ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့်အမြင်မတူသည့် လူမျိုးနွယ်စုနှစ်ခုအကြား အမြင်လွဲမှားဖွယ်ရှိသည့် သတင်း အချက်အလက်များကြောင့် ပဋိပက္ခများတိုးပွားလာနိုင်ပြီး ပဋိပက္ခများကို ဖြေရှင်းရာတွင် ွင့်လင်းမြင်သာမှုရှိရန် ရခိုင်ပြည်နယ်သို့ရောက်ရှိနေသည့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ်္ဂိုလ် မစ္စတာဗီဂျေးနမ်ဗီးယားက သတိပေး တိုက်တွန်းလိုက်သည်။
ကုလအကြံပေးပုဂ်္ဂိုလ်သည် စက်တင်ဘာ ၁ ရက်နံနက်ပိုင်းက ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ရောက်ရှိလာပြီး၊ ပြည်နယ် အစိုးရရုံး၌ အစိုးရအဖွဲ့ဝင်များနှင့် တွေ့ဆုံစဉ် ပြောကြားလိုက်ခြင်း ဖြစ်သည်။
လက်ရှိပဋိပက္ခများကို အလွန်စိုးရိမ်ကြောင်းဆိုလိုက်ပြီး ဆက်သွယ်ရေးနည်းပညာများ ကောင်းမွန်လာမှုနှင့် အတူ အမြင်လွဲမှားနိုင်သည့် သတင်းအချက်အလက်များကြောင့် မလိုလားအပ်သည့် ပဋိပက္ခများ တိုးပွားလာနိုင် ခြင်းကြောင့် အစိုးရအနေဖြင့် ပွင့်လင်းမြင်သာမှုရှိရန် တိုက်တွန်းသည်ဟုလည်း မစ္စတာနမ်ဗီးယားက ပြောသည်။
ထို့ပြင် မြန်မာအစိုးရအနေဖြင့် မိမိတို့၏ လုပ်ဆောင်ချက်များကို ကုလသမဂ္ဂ အထွေထွေညီလာခံတွင် အသေးစိတ် ရှင်းလင်းမည်ဟု မျှော်လင့်ပြီး၊ တရားဥပဒေစိုးမိုးရေးအတွက် အောက်ခြေလာဘ်စားမှုများကို အထူးသတိထားရန် လည်း သူက အကြံပြု တိုက်တွန်းခဲ့သည်။
ပြည်နယ်အစိုးရရုံးတွေ့ဆုံပွဲတွင် ကုလအကြံပေးပုဂ်္ဂိုလ်နှင့်အတူ ပါလာသူနိုင်ငံသား စိစစ်ရေးလုပ်ငန်း ကော်မတီ ဥက္ကဋ္ဌဖြစ်သူ ပြည်ထောင်စုဝန်ကြီးဦးခင်ရီက ရခိုင်ပြည်နယ်အတွင်း လူဦးရေ စာရင်းကောက် ယူခြင်းနှင့် ပြန်လည်နေရာချထားရေးတွင် အခက်အခဲများကို ဆွေးနွေးတင်ပြခဲ့သည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင်ကလည်း ရခိုုင်ပြည်နယ်အတွင်း အခြေအနေများကို တင်ပြရာတွင် “ရခိုင်တိုင်းရင်းသားတွေက ဘင်္ဂါလီတွေကို ပိတ်ထားတယ်ဆိုတာ မဟုတ်ပါဘူး။ ရခိုင်တွေက သူတို့ကို အစားအသောက်တွေသွားပြီး ရောင်းချနေကြတယ်။ သူတို့ဆီကလည်း ငါးတွေ ပြန်ဝယ်လာတယ်။ နှစ်ဖက် လူမျိုးစုတွေ အခုဆိုရင်အရင်ထက် ရင်းနှီးမှုရနေကြပါပြီ” ဟု ရှင်းလင်းသည်။
စက်တင်ဘာ ၁ ရက်နေ့လယ်ပိုင်းတွင် မစ္စတာနမ်ဗီးယားသည် မောင်တောမြို့နယ် အလယ်သံကျော် ရခိုင်ဒုက္ခသည် စခန်းနှင့် ပေါက်တောမြို့နယ်၊ ကြယ်နီပြင်ဘင်္ဂါလီ ဒုက္ခသည်စခန်းများသို့ ရဟတ်ယာဉ်ဖြင့် သွားရောက်ခဲ့ပြီး၊ ညနေပိုင်း၌ စစ်တွေမြို့နယ် ဘောဒူဖအပါအဝင် ဘင်္ဂါလီဒုက္ခသည်စခန်းများသို့ သွားရောက် လေ့လာခဲ့သည်။
ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ်္ဂိုလ်သည် စက်တင်ဘာလ ၂ ရက်နံနက်ပိုင်းတွင် သံတွဲမြို့သို့ သွားရောက်မည်ဖြစ်ပြီး၊ နေ့လည်ပိုင်းတွင် ရခိုင်ပြည်နယ်မှ ပြန်လည်ထွက် ခွာမည် ဖြစ်သည်။