ရန်ကုန်အစိုးရ ဘဏ္ဍာငွေစုစုပေါင်း၏ ရ၀ ရာခိုင်နှုန်း စည်ပင်သုံးမည်

ရန်ကုန်အစိုးရ ဘဏ္ဍာငွေစုစုပေါင်း၏ ရ၀ ရာခိုင်နှုန်း စည်ပင်သုံးမည်
by -
မဇ္ဈိမ

လာမည့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်အတွက် ရန်ကုန်တိုင်းအစိုးရ သုံးစွဲရန် လျာထားငွေစုစုပေါင်း ၃၃၄ ဘီလီယံကျော်၏ ရ၀ ရာခိုင်နှုန်းနီးပါးကို ရန်ကုန်မြို့တော် စည်ပင်သာယာက သုံးစွဲသွားမည်ဖြစ်သည်။

ရန်ကုန်တိုင်းအစိုးရ၏ စုစုပေါင်း သုံးစွဲရန်လျာထားသည့် ၃၃၄ ဒသမ ၉၀၈ ဘီလီယံအနက် ရန်ကုန် စည်ပင်သာယာရေးကော်မတီက သာမန်နှင့် ငွေလုံးငွေရင်း အသုံးစရိတ် ကျပ် ၂၃၂ ဒသမ ရ၉၄ ဘီလီယံနှင့် ကြွေးမြီအသုံးစရိတ်အဖြစ် ကျပ် ၈၇၂ ဒသမ ရ၉၄ သန်းတို့ကို သုံးစွဲမည်ဖြစ်ခြင်းကြောင့် ရာခိုင်နှုန်းအများ ဆုံး သုံးစွဲမည့် ဌာနတစ်ခုဖြစ်သည်။

အသုံးစရိတ်အားလုံး၏ ရ၀ရာခိုင်နှုန်းခန့်သုံးစွဲမည့် ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးကော်မတီ ၏ အသုံးစရိတ်မှာ ရငွေနှင့် သုံးငွေ မျှတသည့်အတွက် လက်ခံဖွယ်ရာရှိသည်ဟု ဒေါက်တာညိုညိုသင်းက မဇ္စျိမ၏မေးမြန်းမှုကို ဖြေကြားသည်။

“အဲဒီငွေတွေကို တကယ်လိုအပ်တဲ့ နေရာတွေမှာ မှန်မှန်ကန်ကန် အသုံးချဖို့ အရေးကြီးတာပေါ့။ အဲ့ဒါကြောင့် တကယ်လိုအပ်တဲ့နေရာတွေ ဖြစ်ရဲ့လားဆိုတာလည်း စိစစ်ရမယ်။ ပြီးတော့ မှန်မှန်ကန်ကန် အသုံးချရဲ့လားဆိုတာလည်း ယန္တယားတစ်ခုက အကဲဖြတ်ဖို့လိုတာပေါ့”ဟု ပြောသည်။

ရန်ကုန်စည်ပင်၏ အဆိုပါ အသုံးစရိတ်အပြင် အခြားသော အသုံးစရိတ် စုစုပေါင်း ၃၃၄ ဒသမ ၉၀၈ ဘီ လီယံကို ရန်ကုန်တိုင်းအစိုးရက လွှတ်တော်သို့ တင်ပြတောင်းခံထားခဲ့ရာ အောက်တိုဘာ ရ ရက်တွင် တစ်စုံတစ်ရာ ဖြတ်တောက်ခြင်းမရှိဘဲ ခွင့်ပြုခဲ့သည်။

ရန်ကုန်တိုင်းအစိုးရ သုံးစွဲရန် လွှတ်တော်က အတည်ပြုလိုက်သည့် ဘတ်ဂျက်မှာ မဖြစ်မနေ သုံးရသည့် သာမန် အသုံးစရိတ်အတွက် ၁၁၂ ဒသမ ၃ ဘီလီယံ၊ တိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်ရန် ရင်းနှီးမြုပ်နှံရ သည့် ငွေလုံးငွေရင်း အသုံးစရိတ်အဖြစ် ၂၂၁ ဒသမ ရ၃၆ ဘီလီယံနှင့် ကြွေးမြီအသုံးစရိတ်အဖြစ် ၈၇၁ ဒသမ ရ၆၆ သန်းတို့ ဖြစ်သည်။

အဆိုပါအသုံးစရိတ်များကို အတည်ပြုရန် တိုင်းဘဏ္ဍာရေးဝန်ကြီး ဒေါ်စန်းစန်းနွယ်က နိုဝင်ဘာ ၄ ရက် က လွှတ်တော်တွင် တင်ပြခဲ့ခြင်းဖြစ်ကာ နိုဝင်ဘာ ရ ရက်က လွှတ်တော်တွင် ယင်းအသုံးစရိတ်များနှင့် ပတ်သက်ပြီး ပြန်လည်စိစစ်ရန် ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်နှင့် လွှတ်တော်အမတ်နှစ်ဦးတို့က ထောက်ပြခဲ့သော်လည်း လွှတ်တော်က အတည်ပြုခဲ့သည်။

ဦးဇော်အေးမောင်က ရန်ကုန်တိုင်းအတွင်းရှိ တရားရုံးများတွင် သိမ်းဆည်းထားသော ယာဉ်များ၊ ဒဏ်ငွေ များကို တိုင်းအစိုးရ ဘတ်ဂျက်ငွေအဖြစ် ထည့်သွင်းရန် “တိုင်းတရားရုံးနဲ့ပတ်သက်လို့ ငွေဝင်တာမတွေ့ ရပါဘူး”ဟု လွှတ်တော်တွင် ပြောသည်။

ဗဟန်းမြို့နယ်မှ တိုင်းလွှတ်တော်အမတ် ဒေါက်တာညိုညိုသင်းကလည်း ဘတ်ဂျက်စာရင်းတွင် ဖော်ပြ ထားသော အစိုးရဌာနများ၏ ခရီးစရိတ်များ၊ လုပ်အားခများနှင့် ဧည့်ခံစရိတ်များကို ပြန်လည် စိစစ်သင့် သည်ဟု ထောက်ပြသည်။

အဆိုပါ ၂၀၁၄ - ၂၀၁၅ ဘဏ္ဍာရေးနှစ် ရသုံး ခန့်မှန်းခြေငွေစာရင်း လျာထားချက်စာရင်းတွင် သုံးစွဲမည့် အသုံးစရိတ်အပြင် ပြန်လည်ရရှိမည့် ရငွေ လျာထားချက်ကိုလည်း တိုင်းအစိုးရက တင်ပြခဲ့သေးရာ ရငွေ မှာ အသုံးစရိတ်အားလုံးထက် ၅၆ ဒသမ ရ၁၃ လိုငွေပြနေသည်။

လာမည့်ဘတ်ဂျက်တွင် ရန်ကုန်တိုင်းအစိုးရကဌာနအလိုက်သုံးမည့် အသုံးစရိတ်စာရင်း

သာမန်အသုံးစရိတ်

တိုင်းအစိုးရအဖွဲ့ - ၂.၁၇၉ ဘီလျံ
တိုင်းလွှတ်တော် - ၃၉၅.၁၃၆ သန်း
တရားဥပဒေရုံးများ - ရ၈၀.၉၈၂ သန်း
စာရင်းရုံးများ - ၁.၅၄ ဘီလျံ
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန - ၅.၃၄ ဘီလျံ
အထူးစုံစမ်းစစ်ဆေးရေးဦးစီဌာန - ၂၇၈.၂၇၇ သန်း
မြန်မာ့ရုပ်ရှင်လုပ်ငန်း - ၂၆၁.၀၀၆ သန်း
သမဝါယမဦးစီးဌာန - ၁.၀၆၆ ဘီလျံ
အသေးစားစက်မှုလက်မှုဦးစီးဌာန - ၅၅.၅၅၅ သန်း
ရေအရင်းအမြစ်အသုံးချရေးဦးစီးဌာန - ရ၉၃.၀၁၆ သန်း
စိုက်ပျိုးရေးဦးစီးဌာန - ၈၉၂.၉၀၆ သန်း
ငါးလုပ်ငန်းဦးစီးဌာန - ၃၆၀.၀၆၃ သန်း
မွေးမြူရေးဦးစီးဌာန - ၃၃၃.၄၁၈ သန်း
သစ်တောဦးစီးဌာန - ရ၄၀၉၉ သန်း
ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန - ၄၆.၂၇၈ သန်း
အားကစားနှင့် ကာယပညာဦးစီးဌာန - ၂၀၈.၅၈၃ သန်း
မြန်မာ့ဆားနှင့် အဏ္ဏဝါဓာတုဗေဒပစ္စည်း
ထုတ်လုပ်ရောင်းဝယ်ရေးလုပ်ငန်း - ၁၁၁.၄၈၂ သန်း
ရသုံးခန့်မှန်းခြေဦးစီးဌာန - ၅၀.၄၇၇ သန်း
စီမံကိန်းရေးဆွဲရေးဦးစီးဌာန - ၅၃၃.၄၉၈ သန်း
မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန - ၁.၁၉၇ ဘီလျံ
အဆောက်အဦ၊ လမ်း၊ တံတားနှင့်
ပြင်ဆင်ထိန်းသိမ်းခြင်းဌာန - ရ.၂၃၇ ဘီလီယံ
ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း - ၂၀.၃၉၄ ဘီလျံ
ပြည်တွင်းကုန်တင်ကုန်ချကော်မတီရုံး - ၃၇.၁၁၈ သန်း
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ - ၆၅.၁၃ ဘီလျံ
စည်ပင်သာယာရေးအဖွဲ့ - ၂.၃၃၆ ဘီလျံ

ငွေလုံးငွေရင်း အသုံးစရိတ်

တိုင်းအစိုးရအဖွဲ့ - ၃၆.၇၉၈ ဘီလျံ
ဥပဒေရုံးများ - ၄၆၄.၉၈၇ သန်း
စာရင်းရုံးများ - ၄၀ သန်း
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန - ၁၀.၅၃ သန်း
အထူးစုံစမ်းရေးဦးစီးဌာန - ၂ သန်း
မြန်မာ့ရုပ်ရှင်လုပ်ငန်း - ၁ သန်း
အသေးစားစက်မှု၊ လက်မှုလုပ်ငန်းဦးစီးဌာန - ၂.၈ သန်း
ရေအရင်းအမြစ်အသုံးချရေးဦးစီးဌာန - ၀.၆၅ သန်း
စိုက်ပျိုးရေးဦးစီးဌာန - ၈.၂၉ သန်း
ငါးလုပ်ငန်းဦးစီးဌာန - ၃၂.၈၈ သန်း
သစ်တောဦးစီးဌာန - ၆၂.၆၄၄ သန်း
ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန - ၁၀၆ သန်း
အားကစားနှင့်ကာယပညာဦးစီးဌာန - ရ၀၀ သန်း
မြန်မာ့ဆားနှင့် အဏ္ဍဝါဓာတုဗေဒပစ္စည်း
ထုတ်လုပ်ရောင်းဝယ်ရေးလုပ်ငန်း - ၁.၇၂၃ သန်း
ရသုံးခန့်မှန်းခြေဦးစီးဌာန - ၂၇.၅၇၈ သန်း