ရခိုင်နှင့် ကချင်တွင် သန်းခေါင်စာရင်း ကောက်ယူမှုသက်တမ်း နှစ်လထပ်တိုး

ရခိုင်နှင့် ကချင်တွင် သန်းခေါင်စာရင်း ကောက်ယူမှုသက်တမ်း နှစ်လထပ်တိုး
by -
မဇ္စျိမ

ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူရာတွင် ရခိုင်ပြည်နယ်အတွင်းမှ ရိုဟင်ဂျာဟု ထွက်ဆိုခဲ့သော ကြောင့် မကောက်ယူနိုင်ခဲ့သော ဘင်္ဂါလီလူမျိုးဦးရေ နှင့် ကချင်ပြည်နယ်အတွင်း ကေအိုင်အို ဌာနချုပ်အနီး ရှိ မကောက်ယူနိုင်ခဲ့သော ရွာပေါင်း ၁၀၀ ကျော်အတွက် သန်းခေါင်စာရင်းကောက်ကာလ နှစ်လ ထပ်မံ သက်တမ်းတိုး ကောက်သွားမည်ဟု ပြည်သူ့အင်အားဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ကြိုင်က မဇ္ဈိမ ကိုပြောသည်။

“ကျန်နေတဲ့သူတွေကို ကောက်သင်း ကောက်ကွက်နဲ့ ခြောက်ပတ်ကနေ ရှစ်ပတ်အထိ ကောက်တာပါ။ အခု စကောက်နေပါပြီ။ လူဦးရေပညာအရ သန်းခေါင်စာရင်းမှာ နှစ်လအတွင်း ကောက်တဲ့အချက်အလက်တွေက အကျံုးဝင်ပါတယ်” ဟု ပြောသည်။

ယင်း ကောက်သင်း ကောက်ကွက်များကို ကျန်ရှိနေသည့် မြို့နယ်အတွင်းမှ သင်တန်း ပေးအပ်ထားသော စာရင်းကောက် ဆရာမများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ပူးပေါင်းကာ ဧပြီ ၁၁ ရက်မှ ဇွန်လ ၅ ရက် အတွင်း ကောက်ခံသွားမည် ဖြစ်သည်။

သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာလူမျိုးဟု မထည့်သွင်းသဖြင့် စာရင်းကောက်ခံမှုတွင် မပါခဲ့သော မောင် တောမြို့နေ ဦးညီညီစိုးက “ပြီးခဲ့တဲ့ သန်းခေါင်စာရင်းတုန်းကလည်း ရိုဟင်ဂျာပြောလို့ မကောက်သွားဘူး။ အခု ရှစ်ပတ် ထပ်တိုးကောက်မယ်လို့တော့ ပြောထားတယ်။ လာကောက်ရင်လည်း ရိုဟင်ဂျာပဲ ထည့်မှာ ပဲ။ ကိုယ့် လူမျိုးနာမည်ကိုပဲ ကိုယ်ထည့်မှာပဲ။ အဲဒါကို မထည့်ခံရင်တော့ အကောက်ခံမှာ မဟုတ်ဘူး” ဟု ပြောသည်။

ရခိုင်ပြည်နယ်တွင် ဘင်္ဂါလီဦးရေ ခုနစ်သိန်းကျော်ထိ ကောက်ယူရန် ကျန်ရှိနေသေးသည်ဟု ပြည်သူ့အင် အားဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

ထို့ပြင် ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူခဲ့သည့် ၁၂ ရက်တာကာလအတွင်း ကချင်ပြည်နယ်ရှိ ကျန်ရှိနေသေးသော ကေအိုင်အို ထိန်းချုပ်နယ်မြေအနီးရွာ ၁၀၀ ကျော်တွင် ကောက်ခံနိုင်ရန် ကေအိုင်အို နှင့် သန်းခေါင်စာရင်း ဗဟိုကော်မရှင်တို့ ထပ်မံညှိနှိုင်းလျက်ရှိသည်ဟု ပြည်သူ့အင်အား ဦးစီးဌာနမှ သိရ သည်။

ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူခဲ့သော ကာလအတွင်း ကချင်ပြည်နယ် ကေအိုင်အို ထိန်းချုပ် နယ်မြေများဖြစ်သည့် မံစီနှင့် တနိုင်းအပါအဝင် အခြားနယ်မြေအချို့အတွင်းရှိ ပြည်သူများကို ကောက်ခံရာ ၌ ကေအိုင်အိုမှ တပ်သားများ၏ သန်းခေါင်စာရင်း ကောက်ယူသည့် ပစ္စည်းများကို သိမ်းယူခြင်းများ ရှိခဲ့သ ဖြင့် စာရင်းကောက်ယူသူများ၏ လုံခြံုရေးကို တပ်မတော်၏ အကူအညီဖြင့် ကောက်ယူခဲ့ရသည်များ ရှိခဲ့ သည်။

ယခုတစ်ကြိမ် ထပ်မံကောက်ယူမှုတွင် ရခိုင်ပြည်နယ်၌ ရိုဟင်ဂျာဟု ပြောမည်ဆိုပါက ထပ်ကောက်ခံမည် မဟုတ်ဘဲ ကချင် ပြည်နယ်အတွင်းတွင်လည်း ညှိနှိုင်းကောက်ယူနိုင်မှု မရှိပါက နောက်ဆုံးအနေဖြင့် ခန့် မှန်းထည့်သွင်းခြင်းကို နိုင်ငံတကာ သန်းခေါင်စာရင်းအကြံပေး ITAT(Internation Technical Advisor Team) အဖွဲ့မှ ပညာရှင်များနှင့် မြန်မာနိုင်ငံရှိ လူဦးရေပညာရှင်များ၊ ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေအဖွဲ့ မှ ကူညီဆောင်ရွက်ပေးနေသည့် ပညာရှင်များ ပူးပေါင်းကူညီမည် ဖြစ်သည်။

သန်းခေါင်စာရင်းကောက်ရန် ကျန်ရှိနေသည့် လူဦးရေမှအပ တစ်နိုင်ငံလုံး ကောက်ယူပြီးစီးမှုတွင် ၉၈ ရာ ခိုင်နှုန်းအထိ အောင်မြင်ခဲ့ကာ လက်ရှိမြန်မာနိုင်ငံ လူဦးရေအရေအတွက်သည် သန်း ၆၀သာရှိနိုင်ပြီး ယင်း ထက် ကျော်လွန်နိုင်မည် မဟုတ်ဟု ဦးမြင့်ကြိုင်က ဆိုသည်။

မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၃၀ ကျော်အတွင်း ပထမဆုံးအကြိမ် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက် ယူမှုကို မတ် ၃၀ ရက်မှ ဧပြီ ၁၂ ရက်အထိ လုပ်ခဲ့သည်။

Most read this week