အစိုးရနှင့် KIA တို့ စစ်ရေးအခြေအနေ တင်းမာဆဲ

အစိုးရနှင့် KIA တို့ စစ်ရေးအခြေအနေ တင်းမာဆဲ
by -
မဇ္ဈိမ

ဗန်းမော်ခရိုင် မန်စီမြို့နယ်အတွင်း အစိုးရ၏စစ်တပ် ဒေသခံရွာသားများအား ဖမ်းဆီးမှုများရှိနေပြီး ကချင်လွတ်လပ်ရေး တပ်မတော် KIA နှင့် စစ်ရေးအခြေအနေ ဆက်လက်တင်းမာနေဆဲဟု တပ်မဟာ(၃) တပ် ရင်းမှူး ဒုတိယဗိုလ်မှူး ဂျွန်းအောင်က ပြောသည်။

အောက်တိုဘာ၂၃ ရက်က တိုက်ပွဲဖြစ်ပွားခဲ့သော စဂနမ်ခွမ်ဒေသ အနီးတစ်ဝိုက်တွင် KIAတပ်မဟာ(၃) လက်အောက်ခံတပ်ရင်း ၁၂ တပ်ဖွဲ့များနှင့် ထိုမှ လေးမိုင်ခန့် အကွာအဝေးတွင် အင်အား ၃၀၀ ခန့်ရှိ အစိုးရ ၏ စစ်ကြောင်းများ နေရာယူထားသဖြင့် နှစ်ဖက် တင်းမာနေကြခြင်း ဖြစ်သည်။

“ဒီနေ့တော့ စောင့်ကြည့်နေတယ်။ သူတို့ဘက်ကလှုပ်ရှားလာရင်တော့ တိုက်ပွဲဖြစ်မယ်။ ခုတော့ နှစ်ဖက်လုံး ဘယ်သူမှ မဆုတ်ဘူး။ ထပ်တိုးလာတာလဲ မရှိသေးဘူး။ သူတို့က သုံးမိုင် လေးမိုင်လောက် ဝေးတဲ့ နေရာမှာ ရှိနေတယ်။ သူတို့စစ်ကြောင်းက တပ်ရင်း နှစ်ခုလောက် ရှိတယ်”ဟု ဒု-ဗိုလ်မှူးဂျွန်းအောင်က ပြောသည်။

ကချင်ပြည်နယ် ဗန်းမော်ခရိုင်မှ ရှမ်းပြည်နယ် မြောက်ပိုင်း မဘိန်းမြို့နယ်သို့ သွားသော အောက်ချောင်း မိုးမိတ် ကားလမ်း ကြည့်ရှုမည်ဆိုသော ခေါင်းစဉ်ဖြင့် အစိုးရစစ်ကြောင်းများ ရောက်ရှိလာခြင်း ဖြစ်သော် လည်း ယနေ့ထိ လှုပ်ရှားနေသဖြင့် နယ်မြေစိုးမိုးရေး လုပ်နေခြင်း ဖြစ်သည်ဟုမဇိ်္စျမက ုိ ပြောဆိုခဲ့သည်။

“အစတော့ အရင် အပစ်အခတ်မရပ်စဲခင်က မသွားတော့တဲ့ ကားလမ်းပြင်မယ်ဆိုပြီး အထက်ကို ခွင့်တောင်း တယ်။ လိုက်ကြည့်တယ်ဆိုပြီး စစ်ကြောင်းတွေ ရောက်လာတာ။ အခု ကားလမ်းတွေ ကြည့်ပြီးရင်လည်း စစ်တပ်က ရှိနေ တယ်။ ကျွန်တော်တို့နဲ့ အနီးတစ်ဝိုက်မှာရှိတဲ့ ရွာတွေမှာ သူတို့ စစ်တပ်တွေဘဲ နေရာယူထားတယ်” ဟု သူက ပြောသည်။

ယင်းအပြင် မုန်းဒိန်ပါ၊ အောင်ဂျာနှင့် မခေါ်ယန်ကျေးရွာများမှ ဒေသခံရွာသား အမျိုးသား ၁၁ ဦးကို အစိုးရ၏ စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားရာမှ ယနေ့ထိ မည်သည့်နေရာတွင် ဖမ်းဆီးထားသည်ကို မသိရ သေးကြောင်း သူက မဇိ်္စျမကို ပြောသည်။

“ရွာတွေ တောင်ယာတွေမှာရှိနေတဲ့ ဒေသခံအမျိုးသားတွေကို တွေ့ရင် ဖမ်းဆီးသွားတယ်။ အခု အနည်းဆုံး ၁၁ ဦး ဖမ်းသွားတယ်။ အခု ဘယ်ကိုခေါ်သွားလဲ မသိတော့ဘူး။ ပြန်လွတ်လာတဲ့လူ မရှိသေးဘူး။ ရွာသားတွေကို အပြင် မထွက်ခိုင်းဘူး။ ဖုန်းတွေပိတ်ခိုင်းတော့ သတင်းမှမရတော့ဘူး”ဟု သူက ပြောသည်။

အစိုးရစစ်ကြောင်းများမှာ ယမန်နေ့ ၁ နာရီမှာ မုန်းဒိန်ပါကျေးရွာသို့ ရောက်ရှိလာသဖြင့် ရွာသားများ အနည်းဆုံး ၄၀၀ ကျော် ကြားရှိပြီး ၎င်းတို့ကို ဘုရားကျောင်းဝင်းတွင် ခိုလှုံနေပြီး ထိုရွာသားများအား ထွက်ခွင့်မရကြောင်း သိရသည်။

လက်ရှိ KIA တပ်ရင်း ၁၂ နယ်မြေအနီးတစ်ဝိုက် အစိုးရ၏ စကခ ၂၁ လက်အောက်ခံတပ်များ၊ တပ်မ ၉၉ တပ်ရင်း များ၊ စစ်ဗျူဟာအနည်းဆုံး ၄ ခု နေရာယူ လှုပ်ရှားနေကာ အောက်တိုဘာ ၂၃ ရက်က ဖြစ်ပွားခဲ့ သော တိုက်ပွဲတွင် KIA ဘက်မှ သုံးဦး ထိခိုက်ဒဏ်ရာရပြီး အစိုးရဘက်မှ အနည်းဆုံး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရသည်ဟု သိရသည်ဟု ဒု-ဗိုလ်မှူးဂျွန်းအောင်က ပြောသည်။

မုန်းဒိန်ပါကျေးရွာနှင့် နမ်လင်းပါကျေးရွာအတွင်း ဒုက္ခသည် ၁၀၀၀ ကျော် ခိုလှုံနေပြီး ဒုက္ခသည်များ စားဝတ်နေရေး အတွက် အခက်အခဲ ဖြစ်လာနိုင်ဖွယ်ရှိသည်ဟု သူက ဆိုသည်။

Most read this week