ရခိုင်ပြည်နယ်စပ်လုံခြံုရေး ရခိုင်လက်နက်ကိုင် အဖွဲ့အစည်းနှစ်ခု အစိုးရနှင့် ပူးပေါင်းဆောင်ရွက်လိုဟုဆို

ရခိုင်ပြည်နယ်စပ်လုံခြံုရေး ရခိုင်လက်နက်ကိုင် အဖွဲ့အစည်းနှစ်ခု အစိုးရနှင့် ပူးပေါင်းဆောင်ရွက်လိုဟုဆို
by -
မဇ္စျိမ

ရခိုင်ပြည်နယ် နယ်စပ်လုံခြံုရေးအတွက် အစိုးရတပ်မတော်နှင့် ပူးပေါင်းပြီး ဆောင်ရွက်လိုသည်ဟု ရခိုင် လက်နက်ကိုင် အဖွဲ့အစည်းနှစ်ခုက မဇ္ဈိမကို ပြောကြားလိုက်သည်။

“ဖြစ်နိုင်ရင်တော့ ခိုးဝင်လာတဲ့လမ်းကြောင်းတွေမှာ လက်နက်ကိုင် ရခိုင်တပ်မတော်တွေကို ထားသင့် တယ်။ အစိုးရက ပြောတဲ့ BGF (နယ်ခြားစောင့်တပ်) ပုံစံမျိုး ဆိုရင်တော့လက်မခံဘူး။ အဲဒီအနေအထား ထက်ကောင်းတဲ့ တခြားပုံစံတစ်နည်းနည်း ညှိလို့ရရင်တော့ လုပ်ဖို့ရှိတယ်”ဟု ALP ရခိုင်ပြည်လွတ်မြောက် ရေးပါတီမှ ဗဟိုအလုပ်မှုဆောင် ခိုင်သူခက ပြောသည်။

ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ALP သည် ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ်အစပ်ကစပြီး ချင်းပြည် နယ် ပလက်ဝအထိ လက်နက်ကိုင်အဖွဲ့အစည်း တစ်ခုအဖြစ် ဆောင်ရွက်သည်ဟု ဆက်ပြောသည်။

လက်ရှိအချိန်တွင် လက်နက်ကိုင်အဖွဲ့အစည်းဖြစ်သည့် ရခိုက္ခိုင့်တပ်မတော် AA နှင့် ရခိုင်ပြည်လွတ် မြောက်ရေးပါတီ ALP ပူးပေါင်ပြီး ရခိုင်လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုထဲဖြစ်လာရန် ညှိနှိုင်းဆောင် ရွက်နေပြီး ဒီနှစ်အတွင်း အပြီးဆောင်ရွက်နိုင်မည်ဟု ၎င်းက ဆက်ပြောသည်။

ရက္ခိုင့်တပ်မတော်မှ ဒုတိယဗိုလ်မှူးကြီး ကျော်ဟန်က “ရခိုင်ပြည်နယ် လုံခြံုရေးအတွက် အစိုးရနဲ့ ညှိနှိုင်း ပြီးဆောင်ရွက်ရမယ်။ အစိုးရနဲ့ ပူးပေါင်းပြီးတော့ လုပ်ရမလား၊ ကင်းကင်းရှင်းရှင်းလုပ်ရမလားဆိုတာ အများကြီး အသေးစိတ်ညှိနှိုင်းရမယ်။ပြည်တွင်းမှာ ရုံးခန်းတစ်ခုဖွင့်ပြီး ဆောင်ရွက်နိုင်ရင် ပိုပြီး အကျိုးရှိ တယ်”ဟု မဇ္ဈိမကို ပြောသည်။

ရခိုင် လက်နက်ကိုင်အဖွဲ့အစည်းနှစ်ခုအနေဖြင့် ပူးပေါင်းဆောင်ရွက်နိုင်ရန် တရားဝင်ညှိနှိုင်းမှု သုံးကြိမ်တိ တိ တွေ့ဆုံဆွေးနွေးထားပြီး ပူးပေါင်းကော်မတီ ဖွဲ့စည်းနိုင်ရန် သဘောတူညီထားသည်ဟု ဆိုသည်။ မည် သည့်အချိန်တွင် ဆောင်ရွက်နိုင်မည်ကို အတိအကျ ပြောဆိုနိုင်ခြင်းမရှိသော်လည်း ကြိုးစားညှိနှိုင်းလာ သည်မှာ နှစ်နှစ်ဝန်းကျင် ရှိပြီးဟု ဆိုသည်။

ရက္ခိုင့်တပ်မတော် AA သည် ရခိုင်ပြည်နယ်လုံခြံုရေးအတွက် အစိုးရနှင့် တရားဝင် ညှိနှိုင်းဆောင်ရွက် ထားခြင်းမရှိသေးသော်လည်း တွေ့ဆုံဆွေးနွေးနိုင်ရန် ကြိုးစားနေသည်ဟု ဒုတိယဗိုလ်မှူးကြီး ကျော်ဟန်က ပြောသည်။

ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ALP သည် ရခိုင်ပြည်နယ် နယ်စပ်လုံခြံုရေးအတွက် ပူးတွဲတာဝန်ယူ ဆောင်ရွက်ရန် ကမ်းလှမ်းပြောဆိုမှုရှိသော်လည်း အစိုးရက “လက်မခံဘူး”ဟု အပြတ် ပြန်လည်ပြောဆို ထားသည်ဟု ဗဟိုအလုပ်မှုဆောင် ခိုင်သူခက ပြောသည်။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP က အစိုးရအဖွဲ့ဖြင့် ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲရေး လက် မှတ်ရေးထိုးထားပြီဖြစ်သည်။ ရက္ခိုင့်တပ်မတော် AA သည် အစိုးရနှင့် ညှိနှိုင်းဆောင်ရွက်ထားခြင်း မရှိ သလို ကချင်ပြည်နယ် လိုင်ဇာတွင် တပ်စခန်း အခြေချဖွင့်လှစ်ထားသည်ဟု ဆိုသည်။