မော်ချီးသတ္တုတွင်းလုပ်ကွက်များ လုပ်ကိုင်ခွင့်ရရန် တိုင်းရင်းသားအဖွဲ့အစည်းများထံ တင်ပြ

မော်ချီးသတ္တုတွင်းလုပ်ကွက်များ လုပ်ကိုင်ခွင့်ရရန် တိုင်းရင်းသားအဖွဲ့အစည်းများထံ တင်ပြ
by -
မဇ္ဈိမ

မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်မှ အများဆုံးရရှိထားသည့် ကယားပြည်နယ်ရှိ မော်ချီးသတ္တုတွင်း လုပ် ကွက်များတွင် ဒေသခံအဖွဲ့အစည်းများကို လုပ်ပိုင်ခွင့်ပေးရန် ပြည်နယ်အစိုးရမှတစ်ဆင့် ပြည်ထောင်စု အစိုးရထံ တင်ပြထားသည်ဟု သတ္တုတွင်းလုပ်ငန်းရှင်များအသင်းဒု-ဥက္ကဋ္ဌ ဦးဟက်စတန်က ပြောသည်။

အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးထားသည့် ကရင်နီတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အ စည်းများနှင့် ကယားပြည်နယ်အတွင်းရှိ သတ္တုတွင်းလုပ်ငန်းရှင်များအပါအဝင် ကုမ္ပဏီ ၃၀ ကျော်ဖြင့် ဖွဲ့ စည်းထားသည့် သတ္တုတွင်းလုပ်ငန်းရှင်များအသင်းက အောက်တိုဘာလအတွင်း ပြည်နယ်အစိုးရအဖွဲ့ နှင့် ဒေသတွင်း သတ္တုတွင်းလုပ်ငန်းရှင်များ တွေ့ဆုံစဉ် တင်ပြထားခြင်းဟု ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့ လွတ်မြောက်ရေးတပ်ဦး KNPLF ဗဟိုကော်မတီဝင်တစ်ဦးလည်းဖြစ်သူ ဦးဟက်စတန်က ဆိုသည်။

“ပြည်နယ်အစိုးရက ထောက်ခံချက်ရှိမှ ပြည်ထောင်စုအစိုးရက ချထားပေးမှာဖြစ်တဲ့အတွက် ပြည်နယ် အစိုးရကို တင်ပြတာ ဖြစ်ပါတယ်။ လုပ်ခွင့် ရမရကတော့ လာမယ့် မတ်လမှာ သိရမယ်”ဟု ပြောသည်။

သတ္တုလုပ်ငန်းရှင်များအဖွဲ့တွင် အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးထားသည့် ကရင်နီတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများဖြစ်သော ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (KNPLF)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ကယန်းပြည်သစ်ပါတီ၊ ကရင်နီအမျိုးသားဒီမိုကရက် တစ်ပါတီ၊ ကရင်နီအမျိုးသား စည်းလုံးညီညွတ်ရေးပါတီတို့လည်း ပါ၀င်သည်။

လက်ရှိတွင် ကယားပြည်နယ် မော်ချီးသတ္တုတွင်း လုပ်ကွက်ဧက ရ,၀၀၀ ကို မြန်မာ့စီးပွားရေးဦးပိုင်လီမိ တက်မှ ရရှိထားကြောင်း ဦးဟက်စတန်က ပြောသည်။ “ဦးပိုင်ကရရှိတဲ့ လုပ်ကွက်တွေက နေရာကောင်းတွေချည်းပဲ ယူထားတယ်။ ပြီးတော့မှ ကုမ္ပဏီအချို့ကို ထပ်ဆင့် လုပ်ကိုင်ခွင့် ပြန်ပေးတယ်။ ဒါကြောင့် ဦးပိုင်ရဲ့လုပ်ကွက်တွေ ပြန်ချတဲ့အခါ ဒေသက လျှောက်ထားတဲ့ အဖွဲ့တွေ ကုမ္ပဏီတွေကို ပြန်ချပေးဖို့ တင်ပြထားတာ”ဟု ပြောသည်။

မော်ချီးသတ္တုတွင်းလုပ်ကွက်တွင် ဧက ၂၀,၀၀၀ ကျော်ရှိပြီး ဒေသခံ အဖွဲ့အစည်းအများစု လုပ်ခွင့်ရထား ခြင်းမရှိဟုလည်း သတ္တုတွင်းလုပ်ငန်းရှင်များအသင်းတွင် ပါ၀င်သည့် ကရင်နီအမျိုးသား တိုးတက်ရေးပါ တီ (KNPP)ကလည်း ပြောသည်။ KNPP ၏ ဗိုလ်မှူးကြီးဘုန်းနိုင်က “ကျွန်တော်တို့ လျှောက်ထားတယ်။ ခုထိ ဘာမှ ကျမလာသေးဘူး။ အချို့အဖွဲ့တွေ ကျပေမယ့် (သတ္တု) ဘာမှ မထွက်တဲ့ နေရာတွေလည်းရှိ တယ်”ဟု ပြောသည်။

မော်ချီး၊ ခဲမဖြူ၊ အဖြိုက်နက် သတ္တုတွင်းလုပ်ငန်းသည် ယခင်က ဒေသခံများ တစ်နိုင်တစ်ပိုင် လုပ်ကိုင် လာရာမှ ၁၈၃၀ ခုနှစ်တွင် အင်္ဂလိပ်အစိုးရမှ သုတေသနပြုပြီးနောက် ကရင်နီစော်ဘွား ကေးဖိုးဒူနှင့် သ ဘောတူညီမှုရယူပြီး သတ္တုအမြောက်အမြား စတင်တူးဖော်ခဲ့ရာ နှစ်ပေါင်း ၁၁၂ နှစ်တိုင်ခဲ့ပြီဖြစ်သည်။ မော်ချီးသတ္တုလုပ်ငန်းသည် မြန်မာအစိုးရအဆက်ဆက်မှ ယခုအချိန်အထိ ဦးစီးလုပ်ကိုင်နေသည့် သတ္တု တွင်းလုပ်ငန်းဖြစ်သည်။

Most read this week