ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူရာတွင် တိကျမှုရှိစေရန် ကောက်ခံသည့် စက္ကူတစ်ရွက်လျှင် တစ်ဒေါ်လာတန် အကုန်အကျခံ သုံးသွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန် ကြီးဌာန ပြည်သူ့အင်အားဦးစီးဌာန တိုင်းဒေသကြီးဦးစီးဌာနမှူးရုံး (မန္တလေး) တိုင်းဒေသကြီး ဦးစီးဌာနမှူးဦးသောင်းဇော်က ပြောသည်။
၂၀၁၄ ခုနှစ် မတ်လ ၃၀ ရက် ညသန်းခေါင်ယံအချိန်မှာ စတင်ကာ ဧပြီလ ၁၀ ရက်အထိ ၁၂ ရက်ကြာ ကောက်ခံမည့် ပြည်လုံးကျွတ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို ကောက်ယူရာ၌ ပိုမိုတိကျစေရန် ရည်ရွယ်ကာ တစ်စောင်လျှင် တစ်ဒေါ်လာကုန်ကျခံ အသုံးပြုခြင်းဖြစ်သည်။
“သန်းခေါင်စားရင်းကောက်ယူရာမှာ တိကျစွာကောက်ခံနိုင်ပြီး စာရင်းတွက်ချက်တဲ့ ကိရိယာထဲမှာ ထည့် သွင်းလိုက်ရင် သိရှိစေနိုင်မယ့် စာရွက်ကို အသုံးပြုထားပါတယ်၊ အဲဒီစာရွက်ကို သီးသန့်ခဲတံနဲ့ အသုံးပြု ရမှာ ဖြစ်ပါတယ်၊ အဲဒီနှစ်ခုအတွက် တစ်စောင်ကို တစ်ဒေါ်လာကျသင့်မှာ ဖြစ်ပါတယ်၊ အင်္ဂလန်နိုင်ငံက ထုတ်တဲ့ စက္ကူဖြစ်ပါတယ်”ဟု ဦးသောင်းဇော်က ပြောသည်။
ကောက်ခံမည့်စက္ကူမှာ စက်အတွင်းတွင် ထည့်သွင်းရမည်ဖြစ်သောကြောင့် တွန့်ကြေခြင်း၊ ရေစိုခြင်း၊ခြစ် ရာပါခြင်း၊သတ်မှတ်ထားသောနေရာမဟုတ်ပဲ ရေုးခြစ်ခြင်းတို့ကိုပြုလုပ်လျှင် အသုံးပြု၍မရတော့ကြောင်း၊ ထို့ကြောင့် စာရင်းကောက်ခံမည့်သူများကို သေချာစွာ သင်ကြားပြသပေးမှုများကို လုပ်ဆောင်ထားရှိနေ ရသည်ဟု ဆိုသည်။ စာရွက်တစ်ရွက်လျှင် လူရှစ်ဦးစာ အသုံးပြုနိုင်သည်။
“စာရွက်က တန်ဖိုးလည်းရှိတဲ့ ပျက်စီးဖို့လည်း လွယ်တဲ့အတွက် စာရင်းကောက်ခံလုပ်တဲ့သူတွေကို အ ဆင့်ဆင့် ပညာပေးမှုတွေကို လုပ်ဆောင်ပေးနေပါတယ်၊ စာရင်းကောက်ကွက်တွေကိုလည်း စာရင်း ကောက်တွေနဲ့ သင့်လျော်တဲ့နေရာတွေမှာ ထားရှိသွားမှာ ဖြစ်ပါတယ်၊ ပြန်လည်သိမ်းဆည်းရာမှာလည်း ဘူးတွေနဲ့ သေချာစွာ သိမ်းဆည်းပြီး အလုံပိတ်ကားတွေနဲ့ မြို့နယ်အလိုက် သတ်မှတ်ထားတဲ့ နေရာကို ပေးပို့သွားမှာ ဖြစ်ပါတယ်”ဟု အဆိုပါ ဦးစီးဌာနရှိ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ထို့ကြောင့် မန္တလေးတိုင်းဒေသကြီးတွင် ခရိုင်အလိုက် စားရင်းကောက်ကွက်နှင့် ကွက်ကဲရေးရုံးများကို မန္တလေးခရိုင်၊ ပြင်ဦးလွင်ခရိုင်၊ ကျောက်ဆည်ခရိုင်၊ မြင်းခြံခရိုင်၊ ညောင်ဦးခရိုင်၊ ရမည်သင်းခရိုင်၊ မိတ္ထီ- လာခရိုင်တို့မှ မြို့နယ်ပေါင်း ၃၀၊ ရပ်ကွက်ပေါင်း၂၆၉၊ ကျေးရွာအုပ်စုပေါင်း ၁၄၁၆၊ စာရင်းကွက်ပေါင်း ၉၂၄၉၊ သီခြားကောက်ကွက် ၁၆၇ တို့အတွက် ကွက်ကဲရေးရုံး ၁၆၈၅ ခုကို ဖွင့်လှစ်သွားမည်ဖြစ်သည်။
မန္တလေးတိုင်းဒေသကြီးအတွက် စာရင်းစစ်ဆရာ၊ ဆရာမဦးရေ ၂၀၀၀၀၊ စာရင်းကောက်ဆရာ၊ ဆရာမ ၁၀၀၀၀၀ အသီးသီး ထားရှိကောက်ခံမှုများကို ပြုလုပ်သွားမည်ဖြစ်သောကြောင့် အဆင့်ဆင့် သင်ကြား ပေးမှုများကို ပြုလုပ်သွားမည် ဖြစ်သည်။