မန္တလေးတိုင်းဒေသကြီး၊ မြို့နယ် ၂၈ မြို့နယ်တွင် မြို့နယ်တိုင်းရှိ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များက ဒေသဖွံ့ဖြိုးရေးနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်း များတွင်အသုံး ပြုရန် ပြည်ထောင်စုလွှတ်တော်၏ အမိန့်ကြေညာချက်ဖြင့် တစ်မြို့နယ်လျှင် ငွေကျပ်သိန်း တစ်ထောင် ချထားပေးခဲ့ရာ သုံးစွဲခဲ့သည့်လုပ်ငန်းဆောင်ရွက်မှုတို့ကို လာမည့်မတ်လတွင် အပြီးသတ် တင်ပြရမည်ဟု မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမောင်က မဇ္စျိမကို ပြောသည်။
“အခု လွှတ်တော်ကိုယ်စားလှယ်တွေကို ချပေးထားတဲ့ သိန်းတစ်ထောင်က ၂၀၁၃-၁၄ ဘဏ္ဍာနှစ် အတွက်ပါ။ ပြည်သူ့အကျိုးပြုလုပ်ငန်းတွေလုပ်ဖို့ လွှတ်တော်ကိုယ်စားလှယ်တွေအားလုံးကို ပြည်သူလူထုနဲ့ အနီးကပ်ထိတွေ့စေပြီး ဒေသဖွံ့ဖြိုးရေးမှာ အသုံးပြုနိုင်အောင် ချထားပေးတာ ဖြစ်ပါတယ်”ဟု ဦးဝင်းမောင်က ပြောသည်။
လုပ်ငန်းကြီးစီမံကိန်းများကို ပြည်ထောင်စုအစိုးရက ဆောင်ရွက်ပြီး တိုင်းဒေသကြီးအစိုးရသည် လုပ်ငန်း အလတ်၊ အငယ်စားတို့အတွက် အသုံးပြုခြင်းဖြစ်ကြောင်း၊ ယခု လွှတ်တော်ကိုယ်စားလှယ်များအား ချထားပေးသည့် ကျပ်သိန်းတစ်ထောင်မှာ တိုင်းဒေသကြီးအတွင်းမှ အသေးစားလုပ်ငန်းများ၌ သုံးစွဲသွား မည်ဖြစ်ကြောင်း သိရသည်။
“ဥပမာပြောရရင် တံတားကြီးတွေဆိုရင် ပြည်ထောင်စုအစိုးရက လုပ်တယ်။ တံတားအလတ်စားဆိုရင် တိုင်းဒေသကြီးအစိုးရက လုပ်ပေးပြီး တံတားအသေးစားတွေ၊ ကျေးရွာချင်းဆက်လမ်းမျိုးတွေဆိုရင် လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ သိန်းတစ်ထောင်ထဲက အသုံးပြုတာပါ။ ဒီလိုလုပ်တဲ့အခါ လုပ်ငန်းငယ် တစ်ခုကို သိန်း(၅၀)ထက် ပိုလို့မရဘူး”ဟု ဦးဝင်းမောင်က ပြောသည်။
ထိုသို့သုံးစွဲရာတွင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များက ရေရရှိရေး၊ လျှပ်စစ်မီးရရှိရေး၊ကျေး ရွာချင်းဆက်လမ်းများ ဖောက်လုပ်ခြင်း၊ ချောင်းကူးမြောင်းကူးတံတားများ ဆောက်လုပ်ခြင်း စသည့် အ သေးစားလုပ်ငန်းခွင်များ လုပ်ကိုင်ခြင်းဖြင့် ဒေသဖွံ့ဖြိုးရေးကို အထောက်အကူပြုသွားမည် ဖြစ်သည်။
“ကျောင်းဥပဓိရုပ်ကောင်းမွန်အောင်၊ စာသင်ခုံတွေ လုပ်ပေးခဲ့တယ်။ မိတ္ထီလာမှာ နေရာပေါင်း ၆၀ မှာ ပံ့ပိုးပေးခဲ့တာပါ။ ငွေငါးသိန်းကနေ အမြင့်ဆုံး သိန်း ၅၀ အထိ လုပ်ပေးခဲ့တယ်။ နေရာအားလုံးတော့ မလုပ်ပေးနိုင်သေးဘူး။ ကိုယ်ထူကိုယ်ထ ကျောင်းဆောင်တွေမှာ အပြီးသတ်လုပ်စရာရှိတာတွေ လုပ် ပေးခဲ့တာတွေရှိတယ်”ဟု မိတ်္ထီလာမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်အေးက မဇိ်္စျမကို ပြောသည်။
မန္တလေးတိုင်းဒေသကြီးအတွက် ဇွန်လမှ စတင်လက်ခံရရှိခဲ့၍ ဘတ်ဂျက်လမတိုင်မီ မတ်လတွင် စာရင်း များ တင်ပြရမည်ဖြစ်ပြီး တစ်မြို့နယ် ကျပ်သိန်း တစ်ထောင်နှုန်းဖြင့် ၂၈ မြို့နယ်အတွက် ငွေကျပ်သိန်း ပေါင်း နှစ်သောင်းရှစ်ထောင်ကို ဒေသဖွံ့ဖြိုးရေးအတွက် အသုံးပြုခွင့်ပေးခြင်းဖြစ်သည်။
“ပြည်သူတွေက တင်ပြလာတဲ့ ဒေသတွင်းလိုအပ်ချက်တွေကို ရပ်ရွာအထောက်အကူပြုကော်မတီ၊ မြို့နယ်အထောက်အကူပြုကော်မတီ၊ စည်ပင်သာယာရေးအထောက်အကူပြု ကော်မတီတွေနဲ့ ညှိနှိုင်းပြီး အရေးကြီးလုပ်ငန်းတွေ ထပ်မံရွေးချယ် သုံးစွဲတာဖြစ်တယ်။ လွှတ်တော်ကိုယ်စားလှယ်တွေက ငွေကိုင် ခွင့်မရှိဘူး”ဟု တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌဦးဝင်းမောင်က ပြောသည်။
မြို့နယ်အလိုက် လုပ်ငန်းအကောင်အထည်ဖော်ရေးအဖွဲ့ ဖွဲ့စည်းထားပြီး လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ကာ ကျန်လွှတ်တော်ကိုယ်စားလှယ်များ၊ စည်ပင်သာယာရေးကော် မတီ၊ ကျေးရွာဖွံ့ဖြိုးရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့က အဖွဲ့ဝင်အဖြစ် ပါ၀င်ကြရသည်။
ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို လွှတ်တော်ကိုယ်စားလှယ်များက ရွေးချယ်ပေးကာ ငွေသွင်း/ငွေထုတ် ခြင်းကို အထွေထွေအုပ်ချုပ်ရေးနှင့် စည်ပင်သာယာမှ မြို့နယ်အရာရှိများကို တာဝန်ပေးထားပြီး၊ လွှတ် တော်ကိုယ်စားလှယ်များက ငွေကြေးကိုင်ဆောင်ခြင်းမရှိဟု ဆိုသည်။
ဖေဖော်ဝါရီ ၃ ရက်က ပြည်ထောင်စုလွှတ်တော်ရုံးက ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာအမှတ် ၁၈/ ၂၀၁၄ ဖြင့် လုပ်ထုံးလုပ်နည်းများ ပြင်ဆင်သတ်မှတ်ပေးခဲ့သည်။ မန္တလေးတိုင်းဒေသကြီးတွင် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ၂၈ ဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၁၂ ဦး၊ တပ်မတော်သားလွှတ် တော်ကိုယ်စားလှယ် အပါအဝင် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ရ၆ ဦး ရှိသည်။
“တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်တွေကတော့ မဲဆန္ဒနယ်အလိုက် ရွေးချယ်ထားတာမဟုတ် လို့ လွှတ်တော်ကိုယ်စားလှယ်တွေအတွက် သိန်းတစ်ထောင် အသုံးပြုခွင့်မှာ မပါ၀င်ပါဘူး”ဟု ဦးဝင်းမောင်က ဆက်လက် ပြောကြားသည်။
မန္တလေးတိုင်းဒေသကြီး လွှတ်တော် (နဝမ)ပုံမှန်အစည်းအဝေးကို မတ်လ ဒုတိယပတ်အတွင်း ကျင်းပ သွားနိုင်ရန် မျှော်လင့်ကြောင်းနှင့် အဆိုပါလွှတ်တော်တွင် ၂၀၁၄-၁၅ ခုနှစ်အတွက် ဒေသန္တရ စီမံကိန်း ဥပဒေကြမ်း၊ ရ/သုံးခန့်မှန်းငွေစာရင်းဥပဒေကြမ်း၊ ဆိပ်ကမ်းများ၊ သင်္ဘောဆိပ်များ၊ ဆိပ်ခံများဥပဒေ ကြမ်း၊ တိုင်းဒေသကြီးတွင် ပစ္စည်းများရောင်းချခြင်း၊ ငှားရမ်းခြင်းနှင့် အခြားနည်းဖြင့် ဆောင်ရွက်ခြင်း ဆိုင်ရာ ဥပဒေကြမ်း စသည်တို့ ဆွေးနွေးပြဋ္ဌာန်းသွားမည်ဖြစ်ကြောင်း သိရသည်။