ အချက်အလက်များထားသိုနိုင် ရန် ကွန်ပျူတာဆာဗာ ထားရှိရန် ပြင်ဆင်မှုနှင့် အခြားဝန်ကြီးဌာနများနှင့် ချိတ်ဆက်နိုင်မှု အခြေအနေများ ကို ဆွေးနွေးညှိနှိုင်းခဲ့ခြင်း ဖြစ်သည်။
ဂျပန်နိုင်ငံသည် အခြားအာဆီယံနိုင်ငံ တစ်နိုင်ငံဖြစ်သော ဗီယက်နမ်နိုင်ငံတွင်လည်း အလိုအလျောက် ကုန် ပစ္စည်းရှင်းလင်းရေးစနစ်VNACCS နှင့် ခေတ်မီနည်း စနစ်ဖြင့် အခွန်ကောက်ခံမှုစနစ်VCISစနစ်များလုပ် ကိုင်နိုင်ရန်အတွက် ပ့ံပိုးပေးခဲ့ပြီး မြန်မာနိုင်ငံတွင်လည်း အဆိုပါစနစ် များကျင့်သုံးနိုင်စေရန် အထောက် အကူပေးနေခြင်း ဖြစ်သည်။