ပြည်နှင်ဒဏ်ပေးခံရသည့် နိုင်ငံခြားသားများတွင် တရုတ်နိုင်ငံသား အများဆုံးဖြစ်

ပြည်နှင်ဒဏ်ပေးခံရသည့် နိုင်ငံခြားသားများတွင် တရုတ်နိုင်ငံသား အများဆုံးဖြစ်
by -
မဇ္ဈိမ

မန္တလေးတိုင်းအတွင်းသို့ တရားမဝင် ၀င်ရောက်သည့် နိုင်ငံခြားသားများတွင် ၂၀၁၃ ခုနှစ်က ပြည်နှင် ဒဏ်ပေးသည့်စာရင်းတွင် တရုတ်နိုင်ငံသားများမှာ အများဆုံးဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည် သူ့အင်အားဝန်ကြီးဌာန ပြည်သူ့အင်အားဦးစီးဌာန တိုင်းဒေသကြီးဦးစီးဌာနမှူးရုံး(မန္တလေး) တိုင်းဒေသ ကြီးဦးစီးဌာနမှူး ဦးသောင်းဇော်က မဇ္စျိမသို့ ပြောသည်။

“မန္တလေးတိုင်းထဲကို ၀င်ရောက်ဖို့အတွက် ပြည်ပနိုင်ငံသားအနေနဲ့ အလုပ်လုပ်ကိုင်ခွင့်၊ လေ့လာခွင့်လာ ရောက်တဲ့သူတွေကို မှတ်တမ်းထားရှိပြီး ရက်ပြည့်သွားရင် ပြန်လွှတ်တာ အသိပေးတာတွေ ပြုလုပ်ပါ တယ်။ အဲဒီထဲကမှ လေ့လာခွင့်ဗီဇာနဲ့ အလုပ်လုပ်ကိုင်တဲ့သူ၊ ဗီဇာမပါ၀င်ဘဲ ၀င်ရောက်လာတဲ့သူတွေကို ထောင်ဒဏ် ငွေဒဏ်ကနေ ရည်ရွယ်ချက်ရှိရှိ လာရောက်ပြီး တရားမဝင် ၀င်ရောက်တယ်ဆိုရင် ပြည်နှင် ဒဏ်အထိ ချမှတ်ပါတယ်”ဟု ၎င်းက ပြောသည်။

မန္တလေးတိုင်းအတွင်းသို့ ပြည်ပနိုင်ငံသားများ အများအပြား ၀င်ရောက်ခဲ့ရာ ဗီဇာမပါ၀င်ခြင်း၊ ပြည်ပနိုင်ငံ သားများမဝင်ရ နယ်မြေများအား ၀င်ရောက်ခြင်း၊ ပြစ်မှုကျူးလွန်ခြင်း စသည့်တို့ကြောင့် ၂၀၁၃ ခုနှစ်တွင် ပြည်ပနိုင်ငံသား ၄၆ ဦးကျော်အား ပြည်နှင်ဒဏ်အဖြစ် ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။ ထိုထဲတွင် တရုတ် နိုင်ငံသားများမှာ မန္တလေးတိုင်းအတွင်းသို့ ၀င်ရောက်မှုများသောကြောင့် ပြည်နှင်ဒဏ်ပေးရာတွင် ထိပ် ဆုံးမှ ဦးဆောင်နေခြင်းဖြစ်ဟု တိုင်းဦးစီးဌာနမှူးက ဆိုသည်။

ပြည်ပနိုင်ငံသားများအား တရားမဝင် ၀င်ရောက်ခြင်း၊ ပြစ်မှုကျူးလွန်ခြင်းတို့ ဖြစ်ပွားလျှင် အနည်းဆုံး ငွေ ဒဏ် ကျပ်တစ်သိန်းမှ ကျပ်ဆယ်သိန်းအထိ၊ ပြစ်မှုကြီးလျှင် ထောင်ဒဏ်နှင့် ပြည်နှင်ဒဏ် စသည်တို့ကို အရေးယူ ဆောင်ရွက်ခြင်းဖြစ်သည်။

တရားမဝင်ဝင်ရောက်မှုများ မရှိစေရန်အတွက် နယ်စပ်ဂိတ်များတွင် စက်ကိရိယာများကို တိုးချဲ့တပ်ဆင် ခြင်းများကို စတင် လုပ်ဆောင်နေပြီဖြစ်သည်။ တားမြစ်နယ်မြေများတွင် နယ်မြေအလိုက် သတင်းပေး များ၊ နယ်မြေများရှိ တာဝန်ရှိသူများအား စစ်ဆေးမှုများအား စတင်လုပ်ဆောင်နေပြီဖြစ်သည်။

မန္တလေးတိုင်းအတွင်းတွင် ပြည်ပနိုင်ငံသားများအား လေ့လာခွင့်အတွက် အများဆုံး ငါးရက်ခွင့်ပြုထားပြီး၊ အလုပ်လုပ်ကိုင်ခွင့်အတွက် သက်ဆိုင်ရာနယ်မြေ အလုပ်အကိုင်ပေါ်မူတည်ကာ ပြည်ထောင်စုအစိုးရအ ဖွဲ့ထံ တင်ပြကာ ၎င်းတို့ဆုံးဖြတ်ချက်ဖြင့် ရက်ကန့်သတ်မှုပေးကြောင်း၊ မန္တလေးတိုင်းအတွင်း ကန့်သတ် နယ်မြေများ သတ်မှတ်ထားသောနေရာဖြစ်သည့် မိုးကုတ်မြို့သို့ လေ့လာလိုသူများအတွက်လည်း သက် ဆိုင်ရာဝန်ကြီးဌာန၊ ပြည်ထောင်စုအစိုးရခွင့်ပြုချက်ဖြင့်သာ လုပ်ဆောင်ကြောင်း သိရသည်။